Pages

Saturday, July 4, 2009

ချစ်သူ့ကမ်းခြေ





ချစ်သူ့ကမ်းခြေ


မင်းရှိရာသောင်ကမ်းကို
တလိမ့်ချင်းလာနေရတဲ့
လှိုင်းကလေးပါ


ပင်လယ်ကဗွီးပင်တွေလို
မင်းရယ်သံလွင်လွင်နဲ့လှပနေခဲ့


မိုးသားတောအုပ်ပြာပြာထဲ
အမှတ်မဲ့ ရေးခြစ်ခဲ့မင်းနာမည် .....



မုန်တိုင်းမကျခင်
ပင်လယ် ရင်ခွင်မှာလူးလိမ့်

မင်းအရိပ်တစုံတရာကို
စင်ရော်တွေ အစာမျှော်သလို ငါမျှော်နေခဲ့တယ် .....။




မောင်ဖုန်းမြင့် (၀၂.၀၇.၂၀၀၉)

(ဓါတ်ပုံ - အင်တာနက်)

4 comments:

  1. အိန္ဒြာJuly 4, 2009 at 1:43 PM

    အင်း........

    အကြောင်းမသိရင်တော့ ကြွေလောက်တယ်...

    ReplyDelete
  2. လရဲ့ အပြာရောင်တေးသွားတွေ ကြားနေရပြီထင်တယ်

    ReplyDelete
  3. ဒီကဗျာလေး ချစ်ဖို့ ကောင်းတယ်ဗျာ..

    ReplyDelete
  4. မျှော်နေခဲ့တဲ့ အရာကို ဆုပ်ကိုင်နိင်ပါစေဗျာ
    ကဗျာကောင်းလေးတွေကို နှစ်သက်တဲ့ကျွန်တော် ဒီကဗျာလေးကို ကြိုက်ပါတယ်...
    ကျွန်တော်လည်း ချစ်သူ့ကမ်းခြေဆိုတဲ့ နာမည်နဲ့ကဗျာ တပုဒ်ရေးဖူးတယ်ဗျ...အဓိပ္ပါယ်ကောက်မလွဲစေချင်ဘူးနော် ဒါတိုက်ဆိုင်မှုပါ..

    ...ခင်မင်သောအားဖြင့်...

    ReplyDelete