Pages

Thursday, May 15, 2008

ဘုရားသခင် သင်.ကို မယုံကြည်တော.ပါ





ဘုရားသခင်
သင် ဘယ်ရောက် နေခဲ.လဲ...
ဒီမှာ အလောင်းတွေ ပြန်.ကြဲ
နူရာ ဝဲစွဲခံရတဲ.
ဘဝတွေ ဖရိုဖရဲ
အဖတ်ဆယ် လို.ကို မရတော့ဘူး .......

ဘုရားသခင်
သင် ကော်ဖီဆိုင် ထိုင်နေတာလား
လ္ဘက်ရည် ခွက်ထဲက မုန်တိုင်းထက်
အပြင်က မုန်တိုင်းက ပိုပြင်းတယ်






ဘုရားသခင်
ဒါသင်ရဲ. နောက်ဆုံးတရား စီရင်ခြင်းလား
မတရားမှု ကို အနိုင်မယူ
သင်ဟာ ပျက်ကွက်သူ ဖြစ်တယ် ...။





ဘုရား သခင်
သင်ကိုယ်တိုင် ဗီဇာစောင်.နေရတာလား
ဒီနေ. ကယ်ဆယ်ရေး စခန်းတွေကို
အော.ဝဇ်လို. အမည်ပြောင်းလိုက်တယ်






ဘုရားသခင်
လမ်းကြုံရင် ဈေးထဲက
ကယ်ဆယ်ရေး ရိက္ခာထုပ် လက်ဆောင်ဝယ်ခဲ.ပါ
ကမ္ဘာကြီးရှိခဲ. တယ်ဆိုတဲ. အကြောင်း
ဒီမှာ သက်သေပြချင်လို. .....။

ဘုရားသခင်
သင်ဟာ ဆွံအ နေသူလား
ရင်သွေးပေါင်းများစွာက
အမေရေ လို. ဟစ်အော်ကြတယ် ......။

ဘုရားသခင်
သင်ကြားပြီးပြီလား
အဆင်ပြေသွားမှာပါ
ဆိုတဲ. စကားက
အစိမ်းရောင် ဝတ်သူ တွေကြားမှာ
ရေပန်းစားနေတယ် ......။

ဘုရားသခင်
သင် သတင်းတွေ
ဖတ်လိုက်သေးလား
ဒီမှာ မျှော်လင်.ခြင်းတွေ
ခိုးဝှက်ခြင်း ခံလိုက်ရတယ် .....။

ဘုရားသခင်
သင်သိပြီးပြီလား
အလောင်းပုံ တွေ ဘေးမှာထားပြီး
ဖဲသုံးချပ် သမားတွေ
လိမ်ကစား ခဲ.ကြတယ်...။

ဘုရားသခင်
သင်.ကို သတင်းပို.လိုက်တယ်
ကိုယ် အလောင်းကိုယ်ပိုက်
ငါတို. ပြန်ပေးဆွဲ ခံလိုက်ရတယ်...။

ဘုရားသခင်

ထိုနေ.မှ စ၍

သင်.ကို မယုံကြည်တော.ပါ .....။

Monday, May 12, 2008

ဧရာဝတီတိုင်း ဘိုကလေးမြို့ ရှိ လေဘေး ကယ်ဆယ်ရေး စခန်းများနှင်. ဒုက္ခသည်များ စာရင်း









မြန်မာပြည် အခြေစိုက် ဘလော.ဂါများ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ကူညီလှုဒါန်း မှုများ နှင်. ဘိုကလေး မြို.နယ် အတွင်းရှိ လေဘေးသင်.ဒုက္ခသည် များ နှင်. ဘုန်းတော်ကြီး ကျောင်း များကို ဘလော.ဂါများ ပြုစုထား
သော စာရင်းများဖြစ်ပါသည် ။ အဝေးရောက် မျိုးချစ် ရွှေမြန်မာများနှင်. ပြည်ပ အခြေစိုက် ဘလော.ဂါ များ အနေဖြင်. တိုက်ရိုက်ဖြစ် စေ ၊ ရန်ကုန် အခြေစိုက် ဘလော.ဂါများ မှဖြစ်စေ ပူးပေါင်း ပါဝင် ကူညီ လှုဒါန်း နိုင်ရန် တင်ပြအပ်ပါသည်။