Pages

Saturday, August 1, 2009

အမှတ်မထင်ရွာချလိုက်သောမိုးစက်များ


ကမ္ဘာမြေတနေရာမှာ
သူတို့ရှိခဲ့တယ်ဆိုတာ

သေချာဘို့ သက်သေပြခြင်းအဖြစ်
ငွေ့ရည်ဖွဲ့မှုကို အရည်ဖျော်ချတယ် ။


ဒါဟာ . . .

လေလွင့်မိုးတိမ်တခုရဲ့ ... ငိုကြွေးမှုလား
မိုးမျှော်နေသူအတွက် ... ကြည်နှုးဖွယ်ဂီတလား
မေ့လျှော့ခံရခြင်းကိုပဲ သတိရနေခဲ့မှုက
အတွင်းပိုင်းနက်နက်ထိ
တမြေ့မြေ့စိမ့်ဝင်စီးတယ်



ခလုတ်မပိတ်ပစ်နိုင်ခဲ့သော

အထပ်ထပ်မှားယွင်းမှုထဲ
မိုးဦးလို မင်းပုံရိပ်တွေကို
Delete လုပ်ပစ်ချင်တယ် ။


ကြေက်မက်ဖွယ် ရွာသွန်းမှုအပြီး

အထိတ်တလန့် ထကြည့်မိတဲ့ ဝန်းကျင်မှာ
ဆွေးမြေ့မှုတွေသာရွဲနစ်
လွမ်းဆွတ်ခြင်းတွေက
ရွံနွံအဖြစ် တင်ကျန်နေရစ်တယ် ။ ။


ဖုန်းမြင့်

4 comments:

  1. သဘောပေါက်လွယ်အောင် ရှင်းရှင်းလင်းလင်းရေးပါ ဆရာရေ။
    မီးမီးတို့ က ညဏ်သိတ်မကောင်းဘူး။
    လွမ်းရင်လည်း လွမ်းတယ်ပဲ
    ဆာရင်လည်း ဆာတယ်ပဲ
    မုန်းရင်လည်း မုန်းတယ်ပဲ ပြောမှ သိတယ်။

    လွမ်းတာ ဆွေးတာကိုလည်း ရွံဗွက်တွေနဲ့ ညစ်ပတ်လိုက်တာ။
    မင်းဦး ဆိုရင်တော့ မကြိုက်ဘူး delete သာလုပ်ပစ်လိုက်။
    မိုးဦးတော့ သိဘူး။

    ပေါက်ကရတွေ ရေးသွားတယ်။ ဗြဲ......


    မအယ်

    ReplyDelete
  2. မျှော်နေမိခဲ့
    ရွာမယ့်ရွာတော့
    မိုးက ....
    မျှော်လင့်ထားတဲ့ မိုးမဟုတ်တဲ့အခါ
    လွမ်းဆွတ်ခြင်းတွေသာ
    ရွံနွံအဖြစ် တင်ကျန်နေရစ်ပေါ့ ...

    ReplyDelete
  3. delete ကြီးက ဘယ်လိုလုပ်ပါနေရတာလဲ ဟ... အားလုံးကြိုက်တယ် အဲ delete ကြီးကို မကြိုက်ဘူး ... delete လုပ်လိုက်ပါ...

    ReplyDelete
  4. ယမ်းငွေ့ မပြယ်သေးတဲ့...
    ကိုယ့်..စစ်မြေပြင် ညနေခင်းမှာ
    ခြေသံပြင်းပြင်း.. မင်း...နင်းထွက်သွားလိုက်ပုံဟာ
    မယုံချင်စရာကောင်းအောင် လှပလွန်းနေခဲ့တယ်..

    နာကျင်မှုကိုပဲ လှအောင်ရေးတတ်သေးတယ်။

    လေးစားမိပါ၏။

    ဘိုင်သယ်ဝေး တဂ်ထားတာရေးပေးပါဦး။
    ခုတလော တဲ့။

    ReplyDelete