ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Pages
▼
Tuesday, August 4, 2009
မ mie nge ၏ ခုတလော
(ဘလော့တွေကို အစဉ်အမြဲ ဂရုတစိုက်ဖတ်လေ့ရှိပြီး ဘလော့ဂါတွေနဲ့ ဘလော့တွေအပေါ်အမြဲတန်း နားလည်မှုပေးတဲ့ ဘလော့ရီဒါ အစစ်ကြီး မ mie nge ကိုတဂ်လိုက်တာပါ ။ သူက ဘလော့မရှိရင် ရေးစရာမလိုဘူးလို့ ကြိတ်ပျော်နေတုန်း အလစ်အငိုက် တဂ်ခံလိုက်ရပါတယ် .. ကောင်းလေစွ ။ )
တွေးနေမိတာက
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ဗမာပြည်ရှိ ဒေသအသီးသီးမှာ နေထိုင်နေကြသော နိုင်ငံရေးအကျဉ်းသားများရဲ့  စားဝတ်နေရေးအခက်အခဲများ...
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မဖြစ်သင့်တာကို မလုပ်မိနိုင်အောင် မိမိကိုယ်မိမိ ဆုံးမခြင်း
ကျန်းမာရေး
နှာစေးချောင်းဆိုးတောင်ဖြစ်ခဲပါတယ်..ဒါပေမယ့် အခုတလော ကိုယ်ထဲက ကလီဇာတခု
ဘယ်အချိန်အနှောက်အယှက် ပေးလိမ့်ဦးမယ်မသိလို့ စိတ်ပူနေမိရဲ့ ...ကြီးကြီးမားမားတော့ မဟုတ်ပါဘူး
ဖတ်ဖြစ်တဲ့စာအုပ်တွေက
မရှိပါ...ဘလော့တချို့ က နှစ်သက်တဲ့ပို့စ်များသာဖတ်ဖြစ်နေပါတယ်...မေ့တော့မလို့...စာမေးပွဲတခုဖြေဖို့လို့ စာအုပ်တအုပ်မဖတ်ချင်ဘဲ ဖတ်နေရပါတယ်...
ရောက်နေဖြစ်တာက
ကိုအောင်သာငယ့်ဘလော့ဂ်နှင့် တချို့ ဘလော့ဂ်များ
ရေးဖြစ်နေတာက
ဘလော့ဂ်မှာရှိတဲ့ စီဘောက်နဲ့ ကွန်မန့်မှာ...
နားထောင်ဖြစ်နေတာက
ကိုအောင်သာငယ်ပြန်ဆိုထားတဲ့ နေရာဟောင်း..နေညိုချိန်အတွေး နှင့် အွန်လိုင်းရှိ ဗမာသီချင်းများ..အပြင်..keith urban ရဲ့ 
somebody like you
you're my better half
once in a life time
memories of us
who wouldn't want to be me
ရွတ်နေမိတဲ့ကဗျာက
မရှိပါ..သီချင်းကိုပိုနှစ်သက်လို့
သီချင်းတွေဘဲလိုက်ဆိုမိနေရဲ့
ဖြစ်ချင်နေတာက
နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်နိုင်အောင်
တကိုယ်တော်စွန့်စားစွမ်းဆောင်ပေးနိုင်သူတယောက်...
စားဖြစ်နေတတ်တာက
အဆင်ပြေသလိုချက်စားဖြစ်နေသော စားစရာများနှင့် မိတ်ဆွေများကခေါ်ကျွေးသော အလှုစားစရာများ...
( ခြေလေးချောင်းသား မစားတတ်ပါ...ဘာသာရေးကြောင့် မဟုတ်ပါ...) ..။( မ mie nge)
အောက်ကတော့ ကိုယ့်ဘလော့ ကိုပိတ်ထားပြီး သူများကွန်မန့်နဲ့ စီဗုံးမှာ တဗြဲဗြဲနဲ့ အော်ဟစ်ပြီး အသလွတ် ဝင်ကြော်ငြာလေ့ ရှိတယ် မအယ်ဇီရဲ့ ကြော်ငြာပါ ..။း)
(ပိုက်ဆံရှိတယ်ဆိုပြီး အသားတွေ အစားတွေ နင်းကန်စားတာတွေ ကြောင့် ငတ်တဲ့သူတွေပိုငတ်ကုန်တာတဲ့။
အသားစားပါတဲ့။ fao က ပြောတာ။မအယ်လည်း ခြေလေးချောင်းသား မစားဘူးပြောလို့ ရတယ်။
အမဲမစား၊၀က် ကို ၀လာမှာ ကြောက်လို့ မစား။
ဆိတ်က ၀ယ်မရလို့ မစား။
သိုးက နံလို့ မစား။
ယုံတွေ ဘာတွေဆို ၀ိုင်းထဲမှာ စားတာမြင်ရင်ကို သနားလို့ ရင်တွေတုန်လာတယ်။ ကြားတောင် ကြားချင်ဘူး။)
မှတ်ချက် ။ ။ သူတို့ ၂ယောက်စလုံးလက်ရှိအိပ်နေသည့် ကုတင်များကို ခြေထောက်ဖြတ်ပစ်ရန် အမြန်ဆုံးလို အပ်နေပါသည် (ဖုန်းမြင့်) ။
သနားနေမိတာက
ဗမာပြည်မှာရှိတဲ့ မီးပျက်လို့စိတ်ညစ်နေရသူများ အင်တာနက်ကွန်နက်ရှင် မကောင်းလို့ စိတ်ရှုပ်နေရသူများ စားဝတ်နေရေးခက်ခဲနေရသူများ...
