မန္တလေး ရတနာပုံ ဈေး မီးလောင် မှု ဓါတ်ပုံများ
anony.pictiger.com မှကူးယူဖော်ပြပါသည် ။
ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Monday, February 25, 2008
Friday, February 22, 2008
ခွင့်တိုင်တယ်ဗျို့ 
အခုတလော အလုပ် ထဲမှာ အလုပ်ရှုပ်နေတာရော ၊ ကို ကိုယ်တိုင် စိတ်တွေရှုပ်နေတာ ကြောင့် ခဏတာ နားခွင်. ပေးပါဗျာ ။ သိပ်မကြာ ခင်
ကျနော် ပို.စ် အသစ် တွေ ပြန်တင်ပါ့မယ် ။
ကျနော် ပို.စ် အသစ် တွေ ပြန်တင်ပါ့မယ် ။
Sunday, February 17, 2008
ဆောင်းပါး
အခုလေးတင်သတင်းတစ်ပုဒ် ဖတ်ရတယ် မြန်မာနေးရှင်းဂျာနယ်ရဲ့အယ်ဒီတာနဲ.မန်နေဂျာကိုဖမ်းသွားတယ် ဆိုတဲ့သတင်းပါ။မြန်မာပြည်ဆိုင်ရာသတင်းများဖတ်တိုင်းစိတ်ချမ်းမြေ့စရာမရှိပါ ၊ တလောကလေးတင် ကဗျာဆရာကိုစောဝေနဲ့ ဘလော့ဂါ နေဘုန်းလတ်တို့ဖမ်းခံလိုက်ရပါတယ်။သတင်းစာဆရာကြီးဦး ၀င်းတင်ဆိုအသက်၈၀နား နီးနေတာတောင် ထောင် ထဲကမထွက် ရသေးပါ။
သတင်းစာ၊ ဂျာနယ်ဆိုသည်မှာ ပြည်သူ့နား၊ ပြည်သူ့မျက်စိပင် ဖြစ်ပေသည် ယခုလို ဖမ်းဆီးထောင်ချ နေခြင်း သည် ပြည်သူ့ နား မျက်စိ များ အားထိုးဖောက် နေခြင်း ပင်ဖြစ်ပါသည် ။သက်ဦးဆံပိုင်ခောတ် ကပင် မင်းတုန်းမင်း က သတင်းစာဘိုးအေကြီးဘိုးဝဇီရအား ငါမကောင်း ရင် ငါ.ကိုရေး ၊မိဖုရားခေါင်ကြီး မကောင်းရင် မိဖုရားခေါင်ကြီး ကိုရေး၊မှုးကြီး မတ်ကြီး မကောင်းရင် မှုးကြီး မတ်ကြီးတွေကို ရေး မောင် မင်း အပြစ် မဖြစ်စေရ ဟု သတင်း စာလွတ်လပ်ခွင်.ပေးဖူးပါသည်။
တစ်ကယ်တမ်း တိုင်းပြည် တိုးတက်စေချင်လျှင် မင်းတုန်းမင်း ကြီးကဲ့သို့ ပင် လွတ်လပ်ပွင်.လင်းသောသဘောထားမျိုးထားရှိရပါမည် ။ယခုတော့သူတို့သဘောထားများမှာ အလွန်သေးသိမ်လွန်းလှသည် ၊အယူ အဆမတူလျှင် ရန်သူဟုသဘောထားကာ မဲမဲမြင်ရာစွတ်ရွတ်ဖမ်းသည်
လူငယ် အစ ၊အဖိုးကြီးအဆုံး မည်သူမှချမ်းသာမပေးပေ ပြည်တွင်းမှ စာနယ်ဇင်းသမားများ ဘ၀က ဆူးကြားကဘူးခါးဘ၀ပင်။
ဒီနေရာတွင်မေးခွန်းထုတ်စရာက စာစောင်တစ်စောင်၏ တာဝန် အရှိဆုံးသော အယ်ချုပ်ကြီး တစ်ဦးမှာမည်သည်ကြောင့်လွတ်နေပါသနည်း။
ကဲနောက်တစ်ခါ ဘယ်သူ့အလှည့်လဲ .................?
