Pages

Thursday, September 10, 2009

ငါ့လိပ်ပြာကငါ့ကိုလှောင်နေတယ်



မီးခြစ်ဗူးခွံတစ်လုံးကမှ

ယင်ကောင် တွေထည့်လှောင်လို့ရသေးတယ်

ခရုဆံကျွတ် အခွံလွတ်တွေများလှချည်ရဲ့

ခင်ဗျား အိပ်ကပ်ကို ကျနော်မဖြားယောင်းခဲ့ပါဘူး

မိတ်ဆွေ စီးနေတဲ့ မြင်းရိုင်းကို

သင့်တော်ရာသမိုင်းမှာ ချည်ထားခဲ့လိုက်ပါ

မီးကျိုး ၊ မောင်းပျက်

မီးပြတ် ၊ မောင်းကျိုး

ဘယ်ဂီယာထိုးပြီး ခရီးဆက်မလဲ

ငါ့ဘဝကို မောင်းနှင် နေတာ

အနုပညာ စွမ်းအင်တွေနဲ့ပဲ

ဒီလိုပြောတော့

ခင်ဗျားက ရယ်ချင် ရယ်မယ်

လွင်ပြင် ကျယ်ကျယ်မှာ အသံကုန် ဟစ်လိုက်

နောက်ဘဝမှာလည်း ဒီထက်မိုက်ခွင့်ပေးပါ

သိုးထိန်းခေါ်ရာ သိုးမည်းတွေ မလိုက်လိုကြဘူး


ညီမလေးရယ်
တကြောင်းချစ်ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့


ငါ့လိပ်ပြာက
ပြုံးရုံလေးပဲ ပြုံးနေခဲ့တာပါ . . . . . ။



မောင်ဖုန်းမြင့်

8 comments:

  1. သစ်သစ် ဟောင်းဟောင်း
    လိုချင်သူအတွက် အကောင်း ...
    ကဗျာ လှ တယ် အစ်ကို ... ။။

    ReplyDelete
  2. ကဗျာက.. မဲ့ပြုံး- ပြုံးပြနေသလိုပဲ။ ဘာလဲ တော့မသိ။ ဘာပဲဖြစ်ဖြစ်..အနားယူပြီးရင်တော့..အားအပြည့်နဲ့ ပြန်လာပါ ဗျိုး

    ReplyDelete
  3. ပြုံးရုံးလေးပဲ ပြုံးတယ်လား။
    ကဗျာကောင်းတယ်

    ReplyDelete
  4. တကြောင်းချစ် မဟုတ်.. တစ်ကြောင်းခြစ်ပါ..

    ReplyDelete
  5. ပြန်လာတော့မှာပဲ စကားပြောကြတာပေါ့ကွာ...
    အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေတယ်... ညီလေး...

    ReplyDelete
  6. အတန်မကြာနဲ့အစ်ကို
    မြန်မြန်လာ ကျွန်တော်တို့
    ဆက်လက်အားထုတ်စရာတွေရှိသေးတယ်...။

    ReplyDelete
  7. မကေရဲ့ ကွန်မန့်ကို အပြည့်အ၀ထောက်ခံပါတယ်လို့
    ကွန်မန့်မန့်ချင်ပါတယ်။
    ဖြစ်တယ်မလား။

    ခင်ဗျားဗျာ...ကဗျာဆရာ၊ကဗျာဆန်လိုက်ထှာများ

    ReplyDelete