လွမ်းနေမိတာက
ဗမာပြည်မှာရှိစဉ်က ရောက်ဖူးခဲ့သောနေရာများနှင့် မိဘဆွေမျိုး သူငယ်ချင်းများ
မေ့လျော့ပစ်နေမိတာက
သက်ရှိများကိုတော့မမေ့တတ်ပါ...သင်ခဲ့ဖူးသောကျောင်းစာများကိုတော့မေ့တတ်ပ..
ခါးသက်နေမိတာက
အခြားသူများကို ညှင်းပန်းနှိပ်စက် ချိုးနှိမ်ပြီး မိမိအသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားသူများ
တမ်းတနေမိတာက
အနားမှာမရှိတဲ့ မိမိက ပြုစုခွင့်မရတဲ့ မိဘ နှစ်ပါး...
ကြိတ်ပြီးချီးကျူးနေမိတာက
မိမိထက် အသက်ကြီးသူ ငယ်သူ အတွေးကောင်း အရေးကောင်းတဲ့ ဘလော့ဂ်ဂါများ...
ကြိတ်ပြီးအထင်သေးနေမိတာက
ကျမနေထိုင်ရာကနေ ဗမာပြည်သို့ အလေးချိန်ဖြင့်၊ငွေကြေးဖြင့် လူကြုံသယ်တဲ့အခါ ပေါင်ချိန်ခိုးသောသူများ...( ကိုယ်တွေ့ကြုံရတာများပြီ..)
ဆန္ဒမရှိတဲ့နေရာ
မိဘများနှင့်ဝေးနေရတဲ့နေရာ
ဆန္ဒရှိနေတဲ့ကိစ္စ
ကမ္ဘာပေါ်ရှိ အစာရေစာငတ်မွတ်ခေါင်းပါးသော နေရာများရှိ သက်ရှိသက်မဲ့များကို အစာရေစာကျွေးခြင်း...
မုန်းတီးနေမိတာက
ကမ္ဘာပေါ်ရှိ စစ်အာဏာရှင်များအားလုံး...
စိတ်ပျက်နေမိတာက
တပါးသူများကို ထိထိရောက်ရောက် မကူညီ ပေးနိုင်တဲ့ မိမိကိုယ်ကိုယ်...
လိုအပ်နေတာက
အချိန်နဲ့ ငွေကြေး
စွဲလန်းနေမိတာက
အခုအချိန်မှာတော့ ဘလော့ဂ်လည်ဖတ်ခြင်း.
တောင်းနေမိတဲ့ဆု
အခုနောက်ပိုင်းတော့ မိမိအတွက် ဆုတောင်းခြင်းအမှုကို မပြုတော့ပါ..
သူများအတွက်တော့ တောင်းဖြစ်နေပါတယ် ...
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
မိမိစကားကို နားမထောင်တဲ့အခါ မိမိသမီးကို မအော်ချင်ဘဲနှင့် အော်မိခြင်း( အလုပ်များလို့စိတ်တိုနေတဲ့အချိန် )
ဝန်ခံချင်တာက
ဒီပို့စ်ရေးဖို့ တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်အား ပထမတော့ စိတ်ရှုပ်သွားပြီး နောက်တော့ ကိုယ့်ကို သတိတရရှိလို့ တဂ်တာဘဲလေဆိုပြီး ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်လို့ ၀န်ခံချင်ပါတယ်...
တခါမှမရေးဖူးလို့ အမှားပါရင်ခွင့်လွှတ်ပေးပါရန်..
