ဘော့ဒိုင်လန်ရဲ့ ၁၁၅ကြိမ်မြောက် အိပ်မက်ဟာ
သမိုင်းမှာ ကြွေးကျန်နေတဲ့ အရာအတွက်
အိမ်ကို အားလုံး ပြန်သယ်လာခဲ့လို့ပြောတယ်
တစ်စုံ တစ်ခု
ကို အော်ဒါလှမ်းထုတ်ပြီး
အခုမင်းရရင်သွားတော့ဆိုတဲ့
သဘောနဲ့
တောင်းပန်တဲ့အမူအယာ လုပ်ပြတယ်
သိပ်မကြာခင်
အိပ်ပျော်သွားပြီး
တံခါးဆီထွက်သွားဖို့
အတွက် မှောင်မည်းလွန်းနေတယ်။
တီတီတာတာ
ငှက်အော်သံနဲ့ မျောက်လိုလူရဲ့
၁၉၈၈ ခုနှစ်ထုတ်
ခရီးသွား အယ်လ်ဘမ်ပေါ့
ထူးထူးချွန်ချွန်
ကိုယ်တိုင် ပြန်သရော်လိုက်ပြီး
ပျော်ရွှင်နေတဲ့ လူ့အဖွဲ့စည်းသို့
ဗုံးတစ်လုံးလိုမြေပေါ်ထိုးဆင်းလိုက်တယ်
အချက်အလက်တွေနဲ့ ကိုင်ပေါက်လိုက်တော့
ကောလဟာလ တွေဟာ
သီချင်းဖြစ်သွားတယ်
မိန်းမချောလေးတွေရဲ့
အမဲလိုက်ခြင်းခံရတဲ့
သနားစရာလူရွယ်ဟာ
ရွှေအိုရောင်ကို ငြင်းပယ်လိုက်ရင်း
နောက်ဆုံး
အပိုဒ်အတွက်တော့ ရစ်သမ် ရောက်လာပါပြီ
သူ့မျိုးဆက်တစ်ခုလုံး
အတွက် ကဗျာဆရာ ဖြစ်ခဲ့တယ်ဆိုတဲ့လူ
သိပ်မကြာခင်မှာပဲ
အသက်၇၀ ပြည့်ခဲ့တာပေါ့။
မောင်ဖုန်းမြင့်
၁၀၊ ဩဂတ်၊၂၀၁၃
No comments:
Post a Comment