
အပေါ်စီးက မိုးကြည့်နေရတဲ့ မြင်ကွင်းနဲ့
(အထက်စီးရနေတဲ့ မျက်နှာနဲ့ပေါ့လေ )
စကားလုံးတချို့ဖောက်ခွဲပြီး ဟစ်အော် နှုတ်ဆက်တယ်
"ဟဲလို" ကမ္ဘာမြေကြီး
"မင်္ဂလာ နံနက်ခင်းပါ " မိတ်ဆွေများ..
တကယ်ဆို
မျှော်စင်ပေါ်ရောက်နေတာ မဟုတ်ဘူး
စိတ်ကိုက
"တိမ်အုပ်" လိုလို "စိန်ထုပ်"လိုလို
"ဆင်"လိုလို "အချဉ်"လိုလို
ထင်ယောင်မှားနေမိတာ
ဒီလမ်းကသွားရင်
ဒီစခန်းရောက်မယ်
ဒီအခန်းထဲမှာ ဘာမှမရှိဘူး
နောက်ဆုံးတော့ စာတိုက်ပုံးလေးကိုပဲ
ပြန်ဖွင့်ရတာပဲ
ခြေဗလာ၊ လက်ဗလာနဲ့
လှုပ်ခါပြ တတ်တဲ့
စိတ်ကျပင်ပေါက်လေးရေ
မင်းလက်ညိုးကွေးလေးတွေ
နံနက်ခင်းဆီကို မဆန့်တန်းမိပါစေနဲ့
မင်းတို့တည်ခင်းမယ့်
ညစာစားပွဲကို
အပြင်းထန်ဆုံး
ငြင်းဆန်ခဲ့တယ်.....။
မောင်ဖုန်းမြင့်
ဘာလို့အပြင်းထန်ဆုံး ငြင်းဆန်လိုက်တာလဲ.. the last supper မို့လို့များလား.. !?!? :-?
ReplyDeleteဘာလို့အပြင်းထန်ဆုံး ငြင်းဆန်လိုက်တာလဲ.. the last supper မို့လို့များလား.. !?!? :-?
ReplyDelete