ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Pages
▼
Tuesday, August 4, 2009
ခုတလော (တဂ်ခြင်း၏အနုပညာ)
ကိုအောင်သာ နှင့် Mirror အချွန်နှင့်မ၍ ရေးပါသည် . . .။
တွေးနေမိတာက
(၁) မြန်မာပြည်ကို လက်ညိုးထိုးရောင်းနေကြတဲ့ လူတွေကို
ပြန်ပြီးလက်ညိုးထိုးရောင်းရင် ဘယ်လောက်များ ရမှာပါလိမ့်
(၂) ငါ့ကိုယ်ငါရော တခါထဲ ရောင်းလိုက်ရရင်ကောင်းမလား
(၃) ဒီအချိန် သူ .?.?.? ဘာတွေလုပ်နေမလဲ
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တော်တော်လေးအပျင်းထူပြီး သနားစရာကောင်းတဲ့ သတ္တဝါပဲ
ဘာအကြောင်းကိုမှ ခုထိသေချာ မသိသေးဘူး
ကျန်းမာရေး
မကောင်းတချက် ကောင်းတချက်
အာရုံကြောတွေ အားနည်းနေတယ်
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကိုယ့်ဘဝထဲက စာမျက်နှာတချို့ (အပျင်းပြေ ပြန်လှန်ကြည့်နေတာ ..ကြည့်မကောင်းပါဘူး)
လူပေါ်လူဇော်လုပ်နည်းကို အလွတ်ရအောင် ကျက်ပစ်မယ်
ရောက်နေဖြစ်တာက
အဝေးရောက်ပင်လယ်
ရေးဖြစ်နေတာက
ဟိုမရောက် ဒီမရောက် ကဗျာတချို့နဲ့
အဆုံးမသတ်နိုင်သေးသော အက်ဆေးများ
မြဒါလီသို့ ...တမ်းချင်းများ စီးရီးလိုက်
( မှတ်ချက် ။ အမှတ်စဉ် အင်ဖနတီရောက်သည်အထိရေးပါမည် စိတ်ညစ်တော်မူကြပါကုန် )
နားထောင်ဖြစ်နေတာက
Rod Stewart ရဲ့
I don't wanna talk about it နဲ့ You're in my heart
ရွတ်နေမိတဲ့ကဗျာက
ငါ့ရင်ဘတ်ထဲ လာခွေမနေပါနဲ့
မြွေမလေးရယ်
မင်းအတွက်က
အနမ်းသက်သက်ပါ
ငါကတော့
တစ်ဘ၀လုံးအဆိပ်တက်နေပြီ... (မိုးလှိုင် ရဲ့ကောင်မလေးက မြွေပဲကဗျာထဲက )
ဖြစ်ချင်နေတာက
ဒေးဗစ်ကော့ပါးဖီးလ် (ကိုယ့်ဘာသာ ပြန်ဖျောက်ကြည့်ချင်လို့)
ဒွန်ကင်း (မိုက်တိုင်ဆန်ကို ရအောင်ပြန်ခေါ်ပြီး အဘ**တယောက်နဲ့ ရုံသွင်းလိုက်ချင်တယ် )
စားဖြစ်နေတတ်တာက
သေစာရှင်စာလောက်ပဲ (တခါတခါ စားဖြစ်ချင်မှ စားဖြစ်တယ် )
သနားနေမိတာက
ကိုယ့်ကိုယ်ကိုယ် (ဒါကတော့ ချွင်းချက်မရှိပေဘူး)
လွမ်းနေမိတာက
တခါက ပင်လယ်ကမ်းခြေညများ
မေ့လျော့ပစ်နေမိတာက
ကိုယ့်ရဲ့ လူအဖြစ်တည်ရှိနေခဲ့မှုကို
ခါးသက်နေမိတာက
အလွမ်းနေရဆုံးသော အရာ
တမ်းတနေမိတာက
နှုတ်ခမ်းပါးလေးတစုံနဲ့ ရယ်သံတချို့
ကြိတ်ပြီးချီးကျူးနေမိတာက
ကမ္ဘာကြီးပြားပြီလို့ အလန့်တကြား ထအော်လိုက်တဲ့လူ
ကြိတ်ပြီးအထင်သေးနေမိတာက
ဟောင်ဘွာ ဟောင်ဘွာ ပြောတတ်လွန်းတဲ့ ကိုယ့်ပါးစပ်
ဆန္ဒမရှိတဲ့နေရာ
