May your heart be filled with joy and sweet, from these moments may bring health, wealth, happiness, peace and prosperity
မောင်ဖုန်းမြင့်
ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Friday, December 25, 2020
Saturday, December 12, 2020
Sunday, November 1, 2020
သံဝေဂ တေးတိုင်းဟာ လည်း အဆွေးဓတ်ကိန်းနေပါတယ်။
ကမ္ဘာဉီးအစကလို ကောင်းကင်ပြာတွေအောက်မှာ
အဆုံးမဲ့ ပေါ့ပါးခြင်းမျိုးနဲ့
ပေါ့ပါးလွတ်လပ်ခဲ့ဖူးတယ် ဆိုပါစို့
လေထဲလွင့်သွားတဲ့ ပြာမှုန်တွေလို
ဘဝဟာ ဘာမှ မဟုတ်ဘူးလို့ လက်လွတ်စပယ် မပြောချင်ပါဘူး . . .
ဘဝရဲ့ အဓိပ္ပါယ် အတိအကျ အားလုံးဟာ
အခု လေဟာနယ်ဖြစ်သွား
သံဝေဂ တေးတိုင်းဟာ လည်း အဆွေးဓတ်ကိန်းနေပါတယ်။
MPM -01 November 2020
Thursday, April 25, 2019
နွေလယ်မီး ( ၄ )
ကပ်ပါးကောင်တစ်ကောင်လို
အသက်ရှုနေရတဲ့နွေဦးမှာ
လေလွင့်သူ
မြစ်တစ်စင်းပါ
အချစ်ရဲ့
. . .
မင်းမရှိတဲ့
အဓိပ္ပါယ်မှာ
ဘဝဆိုတာလည်း
ခင်တွယ်ချင်စရာ မကောင်းတော့ပြန်ဘူး။
ဒီလိုတိတ်ဆိတ်ခြင်း
အလယ်မှာ
ညတွေဟာ လှတယ်လို့
ဘယ်သူပြောခဲ့လဲ
. . . ။
မောင်ဖုန်းမြင့်
Friday, April 19, 2019
နွေလယ်မီး ( ၃ )
အချစ်ရေ
..
နွေဦးဟာ
တမြေ့ မြေ့ လောင်ကျွမ်းနေတဲ့
အဝါရောင်မီးလျှံပဲ
…
အလွမ်းစိတ်တွေအုံလာတိုင်း
အေးချမ်းပါစေကြောင်း
ဆုတောင်းမေတ္တာပို့တယ်
သတိရစိတ်တွေမှိုင်းလာတိုင်း
မင်းနာမည်ကို
ဂုဏ်တော်လိုရွတ်ပြီး
ဘယ်ဖက်ရင်အုံကို
ဖိထားရတယ်။
မောင်ဖုန်းမြင့်
Monday, April 15, 2019
နွေလယ်မီး ( ၂ )
အချစ်ရေ
..
ပျော်ရွှင်မှုဆိုတာ
ငါရှာမတွေ့တော့တဲ့အရာပါ။
နွေဦးဟာ
တိတ်ဆိတ် ပူလောင်လှချည်ရဲ့
ပွဲတော်တိုင်းမှာမင်းနဲ့လွဲမှတော့
ငါ့နေ့ရက်တိုင်းဟာ
ငရဲပဲပေါ့။
မောင်ဖုန်းမြင့်
၁၅၊ ၀၄ဈ ၂၀၁၉
Thursday, April 11, 2019
နွေလယ်မီး
အချစ်ရေ ..
နွေဦးလို့တော့ ပြောတာပဲ ..
အရူးကို မီးဝိုင်းနေတာကတော့
သံသရာဆိုတဲ့ ကိန်းဂဏန်း တစ်ခုလုံးပေါ့ ....
