Pages
Monday, September 8, 2008
မာယာပြပွဲ
အနက်ရှိုင်းဆုံး ဓါးတစ်ချောင်းနဲ့
ဘဝ တစ်ဆုံး
လက်ကုန်ထိုးချလိုက်တယ်
ကြီးကြီး ကျယ်ကျယ် ပြောပြီး
အိပ်မက်ဟောင်း တစ်ခုကို
ဖုန်ခါ ၊ပေါ်လစ်သုတ်
အစွံ ထုတ်ချင်တဲ့
အရောင်း ဈေးသည်လို
အတွေးအခေါ်မျိုးနဲ့ ကောင်
လူစည်ပြီ ဆိုရင်
ဘင်ကလေး ထုတ်တီးပြီး
ပခြုပ်ထဲ က အဆိပ်မရှိတဲ့မြွေကို
အလမ္မယ်ပြ
ငါကွ လို့ကြွေးကြော် တတ်တဲ့ကောင်
မင်းတို့ နင်းဘို့ လမ်းကို
ငါ့နှလုံးသားနဲ့ ခင်းထားပါတယ်တဲ့
အစရှိတဲ့
စကားလုံး တွေနဲ့ကစား
ဘုရားတောင်
မှန်မှန် မရှိခိုးတတ်တဲ့ကောင်
မရဲပဲ နဲ့ ကျွဲပြဲကလဲ စီးချင်သေး
ကံဇာတာ ဂြိုဟ် မစီးပဲနဲ့တောင်
ကိုယ် အမြီးကို လန့်ပြီးခုန် နေတတ်တဲ့ကောင်
ချစ်သော မိတ်ဆွေများ ခင်ဗျာ
ကမ္ဘာ မြေကြီးက သီးပွင့်သမျှအထဲ
ပဒိုင်းသီး တွေလဲ ပါခဲ့တာပဲ
မောင်ဖုန်းမြင့် ကိုယ်တိုင်ကလဲ
ပဒိုင်းသီးခပ်ကြီးကြီးတစ်လုံးဖြစ်တယ်
ရွေးချယ်မှုမှန်ကန်ဘို့ဆိုတာ
တံခါးတွေကို တွန်းဖွင့်ပစ်လိုက်ရုံပါပဲ
အထက်မြက်ဆုံး ဓါးတစ်ချောင်းဖြစ်ဖို့
သင်ကိုယ်တိုင်သွေးဖို့လိုတယ်
ဓါးသွားပေါ်က
ပျားရည်စက်တွေကိုတော့
မတပ်မက်မိ လိုက်စေနဲ့
မောင်ဖုန်းမြင့်
8 comments:
  1. "ချစ်သော မိတ်ဆွေများ ခင်ဗျာ
    ကမ္ဘာ မြေကြီးက သီးပွင့်သမျှအထဲ
    ပဒိုင်းသီး တွေလဲ ပါခဲ့တာပဲ"
    ပဒိုင်းသီး ခပ်ကြီးကြီး တစ်လုံးကို စားမကြည့်ပေမယ့် ဆုပ်တော့ ကြည့်သွားတယ်။
    ကဗျာက မိုက်တယ်။
    ReplyDelete
  2. ကွန်မန့်အတွက် ..ကျေးဇူးတင်ပါတယ်
    မပန်ရေ...။
    ReplyDelete
  3. ဒေါင်းကွင်းမှာ တင်ချင်လို့ ကူးယူပါရစေခင်ဗျာ။
    ReplyDelete
  4. ကြီးကြီး ကျယ်ကျယ် ပြောပြီး
    အိပ်မက်ဟောင်း တစ်ခုကို
    ဖုန်ခါ ၊ပေါ်လစ်သုတ်
    အစွံ ထုတ်ချင်တဲ့
    အရောင်း ဈေးသည်လို
    အတွေးအခေါ်မျိုးနဲ့ ကောင်
    လူစည်ပြီ ဆိုရင်
    ဘင်ကလေး ထုတ်တီးပြီး
    ပခြုပ်ထဲ က အဆိပ်မရှိတဲ့မြွေကို
    အလမ္မယ်ပြ
    ငါကွ လို့ကြွေးကြော် တတ်တဲ့ကောင်
    မင်းတို့ နင်းဘို့ လမ်းကို
    ငါ့နှလုံးသားနဲ့ ခင်းထားပါတယ်တဲ့
    အစရှိတဲ့
    စကားလုံး တွေနဲ့ကစား
    ဘုရားတောင်
    မှန်မှန် မရှိခိုးတတ်တဲ့ကောင်........../
    တူနေပြီ အဲဒီ့မှာ.....။း)
    ReplyDelete
  5. ပဒိုင်းသီးချင်း အကြီးပြိုင်ရအောင်လေ ညီလေး
    ReplyDelete
  6. မြို့လေးရဲ့ အထက ကျောင်းတော်မှာ...
    အစိမ်းရောင် နန်းဝတ်နန်းစားနဲ့...
    ဆရာ .. ဆရာမ တွေ ၈ နာရီကျော်လောက် ခါးတောင့်အောင် စောင့်ပြီးတဲ့ ညနေခင်း တစ်ခုမှာ...
    အလွတ်ကျက်ချိန်မရလို့ စာရွက်ကြည့်ချွေ ရတဲ့
    သြ၀ါဒ အပြီး သစ်ပင်စိုက် စ ကြမလို့ လုပ်တုန်း..
    Mic phone က အောက်ပြုတ်ကျဆိုပဲ..
    ... ဘုန်း....ကနဲ အသံကြီး ..Sound box ထဲက
    ရုတ်တရက်ထွက်လာတော့... (အခန်းကလုံတယ်)
    ထခုန်ကြသတဲ့....
    မင်း.. ကဗျာလေး ပြေးမြင်မိပေါ့...
    ....မရဲပဲ နဲ့ ကျွဲပြဲကလဲ စီးချင်သေး
    ကံဇာတာ ဂြိုဟ် မစီးပဲနဲ့တောင်
    ကိုယ် အမြီးကို လန့်ပြီးခုန် နေတတ်တဲ့ကောင်...။
    ကဗျာကောင်းလေးတွေ ဆက်ရေးပါအုံး....
    ReplyDelete
  7. ကဗျာကကောင်းလိုက်တာ....
    ReplyDelete
  8. ဒေါင်းကွင်းမှာ တင်နိုင်ပါတယ်ခင်ဗျာ ၊
    မှုးဒါရီ ၊ ကိုအောင်သာငယ် ၊ မမ ၊ မနော်ဟရီ
    ကွန်မန့်ထားပြီး အားဆေးတိုက်သွားတဲ့အတွက် ကျေးဇူးပါ...။
    ReplyDelete