ညနေတိုင်း တိုးဝင်လျှောက်ခဲ့ရာ
လမ်းလေး. . .
တိမ်တွေကို ငေးကြည့်တိုင်း
စိုစွတ်ခဲ့မှု. . .
မိုးသားများရွေ့လျားရာ
ဆန့်ကျင်ဘက်သို့ ပြေးထွက်သွား စိတ်တွေ . .
ဘယ်သူမှ မသိပါဘူးလို့ ပြောရင်
ကိုယ့်ကိုယ်ကိုယ် လိမ်နေမှန်း
တစ်ယောက်ကတော့ သိမှာပေါ့. . .
ဆောင်းခိုငှက်တစ်အုပ် ထပျံသွားတဲ့
ပွင့်လင်းရာသီရောက်တိုင်း . .
"ခပ်သိမ်းသော သင်္ခါရတရားဆိုတာ
မမြဲဘူး" လို့ ဖြေသိမ့်မိမှာပဲ . .
MPM
24 June 2016
No comments:
Post a Comment