သေပြီးရင်ဗြဟ္မာဘုံမှာသွားမဖြစ်ချင်ဘူး . . .း)
ဆန္ဒရှိနေတဲ့ကိစ္စ
ဘလော့ဂါတွေရေးခဲ့တဲ့ ရန်ကုန်ကဗျာတွေကို စာအုပ်ထုတ်ချင်တာ
မုန်းတီးနေမိတာက
အသုံးမကျလွန်းတဲ့ ကိုယ့်ဦးနှောက်ကို
ချစ်နေတာက
ရင်ထဲအထိစူးအောင် ဖတ်လိုက်ရတဲ့ကဗျာတွေကို
စိတ်ပျက်နေမိတာက
သုံးနေတဲ့ ကွန်ပျုတာ ဟမ်း သွားတာ
ူ
စွဲလန်းနေမိတာက
အရင်တချိန်က အဖြစ်အပျက်များ
လိုအပ်နေတာက
ဘဝတခုလုံးစာမကဘူး
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အမေ့အိမ်သီချင်း (ခလုတ်ထိမှ အမိတတယ် ပြောချင်လဲပြောတော့)
ဝန်ခံချင်တာက
အပေါ်ဆုံးက ၂ ယောက် အချွန်နှင့် မခြင်းကြောင့်ပါ
ကိုယ့်အလှည့်ပြီးတော့ ထပ်မလိုက်ပါဦးမည်
မိုးလှိုင်ည ( မဖြစ်မနေရေးပေးပါရန်)
ကလင်းထက် ( ကိုအောင်သာ တဂ်ပြီးပါပြီ ထပ်တဂ်ပါသည် )
ဘလော့မရှိလျှင် ရေးစရာမလို လွတ်ပြီထင်နေသော
မ mie nge ( ကွန်မန့်၌ ရေးခဲ့ပါ ဘလော့တွင် ပြန်တင်ပါမည် ။ )
ရန်ဖြစ်နေကျ ဖောက်သည် ဘော်ဘော်ကြီး မအယ်ဇီ (ကိုအောင်သာ တက်ဂ်ပြီးသော်လည်း ထပ်တဂ်ပါသည် )
ခင်မင်မှုများစွာဖြင့်
ဖုန်းမြင့်
မခင်ချင်လည်းနေပါ ....မတဂ်ပါနှင့်
ReplyDeleteစာဘဲဖတ်တတ်တယ်..စာမရေးတတ်ဖူး...
ဟွန်း...ဒီတခါဘဲ ရေးမှာနော်...အားနာလို့...
အပေါ်ကနှစ်ယောက်က အချွန်နဲ့ မ သွားတာ ဘယ်ထိသွားလဲ...
မခင်ချင်တော့တဲ့...အမ... mie nge
ရန်သူများကို ချစ်ခင်ခြင်း...း)
ReplyDeleteဟဲ.. ဟဲ...
အလကားနောက်တာပါ...
မီးငယ်နဲ့ မအယ်က ချစ်ဖို့ အရမ်းကောင်းပါတယ်...
ချစ်ဖို့ကောင်းသောမိတ်ေဆွေများပေါ့...
အဲလို မိတ်ဆွေတွေက ဘလော်ဂိုစဖီးယားမှာ သိပ်မရှိဘူး... ဟ...
လတ်တလော ကို
ReplyDeleteလာချောင်းသွားတယ်အစ်ကိုရေ :)
အခုအချိန်က စပြီး မောင်ဖုန်းမြင့်တဂ်လို့ရေးပါပြီ...
ReplyDeleteတွေးမိနေတာက...ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ဗမာပြည်ရှိ ဒေသအသီးသီးမှာ နေထိုင်နေကြသော နိုင်ငံရေးအကျဉ်းသားများရဲ့  စားဝတ်နေရေးအခက်အခဲများ...
ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိနေတာက...မဖြစ်သင့်တာကို မလုပ်မိနိုင်အောင် မိမိကိုယ်မိမိ ဆုံးမခြင်း
ကျန်းမာရေး...နှာစေးချောင်းဆိုးတောင်ဖြစ်ခဲပါတယ်..ဒါပေမယ့် အခုတလော ကိုယ်ထဲက ကလီဇာတခု
ဘယ်အချိန်အနှောက်အယှက် ပေးလိမ့်ဦးမယ်မသိလို့ စိတ်ပူနေမိရဲ့ ...ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...
