အဆုံးစွန်လောင်ကျွမ်းမှုမှာဘယ်တော့မှ
သွေးမတိတ်မယ့် ဒါဏ်ရာနဲ့နာကျင်မှုဟာ နာကျဉ်းနေတဲ့ ခွေးတစ်ကောင်လို အူတယ်။ အို .. ဘယ်လို
ငရဲလဲကွယ် . . .ဘုရားအဆူဆူချွတ်တောင် မကျွတ်ပါရစေနဲ့။
လေဟာနယ်ထဲမှာ
ပြာမှုန်တွေလို လွင့်ထွက်သွားလိုက်တယ်၊ ဘဝဟာ ဘာလို့ နှမ်းစေ့လေးလောက်တောင် ငြိမ်းအေးခွင့်မရတာလဲ။
ဒါးစက်၊ လှံစက် အနန္တဟာ ဘယ်ဘက်ရင်အုံထက်မှာ ငရဲပွက်သလို ကခုန်နေတယ်။
သူရူးတစ်ယောက်ပါ၊
နင့်နင့်သည်းသည်း ရူးမိုက်ခဲ့ဖူးသူပါ၊ မပျော်ရွှင်မှု ဆည်းဆာရောင် အလျံငြီးငြီး ပျော်ကျသွားတယ်။
တေလေ ငှက်ရိုင်းရဲ့ အော်မည်သံစူးစူးဟာ ပိုရူးစေခဲ့ပေါ့။ အမှောင်ဟာ အဆိတ်ငြိမ်ဆုံး ငြိမ်သက်ခဲ့ပါပြီ။
အနက်ရောင်
ပွင့်ချပ်တွေဟာ ကြောက်မက်ဖွယ့် တခဲနက်ဟီသံပြုတယ်။ ဗဟိုပြုရာအရပ်မှ ဖဲ့ကျဉ်ရှောင်ခွာသူအတွက်
ထမ်းပိုးပို့ဆောင်ရသူ မြေနီလမ်းဟောင်းလေးလည်း ကျန်းမာရေး မကောင်းတော့ဘူး။
နတ်ဆိုးတမန်ရဲ့
ဦးခေါင်းက မီးလျှံနဲ့တူတဲ့ မြွေဦးခေါင်းတွေထွက်လာတယ်။ ခြောက်သွေ့ဖွယ် ရှင်သန်ခြင်းဟာ
ငြီးငွေ့စရာမကောင်းဘူးလား။ အို အိပ်မက်ထဲမှ အရိပ်တို့ စိတ်၏ လေလွင့်ရာအတိုင်းသာ ဦးတည်ရွက်တိုက်ပါလေ။
ကြားလား အေးစက်စက်
မရဏတေးသွား ရဲ့ ဆွတ်ပျံ့ဖွယ် သံပြိုင်တီးမှုတ်လိုက်သံ။ ရှုံးနိမ့်သူ ဘူတာလေးဟာ တရွေ့ရွေ့
ထွက်ခွာသွားရတော့မှာပါ။ ကောင်းသော ဘဝပါလို့ နှုတ်ဆက်လိုက်ပါတယ် ညခင်းရေ။
မင်းနံနက်ခင်းတိုင်း
အတိုင်းမသိလင်းပါစေ၊ ဆာယိုနာရာပါ ချိုခဲ့ဖူးတဲ့ အချစ်၊ . . .
M.P.M
No comments:
Post a Comment