Pages

Monday, December 14, 2009

ကမ္ဘာကျော်ချင်လို့ ကဗျာကရာကျော်တယ် ၊ခွတယ် ။



ကမ္ဘာကြီးကိုကျော်ဘို့
ပရောက်ဇီ 212 နဲ့စတယ်
မေးလ်ပို့တယ်
မေးလ်ပြန်တယ်
အအေးပတ်တော့ မေးပါခိုင်တယ်
ချက်တင် မှာပွားတယ် / ဖျားမယ်
အခန့်မသင့်ရင် နားပါကားမယ်
အစွန်းရောက်တယ်
လိင်သွေးကြွတယ်
ဗုံးကြဲတယ်
အမုန်းဆွဲတယ် (ဘာဖြစ်ဖြစ်ပါ)
ထိချင်တာလား ၊ ငြိချင်တာလား
ဖိုက်တာတော့ မဟုတ်ဘူး အပျင်းပြေ လူသတ်တယ် (ဂိမ်းထဲမှာ)
ခေတ်ရှေ့ပြေးတယ်
ဗေဒင်တွက်တတ်တယ်
တခုခုထူးခြားရင်
အတိတ်ကောက်ပြီး ၂ လုံးထီထိုးတယ်
ငွေမခင်တတ်ဘူး
လူကိုခင်တယ် (လူကိုခင်မှအကုန်ပါတာ)
ကိုယ့်စိတ်ပျော်ရွှင်ဘို့
မိသားစု အညိုအငြင်ခံတယ်
ချစ်တတ်တယ်
မလွမ်းရဲဘူး
ကဗျာဆရာတွေအပေါ်မှာ ယောက်ကျားကြောက်ရတဲ့ မိန်းမလို
ရိုကျိုးတယ် . .
လန်းတယ် ၊ ဂွမ်းတယ် ၊ ဆန်းတယ်
စိတ်ထက်တယ် ၊ မြွေပွေးလို အဆိပ်ပြင်းတယ်
ငါ့နာမည် ဖုန်းမြင့်
ဆက်သွယ်ချင်ရင် Port 443 ဒါပဲ   . . . ။



7 comments:

  1. inn...ta khu tot ta khu pae...

    ReplyDelete
  2. ရင့်လှချည်လား လန်းတဲ့ ဂွမ်းတဲ့ ဆန်းတဲ့ ကမ္ဘာကျော် ကဗျာဆရာ ဖုန်းမြင့်ရေ ... ဗေဒင် တွက်ပေးပါဦး...း)

    mie nge

    ReplyDelete
  3. ကျော်ရတာတော့မကြိုက်ဘူး..ခွရတာတော့....

    ReplyDelete
  4. ကဗျာနဲ့ ခေတ်နဲ့ ကွတ်တိ
    ဘန်းစကားလေးတွေ သုံးထားတော့ ပိုပေါ်လွင်တယ်
    မိုက်တယ်ဗျို့ :D

    ReplyDelete
  5. လန်းဆန်းဂွမ်းပဲ..
    93.193. က မေးလ်ဆို အလုပ်ကောင်းကောင်းမလုပ်ပါဘူး.. :P

    ReplyDelete
  6. ကမ္ဘာ ကျော်ချင်လို့
    ကဗျာကရာ ကျော်တယ် ခွတယ် :)

    ReplyDelete