Pages

Wednesday, November 12, 2008

စိတ်ကျ ဖျော်ရည်များ

စိတ်ကျ ခြင်းတွေကို အရည်ဖျော်သောက်လိုက်
အမှန် ဆိုတာ အခါးအသီးဆုံး အရာပဲ ..။



ဆော့ကရေးတီး ..ခင်ဗျာ...
၂ ပက်လောက်နဲ့ မရတော့ပါ
ခွက်လျှံအောင် လောင်းထဲ့
တစ်ခွက်ပြီးတစ်ခွက်မော့မယ်


အရင်လို လမ်းအိုလိုက်
စကားပုံ ကြိုက်သူတွေ အတွက်ကောင်းတယ်..။


ဟိန်းလိုက် ၊ဖိန်းလိုက်
တိမ်းလိုက် ၊ ယိမ်းလိုက်နဲ့
ရှိန်းဆာယာ ကိုယ်မပျောက်တဲ့
သင်္ကြန် အမြောက်တွေသာများလာခဲ့ .....။


ဥုံခံပြီး မန်းမှုတ် ၊ နှစ်ပေါင်း ၂၀ ကြာလည်း
ဒီကျောက်ရုပ်က တုပ်တုပ်တောင် မလှုပ်ဘူး



လူအစစ်တွေက ဂူထဲမှာ
လူအတုတွေက ....ကောင်းကင်နိုင်ငံတော်မှာ.....
စိတ်ပျက်ခြင်းတွေကို
ချွန်းမအုပ်နိုင်တော့ဘူး..............။



ဒိုင်ယာရီ တစ်အုပ်ဟာ
သူ့ကိုယ်သူ ချိတ်ပိတ်၊
သော့ခတ် အိပ်နေလိုက်တော့တယ်...။


နှုတ်ဆက်..စာတမ်းမှာ.......
နှစ်ပေါင်း ၂၀၀ ကြာရင် နှိုးပါတဲ့.......။


မောင်ဖုန်းမြင့်










7 comments:

  1. အကို လာသောက်သွားတယ် ညီလေးရေ့...

    ReplyDelete
  2. အကိုလည်း တိတ်တိတ်လေး ခိုးသောက်သွား
    ပါတယ်။

    ReplyDelete
  3. ဟင်..သူတို့ နှစ်ယောက် ကဦးသွားတော့
    ကိုယ့်အတွက် ကျန်တော့ဖူးကွာ

    ReplyDelete
  4. သားထူး -

    ချစ်ညီကြီးဖို့ အကို ချန်ခဲ့ပါတယ်။ အများဆုံး သောက်သွားတာ ကိုအောင် ဟ...

    ဒါမှ မဟုတ် ကိုဖုန်းကို ထပ်ဖျော်ခိုင်းကွာ -
    သူ့မှာ ဖျော်ရည်တွေ အများကြီး ရှိပုံပဲ ...

    ကိုဖုန်းရေ့ -

    ငါ့ ကောင်ကြီးဖို့ ထပ် ဖျော်ပေးလိုက်ပါကွာ ...
    ကြည့်ရတာ အတော် စိတ်ကျချင်နေပုံရ၏....

    ReplyDelete
  5. ညီ့ရဲ့ဖျော်ရည်တွေ ကို လူသား သန်းငါးဆယ်ကျော် လောက် ဝိုင်းကူ သောက်နေကြပါတယ် သင်္ကြန်အမြှောက်တွေ ကြောင့် အသံကြောင့် ဖားသေ နေတာတွေ လဲ အများကြီးပဲ ကွာ...။

    ReplyDelete
  6. နေ့တိုင်းသောက်နေရတဲ့ဖျော်ရည်ပဲ

    ReplyDelete
  7. ကောင်းတယ်လို့ ပြောရမှာတောင် အားနာတယ်..ဒါပေမယ့် လွှတ် ကောင်းတယ်ဗျာ..။
    ဖျော်ရည်ပြောတာ ဟုတ်ဖူးနော်... အဲဒါတွေ ဒို့ မလုပ်.. ဟီး ဟီး :D

    ReplyDelete