ဖတ်ဖြစ်တဲ့စာအုပ်...မရှိပါ...ဘလော့တချို့ က နှစ်သက်တဲ့ပို့စ်များသာဖတ်ဖြစ်နေပါတယ်...မေ့တော့မလို့...စာမေးပွဲတခုဖြေဖို့လို့ စာအုပ်တအုပ်မဖတ်ချင်ဘဲ ဖတ်နေရပါတယ်...
ရောက်နေဖြစ်တာက...ကိုအောင်သာငယ့်ဘလော့ဂ်
နှင့် တချို့ ဘလော့ဂ်များ
ရေးဖြစ်နေတာက...ဘလော့ဂ်မှာရှိတဲ့ စီဘောက်နဲ့ ကွန်မန့်မှာ...
နားထောင်ဖြစ်နေတာက...ကိုအောင်သာငယ်ပြန်ဆိုထားတဲ့ နေရာဟောင်း..နေညိုချိန်အတွေး နှင့် အွန်လိုင်းရှိ ဗမာသီချင်းများ..အပြင်..keith urban ရဲ့ 
somebody like you
you're my better half
once in a life time
memories of us
who wouldn't want to be me
ရွတ်မိနေတဲ့ကဗျာ...မရှိပါ..သီချင်းကိုပိုနှစ်သက်လို့
သီချင်းတွေဘဲလိုက်ဆိုမိနေရဲ့ ..
ဖြစ်ချင်နေတာက...နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်နိုင်အောင် တကိုယ်တော်စွန့်စားစွမ်းဆောင်ပေးနိုင်သူတယောက်...
စားဖြစ်နေတတ်တာက...အဆင်ပြေသလိုချက်စားဖြစ်နေသော စားစရာများနှင့် မိတ်ဆွေများကခေါ်ကျွေးသော အလှုစားစရာများ...
( ခြေလေးချောင်းသား မစားတတ်ပါ...ဘာသာရေးကြောင့် မဟုတ်ပါ...)
သနားနေမိတာက...ဗမာပြည်မှာရှိတဲ့ မီးပျက်လို့စိတ်ညစ်နေရသူများ အင်တာနက်ကွန်နက်ရှင် မကောင်းလို့ စိတ်ရှုပ်နေရသူများ စားဝတ်နေရေးခက်ခဲနေရသူများ...
လွမ်းနေမိတာက...ဗမာပြည်မှာရှိစဉ်က ရောက်ဖူးခဲ့သောနေရာများနှင့် မိဘဆွေမျိုး သူငယ်ချင်းများ...
မေ့လျော့ပစ်နေမိတာက...သက်ရှိများကိုတော့ မမေ့တတ်ပါ...သင်ခဲ့ဖူးသောကျောင်းစာများကိုတော့မေ့တတ်ပ...
ခါးသက်နေမိတာက...အခြားသူများကို ညှင်းပန်းနှိပ်စက် ချိုးနှိမ်ပြီး မိမိအသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားသူများ..
တမ်းတမိနေတာက...အနားမှာမရှိတဲ့ မိမိက ပြုစုခွင့်
မရတဲ့ မိဘ နှစ်ပါး...
ကြိတ်ပြီးချီးကျုးမိနေတာက...မိမိထက် အသက်ကြီးသူ ငယ်သူ အတွေးကောင်း အရေးကောင်းတဲ့ ဘလော့ဂ်ဂါများ...
ကြိတ်ပြီးအထင်သေးနေမိတာက...ကျမနေထိုင်ရာကနေ ဗမာပြည်သို့ အလေးချိန်ဖြင့်(ငွေကြေးဖြင့် (လူကြုံသယ်တဲ့အခါ ပေါင်ချိန်ခိုးသောသူများ...( ကိုယ်တွေ့ကြုံရတာများပြီ..)
ဆန်ဒမရှိတဲ့နေရာက...မိဘများနှင့်ဝေးနေရတဲ့နေရာ..
ဆန်ဒရှိနေတဲ့ကိတ်စက...ကဘာပေါ်ရှိ အစာရေစာငတ်မွတ်ခေါင်းပါးသော နေရာများရှိ သက်ရှိသက်မဲ့များကို အစာရေစာကျွေးခြင်း...
မုန်းတီးမိနေတာက...ကဘာပေါ်ရှိ စစ်အာဏာရှင်များအားလုံး...
ချစ်နေမိတာက...မိမိရဲ့ ရင်သွေးအပါအ၀င် သက်ရှိရင်သွေးငယ်များအားလုံး...နှင့် ကွန်ပျုတာ အင်တာနက်
စိတ်ပျက်မိနေတာက...တပါးသူများကို ထိထိရောက်ရောက် မကူညီ ပေးနိုင်တဲ့ မိမိကိုယ်ကိုယ်... လိုအပ်နေမိတာက...အချိန်နဲ့ ငွေကြေး
စွဲလမ်းနေမိတာက...အခုအချိန်မှာတော့ ဘလော့ဂ်လည်ဖတ်ခြင်း...
တောင်းနေမိတဲ့ဆု...အခုနောက်ပိုင်းတော့ မိမိအတွက် ဆုတောင်းခြင်းအမှုကို မပြုတော့ပါ..
သူများအတွက်တော့ တောင်းဖြစ်နေပါတယ် ...
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက...တခါတလေ
မိမိစကားကို နားမထောင်တဲ့အခါ မိမိသမီးကို မအော်ချင်ဘဲနှင့် အော်မိခြင်း ( အလုပ်များလို့စိတ်တိုနေတဲ့အချိန် )
ဝန်ခံချင်တာက...ဒီပို့စ်ရေးဖို့ တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်အား ပထမတော့ စိတ်ရှုပ်သွားပြီး နောက်တော့ ကိုယ့်ကို သတိတရရှိလို့ တဂ်တာဘဲလေဆိုပြီး ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်လို့ ၀န်ခံချင်ပါတယ်...
တခါမှမရေးဖူးလို့ အမှားပါရင်ခွင့်လွှတ်ပေးပါရန်..
တောင်းပန်အပ်ပါသည်...
mie nge
မောင်ဖုန်းမြင့်ရေ..ကျမရေးတဲ့ထဲက ဆန်ဒ ရယ် ကိတ်စရယ် ကဘာ ရယ်ကို ကျမလက်တော့နဲ့ရိုက်တာ မလုပ်တတ်လို့ စာလုံးပေါင်းမှားနေတာလေးပြင်ပေးစေချင်ပါတယ်..ရရင်ပေါ့...ကျေးဇူးနော်...
ျ
စာလုံးပေါင်းပြင်ပြီးရင် တင်လိုက်ပါ့မယ် ...း)
ReplyDeleteကျေးဇူးတင်ရှိပါကြောင်း ...။
ခုနက ဘာမန့်တာလဲ မသိတော့ဘူး.. တော်ပီ.. ဟိုလူ့လတ်တလောတွေဖတ်လိုက် ဒီလူ့လတ်တလောတွေ ဖတ်လိုက်နဲ့ ရောတောင်ရောကုန်ပြီဗျ.. အစ် အစ် အစ်
ReplyDeleteခုနက ဘာမန့်တာလဲ မသိတော့ဘူး.. တော်ပီ.. ဟိုလူ့လတ်တလောတွေဖတ်လိုက် ဒီလူ့လတ်တလောတွေ ဖတ်လိုက်နဲ့ ရောတောင်ရောကုန်ပြီဗျ.. အစ် အစ် အစ်
ReplyDeleteမောင်ဖုန်းမြင့်ရေ..ခုနကကျန်ခဲ့လို့..ဒါလေးပါ ထည့်ပေးပါ..