မောင်ဖုန်းမြင့်
Thursday, March 28, 2019
အငြိမ့်မင်းသမီးလေးတစ်ယောက်လို ငြိမ့်ငြိမ့်ညောင်းညောင်း
ကိုယ်က မင်းကို
အင်မတန်စွဲမက်စရာကောင်းတဲ့ အငြိမ့်မင်းသမီးလေးတစ်ယောက်ကို ချစ်ခဲ့ရသလိုမျိုး ချစ်ခဲ့တာ။
မီးရောင်အောက်မှာ လူပျက်တွေနဲ့ရော လူကောင်းတွေနဲ့ပါ တွဲတာမမြင်ချင၊် မမြင်ဝံ့ခဲ့တဲ့ကောင်လေ။
မင်းနဲ့ ငါ့ရဲ့ ကြားမှာ ကန့်လန့်ကာလေးတချပ်ခြားခဲ့ရင်တောင် အဲ့ဒီကန့်လန့်ကာကို ငြူစူနှောင်ဖွဲ့
သဝန်ကြောင်တတ်ခဲ့တဲ့ကောင်မျိုးပါ။
ကိုယ့်ရဲ့
အားနည်းချက်က မင်းအပေါ်မှာရှိခဲ့တဲ့ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြဖို့ ရှက်ရွံ့ခဲ့တဲ့
အားနည်းချက်ပဲထင်တယ်။ အဲ့ထက်ပိုချင်ရင် မင်းအပေါ်မှာ ဆိုးသွမ်းခဲ့တာတွေပါ ထည့်ပေါင်းပေါ့။
ဆင်ဝှေ့ရန်ရှောင်စကားတော့ မဟုတ်ဘူး ဒါတွေက
ချစ်လွန်းတဲ့စိတ်တွေကြောင့် အသိစိတ်ပျောက်တဲ့အထိ ရုးသွပ်ခဲ့တာပဲ ဖြစ်မယ်ထင်ပါတယ်။
ကိုယ့်အတ္တထက်
မင်းကိုပိုချစ်တယ်၊ ဒါပေမဲ့ အစွန်းထွက်အတ္တက မင်းအတွက်ငါက အရာရာ ဖြစ်စေချင်တယ်။ ဒါကလည်း
ယောက်ကျားတစ်ယောက်က သူ့ချစ်ရတဲ့သူက သူ့အပေါ်မှာ ယုံကြည်အားကိုးစေချင်တဲ့ စိတ်မျိုးပါပဲ။
မင်းနဲ့ ပက်သက်လို့
ရခဲ့စိတ်ဒဏ်ရာတွေက သိစိတ်မှာရော မသိစိတ်မှာ ပါ ဖွဲမီးလို တချိန်လုံး တငွေ့ငွေ့လောင်နေတာ။
မင်းအတွက် အရာရာ စွန့်လွှတ်ရင်ဆိုင်မယ် ဆိုတဲ့ နှလုံးသားအလိုဆန္ဒ နောက်ကို လိုက်မယ့်စိတ်နဲ့
ကိုယ့်အပေါ်မှာ သာမာန်လိုပဲ သဘောထားမှာလားဆိုတဲ့ စိတ်ကြားမှာ လူးလွန့်နေအောင် ခံစားခဲ့ရတာပေါ့။
ဒါတွေကို ထုတ်မပြောဖြစ်ပေခဲ့တာကလည်း မင်းအပေါ်မှာ အမြဲသံသယ ရှိနေတယ်လို မထင်စေချင်လို့ပဲ။
အချိန်နဲ့
နှစ်အပိုင်းအခြားတွေက အဓိက မဟုတ်ပါဘူး၊ လောဘကြီးတယ်ပဲ ပြောပါလေ ကိုယ့်ကို ကမ္ဘာဦး သမ္မာကျမ်းစာလို
မင်းယုံကြည်နေစေချင်တာက ကိုယ့်ရဲ့အစွန်းထွက်စိတ်ပဲ။ မင်းနဲ့ပက်သက်သမျှ ကိုယ်က ခေါင်းကိုင်ဖခင်လို
ဖြစ်ချင်နေတာမျိုး။ မင်းကြုံတွေ့ရသမျှ အတိတ်ဆိုးတွေအတွက် ဥုံဖွလို့ မန်းမှုတ်ဖယ်ရှားပေး
ချင်ခဲ့တယ့် မှော်ဆရာလိုမျိုး ဖြစ်ချင်ခဲ့တာ။
ဒါတွေက ရယ်ပွဲဖွဲ့စရာ
ဖြစ်ခဲ့ရတာမျိုးတွေရှိခဲ့တယ်၊ ပျက်ရယ်ပြုခံခဲ့ရတာမျိုးတွေရှိခဲ့တယ်။ နာကျင်ရပါတယ်။
ကြေကွဲစွာထိခိုက်ခံစားခဲ့ရပါတယ်။ ဒါတွေကို မင်းနားလည် ယုံကြည်ပေးနိုင်တဲ့ တစ်နေ့ ရှိနေမယ်ဆိုတာလည်း
