Pages

Sunday, July 20, 2008

အတင်းပြော တတ်သူများ


ဝေါကနဲ အန်ချလိုက်တယ်...
အာရုံ နောက်ကျိလွန်းလို့
အရေ မရ ၊ အဖတ် မရ
စကားလုံးတွေ ထောင်းလမောင်း ထလို့
ပြောမပြီး ၊ ဆိုမပြီး
နားတွေလဲ ငြီးလာပြီ.....။

ဘယ်တုန်းက ဘာဖြစ်တာ
အဲ့ဒီမှာ..ငါက..ဘာပေါ့
ဘယ်သူတွေ ၊ ဘာမှ မလုပ်ခင်
ငါက အရင် ဘာလုပ် ခဲ့တယ်ပေါ့
ငါ့ထက် ကောင်းတဲ့သူတောင်
ငါ့လောက် ကောင်းတော့မှာ မဟုတ်လို့
ဘယ်ဘဝမှာ ဖြစ်ဖြစ်
ငါက ၊ငါပဲ ဆက်ဖြစ်နေမှာလေ....။


ဝေဒ ၃ ပုံ ကို အာဂုံ ဆောင်နိုင်ခဲ့သူ
ပလေတို ရဲ့ ကြက်တူရွေး လို
လေပြင်းများ တိုက်ခတ် နိုင်သူ
ဇတ်တော်ထဲက ပရဗိုဇ် ကြီးလို
ခါးပတ် ကြီးကြီးကို ဝမ်းမှာပတ်
ဗိုက်ပေါက် ထွက်မှာ ကြောက်နေတတ်သူ.....။

ကန်နာဗာရိုး စတိုင်ထုတ်...
စကားလုံး တွေ နဲ့ အလုပ်ရှုပ် နေလိုက်တာ.......။

ငါတို့ အသင်း ဂိုးသွင်း ခံနေရတာ
နှစ်ပေါင်း ၂၀ ကျော် ကြာပြီ..........။

မောင်ဖုန်းမြင့်



4 comments:

  1. ကန်နာဗာရိုး စတိုင်ထုတ်...
    စကားလုံး တွေ နဲ့ အလုပ်ရှုပ် နေလိုက်တာ.......။

    ငါတို့ အသင်း ဂိုးသွင်း ခံနေရတာ
    နှစ်ပေါင်း ၂၀ ကျော် ကြာပြီ..........။

    အနှစ်၂၀ကျော်တောင် ကြာခဲ့ပီလားကလေးရယ်
း)

    ReplyDelete
  2. ဒေါင်းကွင်းမှာ တင်ပါရစေခင်ဗျ။ ခွင့်ပြုပါ။

    ReplyDelete
  3. ကဗျာလေး ကောင်းတယ်ဗျာ။ ဘလော့ကို အခုမှ သိတယ်။ ဖတ်စရာတွေ အများကြီးပဲဗျာ။ လာဖတ်ဦးမယ်။

    ReplyDelete
  4. နှစ်ပေါင်း ၂၀ ကျော် ဂိုးသွင်းခံနေရတဲ့
    အကြောင်း... ပိုပီပြင်အောင်
    နောက်တစ်ပိုဒ်လောက် ထပ်ဖြည့်ရင်
    ကဗျာက ဒိထက်ပိုပြီး အားကောင်းအသက်ဝင်
    လာနိုင်မယ်ထင်တယ်...
    (ကိုယ်သာ မရေးတတ်တာ ..
    ..သူများရေးတာဆို ဆရာလုပ်ချင်လွန်းလို့)

    ReplyDelete