Friday, July 12, 2013

ပျားတဲ့ ပြားဟာ ပြားနေဆဲ ။






ငါဟာ နာကျင်ကြေကွဲနေတဲ့ ပျားတစ်ကောင်ဖြစ်တယ်။
ဆွတ်ပျံကြည်နှုးဖွယ်ရာ ရေဆိုးမြောင်းစီးသံကြားမှ လှဲလျှောင်းနေလိုက်တယ်။
ငါအော်ဟစ်ညှစ်ထုတ်လိုက်တဲ့ ပျားရည်ဟာ
ပျိုမေတို့ရဲ့ အလှလျို့ဝှက်ချက်
ပန်းပွင့်တွေအတွက် မျိုးဆက်ပွားဖို့ကလည်း ဝတ်မှုန်ကူးခြင်းနဲ့သန္ဓေတည်တဲ့
ပျားရည်ပဲ။
ပျားနဲ့ယင်မတူသလို
မယားနဲ့လင်၊ လင်နဲ့ မယားဟာလည်း ကွဲပြားခြားနားတယ်။
ပြည်သူ့အတွက် ပျားရည် ထုတ်လုပ်မှုစနစ်အတိုင်း
အလုပ်လုပ်တယ်၊ ကခုန်တယ်၊ ဘ၀ကို ချိုမြိန်အောင် တည်ဆောက်လိုက်တယ်။
ပျားတွေရဲ့ လှို့ဝှက်ဆန်းကြယ်မှုဟာ။ ဒဏ္ဍာရီထဲမှာ ရာစုနှစ်များစွာကြာအောင်
ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်တယ်။
မုတ်ဆိတ်ပျားစွဲထားတဲ့ ငနဲသားတွေကို ရံဖန်ရံခါ ဖျော်ဖြေမှု ပြုလုပ်ပေးရတယ်
ပျားရည်နဲ့ ၀မ်းချ အစီအစဉ် လာနေတဲ့ ရုပ်မြင်ခလုတ်တွေကို ထပိတ်ပစ်လိုက်တယ်
ဟုတ်တယ်။ ငါဟာ အဝေးထိန်းခလုတ်တစ်ခုလိုပျား
ပင်ပန်းနွမ်းနယ်လာတိုင်း ချိုင်းအောက်က အရေပြားကို ပျားရည်နဲ့သုတ်လိမ်းတယ်။
ပြောထားတဲ့ စကားမတည်ရင် ပြုတ်ထားတဲ့ ပျားဟာ ပြားသွားမယ်။
သားရှောသွားတဲ့ ပျားမ ဟာ၊ ဖုန်းခေါ်သံကြားတိုင်း တရှုံ့ရှုံ့ငိုနေတယ်။
စစ်အတွင်းက ကွဲကွာသွားတဲ့ ပျားတွေ ပြန်လာတော့
သ, မ, ထော, ပျား, တောကကျား, သက်ကား ရာကျော်ရှည်လတံ့ လို့ ဆုတောင်းပေးလိုက်တယ်။
ခေါင်းဆောင်ကြီးရဲ့ မွေးနေ့ပွဲအတွက်
မောင်တို့ဆိုလေ ပျားသကာလို ချိုလှစေ ကိတ်ကိုခွဲဝေ စားသောက်လိုက်ကြတယ်။

                                                   မောင်ဖုန်းမြင့်
                                                     10/7/2013