ReplyDeleteအခုလို ဗမာဖောင့်ရိုက်နိုင်အောင် အားပေးတဲ့
လေးစားချစ်ခင်ရသော ကိုအောင်သာငယ် နှင့် ဒီပို့စ်ဖြစ်အောင် တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်
( အမွှာ ညီအကို ) တို့ကို ကျမကနေပြီး ကျေးဇူးအထူးတလည် တင်ရှိပါကြောင်း...လေးပါ
ထပ်ထည့်ပေးစေချင်ပါတယ်...
mie nge
ဦးဦးဖုန်းမြင့်
ReplyDeleteကိုအောင်သာငယ်ပြောတာ ထောက်ခံပါတယ် ထောက်ခံပါတယ်။
မီးမီး နောက်တော့ ရေးပါ့မယ်။ အကြွေးမှတ်ထားလိုက်ဟဲဟဲ။
မအယ်
မီးငယ် အတွက်။
ReplyDeleteမီးငယ်ရေးတာ ဖတ်လို့ ကောင်းတယ်။
နိုင်ငံရေး အကျဉ်းသားေ
တွေကို ခဏခဏ အောက်မေ့ပါတယ်။
အစာရေစာ မ၀တဲ့သူတွေကို ခဏခဏ သတိရတယ်။
စားစရာကို ဘယ်တော့မှ လွှင့်မပစ်ဘူး။
အများကြီး မကုန်မခမ်းလည်း ၀ယ်လည်း မစားဘူး ချက်လည်း မစားဘူး။
ပိုက်ဆံရှိတယ်ဆိုပြီး အသားတွေ အစားတွေ နင်းကန်စားတာတွေ ကြောင့် ငတ်တဲ့သူတွေပိုငတ်ကုန်တာတဲ့။
အသားစားပါတဲ့။ fao က ပြောတာ။
မအယ်လည်း ခြေလေးခြောင်းသား မစားဘူးပြောလို့ ရတယ်။
အမဲမစား
ဝက် ကို ၀လာမှာ ကြောက်လို့ မစား။
ဆိတ်က ၀ယ်မရလို့ မစား။
သိုးက နံလို့ မစား။
ယုံတွေ ဘာတွေဆို ၀ိုင်းထဲမှာ စားတာမြင်ရင်ကို သနားလို့ ရင်တွေတုန်လာတယ်။ ကြားတောင် ကြားချင်ဘူး။
မအယ်
လတ်တလော စိတ်ညစ်သွားတာကတော့..စီးရီးတွဲကြီး မပြီးသေးဘူး တဲ့။
ReplyDeleteလက်တလော သဘောကျသွားတာက..မိုးလှိုင်ည ရဲ့ စကားလုံးလေးတွေ။
မီးငယ် အတွက်။
ReplyDeleteမီးငယ်ရေးတာ ဖတ်လို့ ကောင်းတယ်။
နိုင်ငံရေး အကျဉ်းသားေ
တွေကို ခဏခဏ အောက်မေ့ပါတယ်။
အစာရေစာ မ၀တဲ့သူတွေကို ခဏခဏ သတိရတယ်။
စားစရာကို ဘယ်တော့မှ လွှင့်မပစ်ဘူး။
အများကြီး မကုန်မခမ်းလည်း ၀ယ်လည်း မစားဘူး ချက်လည်း မစားဘူး။
ပိုက်ဆံရှိတယ်ဆိုပြီး အသားတွေ အစားတွေ နင်းကန်စားတာတွေ ကြောင့် ငတ်တဲ့သူတွေပိုငတ်ကုန်တာတဲ့။
အသားစားပါတဲ့။ fao က ပြောတာ။
မအယ်လည်း ခြေလေးခြောင်းသား မစားဘူးပြောလို့ ရတယ်။
အမဲမစား
ဝက် ကို ၀လာမှာ ကြောက်လို့ မစား။
ဆိတ်က ၀ယ်မရလို့ မစား။
သိုးက နံလို့ မစား။
ယုံတွေ ဘာတွေဆို ၀ိုင်းထဲမှာ စားတာမြင်ရင်ကို သနားလို့ ရင်တွေတုန်လာတယ်။ ကြားတောင် ကြားချင်ဘူး။
မအယ်
August 4, 2009 3:47 PM
အားလုံးကို ခြုံပြီးကြည့်လိုက်တော့ ကဗျာ၊ကဗျာ...။
ReplyDeleteအော် ကဗျာ၊ကဗျာ..။
ကျေးဇူးတင်လိုက်ထှာ..။
တကယ်..။
မြဒါလီ နောက်ဆက်တွဲတွေမျှော်နေကြောင်းပါ။
အော် ..ဒါနဲ့ စကားမစပ် ခလုတ်ထိမှ အမိတတာ အစ်ကိုဖုန်းမြင့်
တစ်ယောက်ထဲ မဟုတ်ဘူးဗျ။
:)