ဟိုဟိုဒီဒီ
ဘလော.အတွက် ပိုစ် .အသစ်တင် မလု.ိ ဟာ ရေးပီးသားကဗျာတွေကို စိတ်တိုင်း မကျ တာ ရယ်၊
တခြားအကြောင်းအရာေ၇းဖို့idea ရ လိုရငြား ဟိုဖတ်ဒီဖတ်ရင်းနဲ. ယခုကာတွန်းလေးကိုတွေ့တော့သဘောကျတာနဲ့ပြန်လည်ဝေငှလိုက်ပါတယ် .(ကြည့်ဘူးတဲ့သူများသည်းခံပါခင်ဗျာ)
ခုခောတ်မြန်မာပြည်အခြေအနေနဲ.လိုက်ဘက်ညီသလို ၊ကိုယ့် ကိုယ်တိုင်ကိုက ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းလိုက်နဲ. သင်တန်းများရိုက်စားလုပ်တာခံရဘူးတော.တော်တော်လေးနှစ်သက်မိပါတယ်။
တခြားအကြောင်းအရာေ၇းဖို့idea ရ လိုရငြား ဟိုဖတ်ဒီဖတ်ရင်းနဲ. ယခုကာတွန်းလေးကိုတွေ့တော့သဘောကျတာနဲ့ပြန်လည်ဝေငှလိုက်ပါတယ် .(ကြည့်ဘူးတဲ့သူများသည်းခံပါခင်ဗျာ)
ခုခောတ်မြန်မာပြည်အခြေအနေနဲ.လိုက်ဘက်ညီသလို ၊ကိုယ့် ကိုယ်တိုင်ကိုက ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းလိုက်နဲ. သင်တန်းများရိုက်စားလုပ်တာခံရဘူးတော.တော်တော်လေးနှစ်သက်မိပါတယ်။
Tuesday, February 12, 2008
ဗိုလ်ချုပ်မွေးနေ.
ဗိုလ်ချုပ်မွေးနေ.
ယနေ.န.အ.ဖ ဘိုချုပ် များနဲ. ဗိုလ်ချုပ်အောင်ဆန်း ဘာကွာသလဲဆိုတာ ဒီပုံလေးကသက်သေခံနေပါတယ်။
ကျနော် ဖတ်မိမှတ်မိသလောက်ဆိုရင်ဒီပုံထဲက ကုတ်အင်္ကျီ ဟာ မြန်မာနိုင်ငံအတွက်အရေးဆိုဖို.အင်္ဂလန်အသွား အိန္ဒိယမှာနားစဉ် သာမာန်စစ်ဝတ်စစ်စားနဲ.ရောက်လာတဲ.ဗိုလ်ချုပ် ကို အဲ.ဒီအချိန်က အိန္ဒိယနိုင်ငံ ရဲ.ခေါင်းဆောင်ကြီးနေရှုးက
ဒီလို ၀တ်စုံနဲ. အင်္ဂလန်ရဲ.အအေးဒါဏ် ခံနိုင် မှာမဟုတ်ဘူးဆို ပြီးလက်ဆောင်အဖြစ်ချုပ်ပေးလိုက်တဲ.သမိုင်းဝင်ကုတ်အင်္ကျီပါ....။
ရိုးသားလွန်းတဲ.ဗိုလ်ချုပ် ၊ပကာသန မမက်တဲ.ဗိုလ်ချုပ်ကို ယနေ. န.အ. ဖ ဘိုချုပ်တွေအတုယူနိုင်ဘို.(မထင်ပါခင်ဗျာ ကျွဲပါး DJ ပွတ်တာက မှ ကျွဲတွေနားလည်အုံးမယ်) ဗိုလ်ချုပ်မွေးနေ.အမှတ်တရ အဖြစ်ဖော်ပြလိုက်ပါတယ်....။
Saturday, February 9, 2008
ကဗျာ
အတိတ်ကိုပြန်တွေးတော. ...........
အတိတ်ကိုပြန်တွေးတော.
ရိုးသားတဲ. လွယ်အိတ်တစ်လုံးနဲ.
အဖြူဆုံး အိပ်မက်တွေ
စိမ်းလန်းဆိုပြေခွင်. ရခဲ.တယ်..............။
အတိတ်ကိုပြန်တွေးတော.
ရှင်း သန်.တဲ.လေပြည်ညင်းနဲ.