ယုံကြည်ခဲ့ပါတယ်။
ကိုယ်ဟာ မင်းနဲ့ပက်သက်လို့
ရူးနေတာ နာရီစက္ကန့်တိုင်းပေါ့။ အဝေးကိုပြေးထွက်ခဲ့တဲ့ အချိန်ေ
တွလည်း ရှိခဲ့တာပဲ။ ဘဝတိုင်းဟာ
နှောင်ကြိုးတွေနဲ့ ရစ်သိုင်းထားတာလို့ အဓိပ္ပါယ်ဖွင့်ရင် ငါ့ရဲ့ နောက်ဆုံးချည်တိုင်က
မင်းပါပဲ။ ငါ့ဆုံးရှုံးခဲ့ရတဲ့ မင်းအပေါ်ကြင်နာခွင့်တွေလည်း ဆက်ရခွင့်လိုချင်ပါတယ်။
ချစ်ခဲ့ပြီးသော၊
ချစ်ခဲ့ရသော ချိုတဲ့ (ရဲ့/မယ့်) အချစ်တွေနဲ့ ဟောဒီကမ္လာမှာဆက်လက်အသက်ရှင် နေချင်ပါတယ်။
မင်းအတွက်
သံသရာတစ်ခုလုံးစာ ကျေးကျွန်ဖြစ်ချင်နေသူတစ်ယောက်။
M.P.M
Tuesday, March 26, 2019
မင်းက အေးဆေးဆိုပေမယ့် ငါ့မှာသေရေး၊ရှင်ရေး
အဆုံးစွန်လောင်ကျွမ်းမှုမှာဘယ်တော့မှ
သွေးမတိတ်မယ့် ဒါဏ်ရာနဲ့နာကျင်မှုဟာ နာကျဉ်းနေတဲ့ ခွေးတစ်ကောင်လို အူတယ်။ အို .. ဘယ်လို
ငရဲလဲကွယ် . . .ဘုရားအဆူဆူချွတ်တောင် မကျွတ်ပါရစေနဲ့။
လေဟာနယ်ထဲမှာ
ပြာမှုန်တွေလို လွင့်ထွက်သွားလိုက်တယ်၊ ဘဝဟာ ဘာလို့ နှမ်းစေ့လေးလောက်တောင် ငြိမ်းအေးခွင့်မရတာလဲ။
ဒါးစက်၊ လှံစက် အနန္တဟာ ဘယ်ဘက်ရင်အုံထက်မှာ ငရဲပွက်သလို ကခုန်နေတယ်။
သူရူးတစ်ယောက်ပါ၊
နင့်နင့်သည်းသည်း ရူးမိုက်ခဲ့ဖူးသူပါ၊ မပျော်ရွှင်မှု ဆည်းဆာရောင် အလျံငြီးငြီး ပျော်ကျသွားတယ်။
တေလေ ငှက်ရိုင်းရဲ့ အော်မည်သံစူးစူးဟာ ပိုရူးစေခဲ့ပေါ့။ အမှောင်ဟာ အဆိတ်ငြိမ်ဆုံး ငြိမ်သက်ခဲ့ပါပြီ။
အနက်ရောင်
ပွင့်ချပ်တွေဟာ ကြောက်မက်ဖွယ့် တခဲနက်ဟီသံပြုတယ်။ ဗဟိုပြုရာအရပ်မှ ဖဲ့ကျဉ်ရှောင်ခွာသူအတွက်
ထမ်းပိုးပို့ဆောင်ရသူ မြေနီလမ်းဟောင်းလေးလည်း ကျန်းမာရေး မကောင်းတော့ဘူး။
နတ်ဆိုးတမန်ရဲ့
ဦးခေါင်းက မီးလျှံနဲ့တူတဲ့ မြွေဦးခေါင်းတွေထွက်လာတယ်။ ခြောက်သွေ့ဖွယ် ရှင်သန်ခြင်းဟာ
ငြီးငွေ့စရာမကောင်းဘူးလား။ အို အိပ်မက်ထဲမှ အရိပ်တို့ စိတ်၏ လေလွင့်ရာအတိုင်းသာ ဦးတည်ရွက်တိုက်ပါလေ။
ကြားလား အေးစက်စက်
မရဏတေးသွား ရဲ့ ဆွတ်ပျံ့ဖွယ် သံပြိုင်တီးမှုတ်လိုက်သံ။ ရှုံးနိမ့်သူ ဘူတာလေးဟာ တရွေ့ရွေ့
ထွက်ခွာသွားရတော့မှာပါ။ ကောင်းသော ဘဝပါလို့ နှုတ်ဆက်လိုက်ပါတယ် ညခင်းရေ။
မင်းနံနက်ခင်းတိုင်း
အတိုင်းမသိလင်းပါစေ၊ ဆာယိုနာရာပါ ချိုခဲ့ဖူးတဲ့ အချစ်၊ . . .
M.P.M
Subscribe to:
Posts (Atom)