တောင်းပန်အပ်ပါသည်...။
အခုလို ဗမာဖောင့်ရိုက်နိုင်အောင် အားပေးတဲ့
လေးစားချစ်ခင်ရသော ကိုအောင်သာငယ် နှင့် ဒီပို့စ်ဖြစ်အောင် တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်
တို့ကို ကျမကနေပြီး ကျေးဇူးအထူးတလည် တင်ရှိပါကြောင်း.. ။
mie nge
မီးငယ်လည်း ဘလော့ရေးဖို့ ကောင်းနေပြီ...း)
ReplyDeleteမီးငယ် အတွက်။
ReplyDeleteမီးငယ်ရေးတာ ဖတ်လို့ ကောင်းတယ်။
နိုင်ငံရေး အကျဉ်းသားေ
တွေကို ခဏခဏ အောက်မေ့ပါတယ်။
အစာရေစာ မ၀တဲ့သူတွေကို ခဏခဏ သတိရတယ်။
စားစရာကို ဘယ်တော့မှ လွှင့်မပစ်ဘူး။
အများကြီး မကုန်မခမ်းလည်း ၀ယ်လည်း မစားဘူး ချက်လည်း မစားဘူး။
ပိုက်ဆံရှိတယ်ဆိုပြီး အသားတွေ အစားတွေ နင်းကန်စားတာတွေ ကြောင့် ငတ်တဲ့သူတွေပိုငတ်ကုန်တာတဲ့။
အသားစားပါတဲ့။ fao က ပြောတာ။
မအယ်လည်း ခြေလေးခြောင်းသား မစားဘူးပြောလို့ ရတယ်။
အမဲမစား
ဝက် ကို ၀လာမှာ ကြောက်လို့ မစား။
ဆိတ်က ၀ယ်မရလို့ မစား။
သိုးက နံလို့ မစား။
ယုံတွေ ဘာတွေဆို ၀ိုင်းထဲမှာ စားတာမြင်ရင်ကို သနားလို့ ရင်တွေတုန်လာတယ်။ ကြားတောင် ကြားချင်ဘူး။
မအယ်
August 4, 2009 3:47 PM
အသား လျှော့စားပါ ရေးတာ မီးငယ်ရေ။
ReplyDeleteခုဘဲအိပ်ရာထပြီး ကိုယ်ရေးထားတာလေး ပြန်ဖတ်လိုက်ရတာ ကြည်နူးစရာကောင်း ပ နော်...
ReplyDeleteကိုယ့်လိုဘဲ တခြားဘလော့ဂ်ဂါတွေလည်း ဒီလိုဘဲခံစားရမှာဘဲလို့ တွေးနေမိရဲ့ ...
ကိုအောင်သာငယ်ရေ...ကျမမှာ အကိုတို့လို ဘလော့ရေးဖို့ အရည်အချင်းမရှိသေးလို့ မရေးပါရစေနဲ့လို့ဘဲ ပြောပါရစေ....အားပေးတဲ့အတွက် ကျေးဇူးပါ ၀မ်းသာပါတယ်...
ဖတ်လို့ကောင်းတယ်ပြောတဲ့ မအယ်ကိုလည်း ကျေးဇူး
တင်ပါတယ်...မအယ်ကိုတော့ မှီမယ်မထင်....
မအယ်...ကျမက အသားဆိုရင် အနည်းငယ်ဘဲ စားတတ်ပြီး ဟင်းသီးဟင်းရွက်စားရတာကို ပိုနှစ်သက်ပါတယ်...ဒါပေမယ့် အသားဟင်းမပါဘဲ
သက်သတ်လွတ်တော့ လုံးဝမစားတတ်ပါ...
အကြိုက်ဆုံးကတော့ ငါး ပါ... ၀က်သားစားဖို့ ဆယ်စုနှစ်
တခုစာ တိုက်တွန်းခဲ့တဲ့ ကျမအမျိုးသားကတောင် ကျမကို စိတ်လျော့ပြီး မပြောတော့ဘူးလေ...မစားတတ်တော့ အထူးတလည် ရှောင်စရာမလိုတော့ဘူးပေါ့...
မကုန်ဘဲနဲ့ မစားနိုင်တော့ဘဲနဲ့ အစာတွေလွှတ်ပစ်နေရတာကို ကျမလည်း မကြိုက်ပါ...
ပထမံ မောင်ဖုန်းမြင်....့ ကျမအတွက် မှတ်ချက်လည်း
ရေးမပေးတော့ဘူးလား...သူဘဲ ရေးခိုင်းပြီးတော့ ...