ရောင်စုံပန်း ၊မြက်ခင်းများကြား
လိပ်ပြာငယ်တွေ
မြူးတူးပျော်ပါးခွင်. ရခဲ.တယ်..............။
အတိတ်ကိုပြန်တွေးတော.
ကန်ရေပြင် ကြည်လဲ.လဲ.မှာ
တွဲချိတ် ထားတဲ.လက်တစ်စုံနဲ.
အုပ်စုဖွဲ. ငါးလေးတွေ
ကူးခတ်ကစားခွင်. ရ ခဲ.တယ်.............။
အတိတ်ကိုပြန်တွေးတော.
ရ ခဲ.တယ်.........
ရခဲ.တယ်.........
ရ ခဲ.တယ်...........
ရရှိ ခဲ.ကြဘူးတယ်.................။
အတိတ်ကိုပြန်တွေးတော.
၂၄ နာရီ အလင်း ဓါတ် နဲ.
အိမ်ဆိုင် တွေ ကဘုံဆိုင်တွေထက် များတယ်
ဧည်.စာရင်း မတိုင်ရ တဲ.
သန်းကောင်ယံ လမင်း တွေများတယ်...........။
အတိတ်ကိုပြန်တွေးတော.
ခွေးဟောင်သံ တွေ ဒီလောက် မကျယ်လောင်သေးဘူး
အထိတ်တလန်. ရေထသောက်ရတဲ.ညတွေ
မများဘူး
ငွေမှင်ရောင် ဂျာနယ်တွေ မများ ဘူး
စစ်ကြောရေးရောက် နေတဲ့
ဘလော့တွေမများဘူး.....................။
အတိတ်ကိုပြန်တွေးတော.
ရခဲ့တယ် ..............
ရခဲ့တယ် ..............
ရခဲ့တယ် ..............
ငါတို.ရခဲ့ ကြဘူးတယ်..........................။
အတိတ်ကိုပြန်တွေးတော.......
အတိတ်ကိုပြန်တွေးတော.
အတိတ်ကိုပြန်တွေးတော.
ငါ......တို့.....ရ......ရှိ......ခဲ့......ကြ.....တယ်.......။
မောင်ဖုန်းမြင့်
Friday, February 8, 2008
ခံစားချက်
ဘလောက်ဂါဘာလဲ၊ ဘလောက်ဂါဘယ်လဲ
ကျွန်တော်ပြောချင်တာ ဖြစ်တဲ့ အတွက် ကျွန်တော့ အာဘော် လို့ ပြောချင်လဲ ရသလို၊ ကျွန်တော်နဲ့ အတွေးအမြင်တူတဲ့ သူတွေရဲ့ သဘောထား ဖြစ်တယ်ဆိုလဲ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် တို့ အင်တာနက် ကိုစသုံးလာ ခဲ့ကြတာ အခုဆို အတော်လေး အချိန်ကြာလာခဲ့ပါပြီ။ ကျွန်တော်အပါအ၀င် အင်တာနက် ပေါ်မှာ ဘလောက်လို့အမည်ရတဲ့ ကိုပိုင် ၀က်ဆိုဒ် တပိုင်း ဖြစ်တဲ့ စာမျက်နှာလေးတွေမှာ သန်ရာ သန်ရာ ၊ ကို့အမြင် တွေ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ၊ ကျွန်တော်တို့ အိမ်မက်လေးတွေ ဖြန့်လာ ခဲ့ ကြတာလဲ အခုဆို ကျွန်တော်တောင် တနှစ်ကျော် လောက်ကြာလာ ခဲ့ပါပြီ။ ကျွန့် တော့ အရင် ရေးသားခဲ့ကြတဲ့ သူတွေ၊ အဲလို အားလုံးသော ဘလောက် ရေးသားသူတွေ၊ အထူးသဖြင့် မြန်မာ လိုရေးသားလို့ ရတဲ့ အခါ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသား နိုင်အောင် အခြင်းခြင်း ပညာတွေ ဝေငှ ၊ နည်းပညာတွေ ဖြေချ လို့ မြန်မာ ဘလောက်ဂါ တွေရယ်လို့ ပေါ်ပေါက် အမည်တပ် လို့ရလာခဲ့တာလဲ အချိန်လေး အတော်ကြာ ဖြတ် သန်းခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အင်တာ နက်ရဲ့ ပါဝါတခု ဖြစ်တဲ့ အခမယ့် ရယူနိုင်တဲ့နည်းပညာ တွေနဲ့ ၀န်ဆောင်မှုတွေ ကို အသုံးပြု ခဲ့ကြပြီး ကိုပိုင် ဘလောက်လေးတွေ ရေးနိုင်ခဲ့ကြပါတယ်။ ကျွန်တော် လေနဲနဲ ရှည်သွားပုံရတယ်ဗျာ။ ဆိုလိုချင်တာ ဒီလိုလေးပါ။ ကျွန်တော်တို့ ကိုယ့်ဘလောက်ကို ရေးကြရာမှာ ကို့အမြင်တွေ ကို အဓိက ရေးကြပါတယ်။ ပါစင်နယ် ဆန်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ ဘလောက်တွေကို ခေါင်းစဉ် အမျိုးမျိုး တတ်လို့ ရပါတယ်။ ကျွန်တော်တခါလဲ ဒီပုံစံလေးရေးခဲ့ဘူးပါတယ်။ ကျွန်တော်လုပ်တဲ့ ၊ ကျွန်တော် ရေးတဲ့ ပေါ်ကို မူတည်ပြီး ဒီဘလောက်ရဲ့ အမည်နဲ့ အနှစ်သာ ရ ဟာ ကွဲ ပြား သွားမှာပါဘဲ။ ဒါပေမယ့် အားလုံးသော ဘလောက်ဂါတွေ (အများစုလို့ထင်ပါသည်)
ရည်ရွယ်ရင်းတစ်ခု ရှိတယ်ဗျ။ အဲဒါ ကိုသိပြီးတဲ့ အကြောင်းအရာတွေ ကို ဝေငှ ပေး ချင်တယ်။ ဝေငှတဲ့နေရာမှာ အမျိုးမျိုး ရှိမှာပါ။ အဲဒီထဲက အတူညီဆုံးတစ်ခု ဟာ အင်တာနက်သုံးနေတဲ့ သူတွေတင်မက မသုံးရသေးတဲ့ သူတွေကိုပါ အသိပညာ ဝေငှ ပေးချင်ကြတယ်။ အတတ်ပညာတွေ ဝေငှချင်ကြတယ်။ ဒါကြောင့်လဲ ဘလောက်သက် နုနယ် နေ ကြသေးတဲ့ အချိန်ကတည်းက နေယနေ့ အထိ ကျွန်တော်တို့ နိုင်ငံတကာ က မြန်မာ ဘလောက်ဂါတွေရဲ့ရသမျိုးစုံပါတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စုစည်း ခဲ့ကြတာ ယနေ့အချိန်အထိပါ။ ကျွန်တော်တို့အခက် အခဲတွေ ကြားထဲက ကြိုးစားနေကြဆဲ ပါ။ နောက်ပိုင်း ရန်ကုန် နဲ့ မန်း မှာပါ အမှတ်တရ ဟော ပြောပွဲတွေ လုပ်နိုင်လာ ခဲ့ အောင် စုစည်းပေးနိုင်ခဲ့ကြပါတယ်။ မန်းကလဲ မန်း အလျောက် အောင်မြင်ပါတယ်။ ရန်ကုန် ကလဲ ရန်ကုန်အလျောက် အောင်မြင်ကြပါတယ်။ အဲဒီ အချိန်ကစလို့ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်တယ် တခုဖန်တီးကြပြီး ဘလောက်ဖတ်သူရော ရေးသူတွေပါ အကျိုးရှိစေမယ့် အစဉ်အစဉ်တွေ ပါတဲ့ဆိုဒ် တခုတည်ထောင်ဖို့ လေ့ လာ ကြိုးစားလာခဲ့ပြန်ပါတယ်။ နောက်ဆုံး အနေနဲ့ လာမည့် နွေက စလို့ ကျွန်တော်တို့ တွေ စုစည်းနိုင်တဲ့ အားတွေနဲ့ ပြည်တွင်း ပညာရေး တိုးတက်စေမယ့် တဖက်တလမ်း ဖြစ်တဲ့ ကွန်ပျုတာ အခြေခံ သင်တန်းတွေလို၊ ရုံးသုံးကွန်ပျုတာ လက်တွေ့ အသုံးချ သင်တန်းတွေလို အကျိုးရှိစေမယ့် သင်တန်းများ ကို အခမယ့် သင်ကြားပေး ကြဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ ပရဟိတ လုပ်ငန်းနဲ့ နည်းပညာ ပြန့်ပွားရေး အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ လက်တွေ့ဖော် ဆောင် နိုင် အောင်ကျွန်တော်တို့ ကြိုးစားကြဖို့ သဘော တူညီစွာနဲ့ လက်ခံခဲ့ကြပါတယ်။ အဲဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်တွင်း မှာလုပ်ဆောင်ကြမယ့် သူတွေ အတွက် များစွာသော ငွေအား၊ လူအား စတဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ဘလောက်ရေးသားသော ဆန္ဒရှိတဲ့ ဘလောက်ဂါများမဆို ပါဝင် ဆောင်ရွက် နိုင်စေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ မှာ ဘာ အရောင်မှ မဆိုး အဖြူရောင် သက်သက်လှုပ်ရှားခဲ့ကြတာပါ။ ပါဝင်သူတွေအနေနဲ့ မည်သည့် အကြောင်း အရာများ ကိုရေးသားနေသူ မဆို ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ရေးသား မှု တိုင်းအပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကာယကံရှင်သာလျှင် ခံစား တာဝန်ယူ နိုင်ရမည်ဆိုတဲ့ မူအရ ကျွန်တော်တို့ အားလုံးသော ဘလောက်ဂါများ အား ဖိတ်ခေါ် ခဲ့ ကြတာဖြစ်ပါတယ်။ အထက်ပါရေးသား ချက်များ ကတော့ ကျွန်တော့် ကိုယ်တိုင် ပါဝင်လာ ခဲ့တဲ့ ကျွန်တော့် မြန်မာ ဘလောက်ဂါဘာလဲ ဖြစ်ပါတယ်။ ဘလောက်ဂါဘယ်လဲ ဆိုတဲ့မေးခွန်း ကတော့ တယောက်ခြင်းရဲ့ သဘောထားနဲ့သာ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးသိမ်းကြုံးသဘော တူတယ်ဆိုတာ အိပ်မက် အရမ်းဆန်ပါ လိမ့်မယ်။ ကျွန်တော်တို့ ဟာ ကို့ အမြင် ၊ ကို့ အတွေး ၊ ကို့ပညာ တွေ ကို လွတ် လွတ် လပ်လပ်ဖြန့်ဝေနေတဲ့ သူတွေပါ။ ကျွန်တော်တို့ ဟာ သူတပါး အသုံးချခံတဲ့ သူတွေ မဖြစ်စေရပါဘူး၊ အဝေးကနေ ဘာတွေပြောပြော ကို့ အိမ်ထဲက အကြောင်း ကိုသိ ရသလို ကို့အိမ်ရဲ့ ကျေးဇူးကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရကြပါဘူး၊ မခေါ်ချင် နေလို့ ရပါတယ်၊ မတော်ချင်လို့ မရတဲ့ မြန်မာ စကားပုံကို နားလည်ကြမှာ ပါ။
ကျွန်တော်တို့ တဦးချင်း ယုံကြည်ရာ လျှောက်လှမ်း လို့ ရပါတယ်။ ကိုယုံကြည်တဲ့ လမ်း ကို ကိုလျှောက်ကြတာ အကောင်းဆုံးပါလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အသိပညာ ဖြန့်ဝေတဲ့၊ နည်းပညာ တွေ တန်းတူတတ်စေချင်တဲ့၊ ပညာရေးမှာ မနိမ့်ပါး ရအောင် ကျွန်တော်တို့သွားမှာပါ။ ကျွန်တော်တို့ လျှောက်တဲ့ လမ်းဟာ ကြမ်းနေမယ် ဆိုရင်တောင် သာသာ ယာယာ လျှောက် လှမ်း နိုင်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော့် ကို ကျွန်တော်ပြန်မေးပါတယ်။ ဘလောက်ဂါဘယ်လဲလို့ - - -
ရေးသူ...။ဘလာဂေါက် (ရေးသားသူအာဘော် ဖြစ်ပါသည်။)
Wednesday, February 6, 2008
နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေ အကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ် လပ်လပ်ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ် လပ်လပ်ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
Subscribe to:
Posts (Atom)