Friday, April 19, 2019

နွေလယ်မီး ( ၃ )




အချစ်ရေ ..
နွေဦးဟာ တမြေ့ မြေ့ လောင်ကျွမ်းနေတဲ့
အဝါရောင်မီးလျှံပဲ …
အလွမ်းစိတ်တွေအုံလာတိုင်း
အေးချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့တယ်
သတိရစိတ်တွေမှိုင်းလာတိုင်း
မင်းနာမည်ကို ဂုဏ်တော်လိုရွတ်ပြီး
ဘယ်ဖက်ရင်အုံကို ဖိထားရတယ်။  

မောင်ဖုန်းမြင့်