အရှုပ်ထဲမှာပဲ ရှင်းအောင်နေချင်ပါသည်
အထုပ်များ ရှုပ်လာခြင်းအားလဲလက်သင့်မခံတော့ပါ
သင်နှင့် သင့်နှုတ်ခမ်းများ၏ ငြီးတွားသံဟာ
ပျင်းရိဖွယ်ရာ တကိုယ်ရည် တေးသွားများ သက်သက်သာ
သံသရာမှာ သုံးကားပေါင်းမိုးလင်းပေါက် ဇတ်လမ်းမျိုးတွေနဲ့လဲ
ဖန်တရာတေခဲ့ပါပြီ
မာတာ ၊ပီတ မိနှင့်ဖ အား ကျမ်းစာ များမှ မွှေနှောက် ကိုးကား
သင်သာ အရိုးသားဆုံးဖြစ်ခဲ့ကြောင်း ချရေးပြခဲ့ဖြင့် ဂုဏ်ယူနိုင်ပါစေ
လမ်းပျောက်သော သားကောင်နောက်သို့ အများယောင်သလို
ကြောင်တောင်တောင် အမောင် တောင်မှန်းမြောက်မှန်း မသိ
လိုက်မိသည့် အကျွန်ုပ်ပင် အပြစ်ရှိသည် ဟု ထင်မိပါသည်
သောက်လက်စ အရက်ခွက် လွတ်ကျခြင်း အမည်ဖြင့်
ရင်နင့်ဖွယ်ရာ စာသားများ ဟန်ဒရက်ပါဆင့်တိတ် ပါဝင်သော
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ အနှစ် ၂၀ ရေဒီယို
တေးချင်းများ ထုတ်လွှင့်တော့မည် ဖြစ်ပါသဖြင့်
နားသောတ ဆင်လိုသူ သပ္ပူရိသအပေါင်းမှ
နှစ်ထောင်းအားရ ရှက်ဖို့မကောင်းအောင်
လက်တို့တောင်းနိုင်ပြီဖြစ်ပါကြောင်း ။
MPM
အမောင်...တောင်မှန်းမသိတာတော့...ဆိုးသကွာ..
ReplyDeleteae. lo gyi, kyate kyate lote nay tar pae lar???
ReplyDelete@ ရွှေရတုမှတ်တမ်း ။ ကျနော့် ကွန်ပါတ်က မြောက်ကိုပဲ ပြနေတာ ဘိုးတောင် အဲလေ ဘိုးတော်ရဲ့..း)
ReplyDelete@ thoehtane ကြိတ်လုပ်စရာလား မရှိအတူ ရှိအတူပါဆိုမှ..း)
တောင်မှန်း မြောက်မှန်း သိပြီနဲ့ တူတယ် အစ်ကိုကြီး..
ReplyDeleted pat htel arr yin lar khae. mae byar...
ReplyDeleteain mhar pae shi mhar lar???
@ thoehtane : အိမ်ထဲမှာခွေလျှက် အခွေများ မပြတ်ကြည့်ရှုနေရပါကြောင်း..း(မီးလာရင်ပေါ့လေ ) :P
ReplyDelete