Saturday, August 11, 2012

The Thought- Fox


I imagine this midnight moment's forest:
Something else is alive
Beside the clock's loneliness
And this blank page where my fingers move.

Through the window I see no star:
Something more near
Though deeper within darkness
Is entering the loneliness:

Cold, delicately as the dark snow
A fox's nose touches twig, leaf;
Two eyes serve a movement, that now
And again now, and now, and now

Sets neat prints into the snow
Between tress, and warily a lame
Shadow lags by stump and in hollow
Of a body that is bold to come

Across  clearing ,an eye,
A widening deepening greenness.
Brilliantly,concentratedly,
Coming about its own business

Till,with a sudden sharp hot stink of fox
It enters the dark hole of the head.
The window is starless still; the clock ticks,
The page is printed.

Ted Huges

Friday, July 13, 2012

စဉ်းတီတုံး




သူတို့ခုတ်သမျှဓားချက်တွေ ငါ့ဇက်ပေါ်မှာလွှားကနဲ ..လွှားကနဲ
တစ်ခါတလေ ငရုတ်ကျည်ပွေ့လိုဟာတွေနဲ့ ငယ်ထိပ်ပေါ် တဒိုင်းဒိုင်းနှက်ကြသေးတာ
သားငါးလား အမဲဟင်းလျှာလား
အကြေးခွံများနဲ့ အရိအရွဲ ချွဲပျစ်ပျစ်မှန်သမျှ
 ငါ့ရင်ဘတ်ကြီးပေါ်က ခြစ်ထုတ်ကြပေါ့
မြန်မာနိုင်ငံသားကဗျာဆရာ မောင်ချောနွယ်ပြောသလို
 သန်းပေါင်းများစွာအတွက် ထွန်ယက်ခဲ့သူမဟုတ်တောင်
မိသားစု တစ်စုအတွက်ပေးဆပ်ခဲ့ရသူပါ
အိမ်သူသက်ထား လင်ယောင်္ကျားများ ခံတွင်းမျက်စေဖို့
ဖြစ်သမျှဒဏ် င၀က်ခံဆိုခံပါ့မယ်
တုံးအောက်ကဖားလို ပြားနိုင်သမျှပြားအောင်ဝပ်လျှက်
ပေဖြစ်တုန်းခံလိုက်မယ် တူဖြစ်တုန်းနှံကြပါစေပေါ့
မိသားစုဝင်အဖြစ်အသိအမှတ်မပြုချင်နေ
ခန်းဆောင်နီများနဲ့အဝေး မီးဖိုချောင်အတွင်းခွေလျှက်
မျက်နှာသာပေးရင်တောင် ရွှေရေးပန်းကန်မတက်ပြပါဘူး…စိတ်ချ
ဝိတ်ချချင်သူ အမျိုးသမီးများလည်း သံပုံရာသီးကအစ လှီးချင်သမျှလှီးပေါ့
ကြက်သွန်ဖြူလား၊ ကြက်သွန်နီလား
 ငရုတ်သီးဆို အစို၊အခြောက် မရွေး
ငယ်ထိပ်ပေါ်တက်၊ ကတုံးပေါ်ထိပ်ကွက်သလို ဓါးနဲ့နှက်
မကျည်းသား ၊ကုက္ကိုသား၊ မယ်လမင်း၊ ဖိုင်ဘာ၊ပလတ်စတစ်
မိတ်အင်ချိုင်းနား၊ မိတ်အင်ယိုးဒယား အမျိုးအစားခွဲခြားမနေပါဘူး
အရည်အသွေးကွာလတီအပြည့်အဝ
ရိတ်သမျှ၊ လှီးသမျှ
ဒီဘ၀  ဖြစ်သမျှ
လည်စင်းခံပြလိုက်မယ်
အာဂယောက်ျား ။

မောင်ဖုန်းမြင့်

Sunday, May 6, 2012

လှေကားထစ်များပေါ်ကကောက်နှုတ်ချက်

ဘာမှကန့်ကွက်စရာမရှိဘူး
စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့်
အတော်ကြာမှ
တိတ်ဆိတ်နေတဲ့အသံကို နားထောင်ကြည့်လိုက်စမ်း
သာယာလှပတဲ့အတိတ်တွေရကောင်းရပေမပေါ့
လှေစပ်ခိုင်းထားလိုက်တယ်
ပြောရရင်တော့
ပန်းချီကားထဲကသစ်ပင်နဲ့သစ်ပင်ထဲကပန်းချီကား
တောက်ခေါက်သံတစ်ချက်ထွက်လာတယ်
ရပ်တန့်မနေဘူး၊ အမြဲလှုပ်ရှားနေတယ်
ကျန်းမာရေးကို ဂရုစိုက်တယ်
သူကတော့ဘာမျှနားမလည်ဘူး
ငါ့ကိုယ်ထဲကအစိတ်အပိုင်းတစ်ခုလို
ဂျော်န်ကိဆိုတဲ့ကဗျာဆရာရဲ့စာအုပ်က
အင်ဂျီနီယာလုပ်ရင်ကောင်းမလားလို့ အကြံပေးတယ်
အဲ့ဒါကလည်း သူ့ထုံးစံအတိုင်း
ဂျုတီကုတ်ဝတ်ထားတဲ့ဆရာဝန်
သူတို့ကသေဖို့အချိန်တွေ ဆွဲဆန့်ပေးရုံပဲ
တံတားက ဟိုက်ဒဂါဆောက်သွားတဲ့တံတား
တောကြည့်တောင်ကြည့်လျှောက်ရင်တော့
နည်းနည်းကြာတာပေါ့လေ
ဘာစကားမှ မပြောဖြစ်ကြဘူး
ဉာဏ်ပူဇော်ခက သုံးဆယ့်ခုနှစ်သိန်းလောက်ရတာ
ရေးလိုက်ရတာ အကြောင်း၂ခုရှိတယ်
ဘာကြောင့်မှန်းတော့မသိဘူး
ကျေနပ်လို့ ပြီးမြောက်သွားတဲ့ပုံမျိုးနဲ့ ။
မောင်ဖုန်းမြင့်
(source : မြင့်သန်း၏ လှေကားထစ်တွေနှင့် အခြားဝတ္ထုတိုများမှ စာသားများ)

Monday, February 27, 2012

“စစ်” အကြောင်း သီချင်း

  တရားသည် . . .ဖြစ်စေ
  မတရားသည် . . . ဖြစ်စေ
  အသံအားဖြင့် . . . မကြားလို
  အဆင်းအားဖြင့်  . . . မမြင်လို
  ဆင်းရဲကင်း၍ ချမ်းသာခြင်း ရောက်စေ . . .
  ခလေးငယ်များနဲ့ မိခင်တွေ . . .
   ငြိမ်းချမ်းရေးတေး   . . . ဆိုပါစေ ။


         မောင်ဖုန်းမြင့်