Thursday, April 25, 2019

နွေလယ်မီး ( ၄ )




ကပ်ပါးကောင်တစ်ကောင်လို
အသက်ရှုနေရတဲ့နွေဦးမှာ
လေလွင့်သူ မြစ်တစ်စင်းပါ
အချစ်ရဲ့ . . .
မင်းမရှိတဲ့ အဓိပ္ပါယ်မှာ
ဘဝဆိုတာလည်း ခင်တွယ်ချင်စရာ မကောင်းတော့ပြန်ဘူး။
ဒီလိုတိတ်ဆိတ်ခြင်း အလယ်မှာ
ညတွေဟာ လှတယ်လို့
ဘယ်သူပြောခဲ့လဲ . . . ။


မောင်ဖုန်းမြင့်



Friday, April 19, 2019

နွေလယ်မီး ( ၃ )




အချစ်ရေ ..
နွေဦးဟာ တမြေ့ မြေ့ လောင်ကျွမ်းနေတဲ့
အဝါရောင်မီးလျှံပဲ …
အလွမ်းစိတ်တွေအုံလာတိုင်း
အေးချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့တယ်
သတိရစိတ်တွေမှိုင်းလာတိုင်း
မင်းနာမည်ကို ဂုဏ်တော်လိုရွတ်ပြီး
ဘယ်ဖက်ရင်အုံကို ဖိထားရတယ်။  

မောင်ဖုန်းမြင့်

Monday, April 15, 2019

နွေလယ်မီး ( ၂ )




အချစ်ရေ ..
ပျော်ရွှင်မှုဆိုတာ ငါရှာမတွေ့တော့တဲ့အရာပါ။
နွေဦးဟာ တိတ်ဆိတ် ပူလောင်လှချည်ရဲ့
 ပွဲတော်တိုင်းမှာမင်းနဲ့လွဲမှတော့
ငါ့နေ့ရက်တိုင်းဟာ ငရဲပဲပေါ့။

မောင်ဖုန်းမြင့်
၁၅၊ ၀၄ဈ ၂၀၁၉

Thursday, April 11, 2019

နွေလယ်မီး




အချစ်ရေ ..
နွေဦးလို့တော့ ပြောတာပဲ ..
အရူးကို မီးဝိုင်းနေတာကတော့
သံသရာဆိုတဲ့ ကိန်းဂဏန်း တစ်ခုလုံးပေါ့ ....

မောင်ဖုန်းမြင့်