Pages

Sunday, November 22, 2009

November 24






ငါ ကျဆုံးရမယ့် နေ့ရက်ကလေးဟာ
နှင်းတွေမသည်းထန်ခင်တုန်းမှာ
အနက်ရောင် ဖဲကြိုးတစ ဖြာကျသလို
ရုတ်တရက် ဝင်းပလာခဲ့


နှစ်ပေါင်းအတော်ကြာအောင်
စွတ်စိုမှုတွေဖုံးလွှမ်းမယ့်
ကျောက်ထက်အက္ခရာလေးတခုရဲ့ စတင်ခြင်းက
ငါ့ပြက္ခဒိန်တွေရဲ့ လွဲမှားမှုအစပဲ


မိုးမရွာ ၊ လေမတိုက်
ငြိမ်သက်တိတ်ဆိတ်စွာ
ငါ့တကိုယ်စာ ဒေါင့်ကျဉ်းလေးထဲမှာ
ရေလွှမ်းမိုး ခံလိုက်ရတယ်


တဒင်္ဂလေးအတွင်းမှာပဲ
ကောင်းကင်ကြီး ဟင်းလင်းပွင့်ကြွေကျ
ဆောက်တည်ရာ ကမ်းပါးဦးမှ အဝေး
ဟသာင်္ငှက်များ တဝုန်းဝုန်း ထပျံစဉ်
ရာသီစက်ဝန်းများ ရပ်တန့်သေဆုံးသွားခဲ့
လ.. ရောင် ခရီးဆက်နေတုန်း...



ငါမသိမ်းပိုက်လိုက်နိုင်တဲ့ တောင်ကုန်းအမည်ဟာ
24.November ဖြစ်တယ် ။ ။




MPM
Dedicated to someone
(Happy birthday November)







4 comments:

  1. တစုံတယောက်ရဲ့
    ချန်ထားတာခံခဲ့ရပေမဲ့
    မမေ့နိုင်သေးတဲ့ကဗျာဆရာရဲ့ ကဗျာလေး က
    ကြေကွဲမှု တွေနဲ့ စိုစွတ်
    လွမ်းဆွတ်မှုတွေနဲ့တောက်ပ
    တမ်းတခြင်းတွေက အရောက်လက်လက် ထ..

    ရည်ရွယ်တဲ့ တစုံ တယောက် ခံစားခွင့်ရပါစေကြောင်း ဆန္ဒပြု တယ် ဝေး.. နော်

    ReplyDelete
  2. မိုးမရွာ ၊ လေမတိုက်
    ငြိမ်သက်တိတ်ဆိတ်စွာ
    ငါ့တကိုယ်စာ ဒေါင့်ကျဉ်းလေးထဲမှာ
    ရေလွှမ်းမိုး ခံလိုက်ရတယ်

    ထိရှတဲ့ ကဗျာလေးပဲ အကို . . .

    ReplyDelete
  3. နောင်ကို သိမ်းပိုက်နိုင်ပါစေဗျာ.. ဒီကဗျာက တစ်စုံတယောက်ကို ရည်ရွယ်တယ်ဆိုရင် အဲဒီတစ်စုံတစ်ယောက်ဟာ ခံတပ်ကောင်းလွန်းလို့ ဖြစ်ပါလိမ့်မယ်။ ဒီတော့ တိုက်စစ်ကို မီးကုန်ယမ်းကုန်၊ သူသေကိုယ်သေ ဖွင့်တိုက်ပေါ့ အစ်ကိုရေ။ တောင်ကုန်းကို မောင်ဖုန်း အောင်မြင်ပါစေကွယ် လို့ ...

    ReplyDelete
  4. ကဗျာတွေကောင်းလိုက်တာ
    လင့်ထားခွင့်ပြုပါရှင်

    ReplyDelete