Pages

Friday, February 5, 2010

ပျော်ရွှင်စွာ နေထိုင်နည်း ပရိုဂရမ်အသစ်

ခဏ ထားခဲ့လိုက်ပါ . . .

ခင်ဗျား ဦးခေါင်းထဲက
စုတ်တီး ၊ စုတ်ပဲ့ အတွေးတွေ .  . .
"ကျမ သမီးလေး ဆယ်တန်းမှာ အော်လ်ဒီထွက်မှ ဖြစ်မယ် " ဆိုတာတွေ
ဒီပွဲကို ပြတ်အောင် ရိုက်လိုက်ရင်
အပေါ်ကားကို ၂၀၀ အလိုက်ပေးလဲမယ် ဆိုတာတွေ . . .
ချိတ်ထားလိုက်တဲ့ ဇယားလေး က
အကိတ်ကြီးပဲ  ၊ လန်းတယ် ဆိုတာတွေ . . .


WTC အပိုင်းအစတွေ တောင်
အမှတ်တရ ပစ္စည်းဖြစ်တဲ့ခေတ်ထဲမှာ
ဘာမက်စရာရှိလဲ . . . .

ဘင်လာဒင်လဲ ဒုလ္လဘ တခုပဲ
ဂန္ဒီကြီးလဲ  ဒုလ္လဘ တခုပဲ
ခင်ဗျားနဲ့ ကျနော် ရေခဲစိမ် ဘီယာ ကြိုက်ပြီး
အာသာပြေ ကဗျာရေးတယ် ဆိုတာလဲ ဒုလ္လဘ တခုပဲဟာ
ဘာမက်စရာရှိလဲ . . .

ခုဆို . . . ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ပါတယ်
ပရိုပိုဇယ် ကျလာတဲ့  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတယောက်လို
ပလတ်စတစ် ဆန့်ကျင်ရေး သမားတဦးလို
NGO တခုက မန်နေဂျာ တယောက်လို

ရေလာတော့လဲ ပျော်ပါတယ်
မီးလာတော့လဲ ပျော်ပါတယ်
ကွန်နက်ရှင် ကောင်းတော့လဲ ပျော်ပါတယ်
ဘတ်စ်ကားတိုးစီးရင်းလဲ ပျော်ပါတယ်
ရတနာပုံ ချန်ပီယံ ဖြစ်တာလဲ ပျော်ပါတယ်

ဘာမက်စရာရှိလဲ . . .
အနိစ္စ ( အမြဲမရှိ ) ဆိုတဲ့တရားဟာ
ကျနော်တို့နဲ့ ယဉ်ပါးနေတဲ့ ငယ်မွေးခြံပေါက်ပဲဟာ . . .

ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ကြရပါတယ် .  . .  ။   ။



MPM

9 comments:

  1. အခုလို မောင်ဖုန်းမြင့် တယောက် တရား ပေါက် နေ
    တာ သိ ရ လို့လည်း ပျော်ပါတယ် .......

    mie nge

    ReplyDelete
  2. ပျော်ရွှင်စွာ ဖတ်သွားပါကြောင်း ကိုဖုန်းမြင့်ခဗျာ။ :P

    ReplyDelete
  3. ပျော်တယ်ဟေ့ ပျော်တယ်ဟေ့...
    ပျော်ပါတယ်ဟေ့ ပျော်တယ်ဟေ့...

    ReplyDelete
  4. ဂွက်ထော်တို့ ချက်ပေါ်တို့ နဲ့ ရွာမှာပျော်နေပြီပေါ့လေ
    ညီလေးရေ ဒုလ္လဘ လို့ပေါင်းတယ်ထင်တယ်

    ReplyDelete
  5. အဟဲ
    အကယ်ဒမီ ဆုကြီးလည်း မရလည်း ပျော်ပါတယ်

    ဖတ်လိုက်ရတဲ့ အတွက်ကျေးဇူးနော်

    ReplyDelete
  6. ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ကြရပါတယ် :)

    ReplyDelete
  7. ပြင်လိုက်ပြီ ဘိုးဘိုး အကို...တိုင်းကျုး...း)
    ကျန်တဲ့ ညီအကို မောင်နှမ များ အားလုံးကိုလဲ တိုင်းကျုး...း)

    ReplyDelete
  8. ယဉ်ပါးနေတဲ့ပျော်ရွှင်မှုတွေဗျနော် အကိုဖုန်းမြင့်။

    ReplyDelete
  9. တရားတွေ ပေါက်နေတာ ကောင်းသဗျာ...

းဝ)

    ReplyDelete