အချိန်အကုန်ခံပြီး ဒီပို့စ်လေးလုပ်ပေးလို့ အမှတ်တရကို ကျေးဇူးတင်နေမှာပါ...မအယ်ရေးထားလေးပါ ပြုံးစရာ
တခုအဖြစ်ထည့်ပေးထားတဲ့အတွက်ရော ကျေးဇူး...
တို့တွေပြန်ဆုံတွေ့တဲ့ အခါမှ မုန့်ဝယ်ကျွေးမယ်နော်...အခုတော့ အကြွေးမှတ်ထားပါဦး...( မောင်ဖုန်းမြင့်စာကို ယူသုံးထားပါတယ် )
လေးစားချစ်ခင်သောအားဖြင့် mie nge
နေမကောင်းလို့ဗျ ..မမီးငယ်ရ အခုလေးမှအိပ်ယာက ထလာတာ
ReplyDeleteခေါင်းတွေကိုက်နေတယ် လူက ထူလို့မရဘူး.
မှတ်ချက်ကတော့ ဗျာ ထူးထူးခြားခြား ဘာမှပေးစရာ မရှိပါဘူး..ရေးထားတာ ကောင်းနေတာပဲဟာ..
ဘလော့လုပ်ချင်ရင်ပြောလေ.. လိုအပ်တာ ကူပေးပါ့မယ် ...။
ခင်မင်မှုများစွာဖြင့်
ဖုန်းမြင့်
ဖတ်သွားကြောင်းပါခင်ဗျာ ...
ReplyDeleteဘလော့လုပ်ပေးဖို့ ကူညီမယ့်သူတွေ အများကြီးရနေပြီ...အားလုံးကို ကျေးဇူးတင်ပါတယ်...
ReplyDeleteကျမက စာဖတ်အားနည်းနေသေးတော့ အရည်အချင်းရှိတဲ့ ဘလော့ဂ်ဂါ တယောက် ဖြစ်မှာမဟုတ်မှန်း ကိုယ့်ကိုယ်ကိုသိနေလို့ ခင်ဗျားပြောသလိုဘဲ ဘလော့ဂ်ရီဒါ စစ်စစ် တယောက်ဘ၀နဲ့ဘဲ ကျေနပ်ပါရစေနော်...အခုတောင် အိမ်က အမျိုးသားက ဒါတွေဘဲလုပ်နေတယ်လို့ ပြောနေ
သေးတာဆိုတော့ မဖြစ်သေးပါဘူးလေ...သူက ဂိမ်းသမား ကျမက ဘလော့လည်သူ ( အခုတော့ သူက ကျမကို အင်တာနက်သုံးတဲ့နေရာမှာ အရှုံးပေးသွားပြီ..ဟီး ..)
နေမကောင်းတဲ့ကြားကနေ ကျမအတွက် စာတွေတည်းဖြတ် လုပ်ပေးနေခဲ့တာ အရမ်းအားနာလိုက်တာ...မောင်ဖုန်းမြင့်ရယ်...
ကြည့်ရတာ ညဉ့်နက်တအားနေတာများတော့ အိပ်ရေးပျက်တာများပြီး ဖြစ်တာနဲ့ထင်တယ်...
အော် အာရုံကြောတွေ အားနည်းတယ်လို့ ရေးထားတာတွေ့တယ်..ဂရုစိုက်ပါဦး...ဒီကအားဆေးပို့ပေးရဦးမလား... လိုအပ်ရင်ပြောပါ အားမနာပါနဲ့...
mie nge
စာဖတ်အားနည်းလို့  အရည်ချင်းရှိတဲ့ ဘလောဂါဖြစ်လာမှာ မဟုတ်ဘူးတဲ့။
ReplyDeleteဟားဟားဟား မီးငယ် တယ်လည်း ဆိုတဲ့စာပါလား။
အဲ့ဒါ ဦးဖုန်းပေါ့ မီးငယ်ရ။ သူ့ ဘလော့မှာ သူ့ ကိုစောင်းပြောရတယ်လို့ မီးငယ်ကတော့လေ ဘလော့ရေးမယ် မကြံသေးဘူး ချနေပြီ ဟားဟားဟား။
မအယ်
အဲအဲ..မမီးငယ်ကတော့ လုပ်ပြီ။အစ်မလောက်နှံ့စပ်တာလဲ အစ်မပဲကိုး..။
ReplyDeleteအစ်မဘလော့လုပ်ဖို့ ထောက်ခံပါတယ်။
အားပေးဖို့လဲ စောင့်နေပါတယ်။
ကိုဖုန်းမြင့် ပြောပေးပါ..။