Monday, March 9, 2015

စုန်း (၁)



တိုင်းပြု ပြည်ပြု လွှတ်တော်ထဲ
စုန်းများ မပျံသန်းရ ဇုန်လို့ သတ်မှတ်လိုက်ကြတယ်။
ဗိုလ်ဒီမော့ နာမည်နဲ့ တံဆိပ်ခေါင်းတွေ
ထုတ်ဝေတဲ့ အခမ်းအနားမှာ
ခရီးရှည်ချီတက်သူတွေ ဟာ
ဟယ်ရီပေါ်တာ တွေ ဖြစ်တယ် ဆိုတဲ့ အကြောင်း
ဂျွန် က သီချင်း ညည်းနေတာပေါ့ ။

မောင်ဖုန်းမြင့်
၈၊၃၊၂၀၁၅။
ရန်ကုန်၊ မြန်မာ။