
ချစ်သူ့ကမ်းခြေ
မင်းရှိရာသောင်ကမ်းကို
တလိမ့်ချင်းလာနေရတဲ့
လှိုင်းကလေးပါ
ပင်လယ်ကဗွီးပင်တွေလို
မင်းရယ်သံလွင်လွင်နဲ့လှပနေခဲ့
မိုးသားတောအုပ်ပြာပြာထဲ
အမှတ်မဲ့ ရေးခြစ်ခဲ့မင်းနာမည် .....
မုန်တိုင်းမကျခင်
ပင်လယ် ရင်ခွင်မှာလူးလိမ့်
မင်းအရိပ်တစုံတရာကို
စင်ရော်တွေ အစာမျှော်သလို ငါမျှော်နေခဲ့တယ် .....။
မောင်ဖုန်းမြင့် (၀၂.၀၇.၂၀၀၉)
(ဓါတ်ပုံ - အင်တာနက်)


