Pages

Sunday, March 15, 2009

မေ့လျော့နေတဲ့ နေ့



နေ့ရက်များစွာထဲက
နေ့ဟောင်းတစ်ခုသာ ဖြစ်တယ် ......။

သေခြင်းနဲ့ရှင်ခြင်းကြားက
ခပ်ပါးပါးကြိုး မျှင်မျှင်လေးဟာ
တဖြည်းဖြည်း သာ ထူထပ်လာခဲ့ပေါ့
လူကိုယ်တိုင်ကတော့
အထူအပါး နားမလည်သေးဘူး .........။

အပြောင်းအလဲ လိုချင်ရင်
ဗလောင်းဗလဲသာ များများလုပ်
ဟုတ်ပြီလားကိုယ့်လူ.... ...။


ဒါနဲ့ပဲ ...
တက်ကျမ်း တစ်အုပ်ဖတ်တယ်
ပွဲစားတန်းသွားပြီး လေပတ်ကားရိုက်တယ်
လေချွန် ၊ လမ်းလျှောက် ၊ စီးကရက်သောက်တယ်
ခြေခင်းလက်ခင်းသာရင် ဘီယာဘားမှာထိုင်မယ်
လောကဓံ ရှစ်ပါးနဲ့ ထမင်းလက်ဆုံစားတယ်
အကောင်းစား ဂူချီ အိတ်ထဲမှာ
အမေမှာခဲ့တဲ့ စကားတွေ အကျအန ဖြန့်ချထားတယ်
ပြီးတော့ ဆံပင်ရှည်ရှည် ထားလိုက်တယ် .....။

ကြောင်တစ်ကောင်
အညောင်းဆန့်သလို
ပြီးခဲ့တဲ့ လမ်းတစ်လျှောက်ကို
ကျောဆန့်ကာပြန်အကြည့်...
အလို.......
ချစ်ခြင်းတွေအထပ်ထပ်နဲ့
လူ့သက်တမ်း ထက်ဝက်ခြမ်းမှာ
ရန်သူ မှတ်တမ်း
နှစ်ထပ်ကွမ်း ကျော်ကျော် မြတ်တယ်...




ဖုန်းမြင့်


(မတ်လ ၆ ရက်နေ့က ကျရောက်တဲ့ မွေးနေ့အထိမ်းအမှတ် ကဗျာလေးပါ .... ဘာနေ့တွေ ၊ ညာနေ့တွေ
ဘာအမှတ်တရတွေ ၊ ညာ အမှတ်တရ တွေ မလုပ်ချင်တာနဲ့ပဲ ခုမှ တင်ဖြစ်တာပါ ...။ )




4 comments:

  1. ချစ်ခြင်းတွေအထပ်ထပ်နဲ့
    လူ့သက်တမ်း ထက်ဝက်ခြမ်းမှာ
    ရန်သူ မှတ်တမ်း
    နှစ်ထပ်ကွမ်း ကျော်ကျော် မြတ်တယ်...။

    နောက်ကျနေလည်း. Happy birthday ပြောမှာပဲ။ ]happy birthday![ ^-^

    ReplyDelete
  2. ၅၀နှစ်မြောက်မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေဗျာ။ ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  3. အင်း..ကလူသစ် လက်ချက်နဲ့မှ ပဲ.. လူလဲ တစ်ခါထဲ ရွှေ ရတု တန်းဖြစ်တော့တာပဲ ..း) ..ကျေးဇူးဗျာ...


    မှုးဒါရီရေ... ကျေးဇူးဗျို့

    ReplyDelete
  4. ၇၀ မြောက်မွေးနေ့ကလည်း နောက်ကျလှချည်လား... ဘာပဲဖြစ်ဖြစ် မွေးနေ့မှတ်တမ်းကတော့ ဇာတ်လမ်းတပုဒ်ကို ပြောပြနေတာပဲ...
    Happy Birthday!!!

    ReplyDelete