Monday, December 29, 2008

စံပယ်ဖြူတွေပွင့်ခဲ့ပြီးနောက် ............။


(သရုပ်ဖော်ပုံကို အောက်ပါလင့်မှ ယူပါသည် http://www.oknation.net/blog/home/blog_data/0/15000/images/jusmin2.JPG)

ညီမလေးရေ.......
မင်းခေါင်းထက် က စံပါယ်ဖြူ လှလှတွေ
အမြဲတမ်း မွှေးမြပါစေကွယ်....... ။

ဟောဒီလို ကွန်ကရစ် တောနက်ထဲ
လူသား နံရိုးနဲ့ ဖန်ဆင်း ထွင်းထုထားတဲ့
ငါ့ဂစ်တာကို မြုပ်နှံထား ခဲ့လိုက်တယ်.....။

ငါတို့ ဟာ ၂၁ ရာစု အရီနာ ကွင်းထဲက
ဂလက်ဒီရေတာတွေ မဟုတ်လား.....
ငါတို့ကိုယ်တိုင်
ဓါးတစ်စင်း လိုအထပ်ထပ်သွေးခဲ့ကြရ
နည်းပညာတွေကို ဇက်ကြိုးချူပ်
ဘဝပြေးလမ်းမှာ ဒုန်းပြေးနိုင်အောင်
ပျံသန်းကြ ၊ဖောက်ထွက်ကြရ
တတောလုံး ထောင်းလမောင်းထ အောင်
ရုန်းခဲ့ကြရတာ မဟုတ်လား......။

မောနေတယ် ဆိုပေမဲ့ လဲ
သက်လုံကောင်းအောင်ထိန်းထား
သက်ပြင်းခါးခါးတွေ မချမိပါစေနဲ့ကွယ်....။

ပြင်သစ်တွေက ရေနံတွေလိုချင် ပြီး.....
တရုတ်တွေက လမ်းမတွေ လိုချင် သတဲ့
ငါတို့ကိုယ်တိုင် လိုနေတာက
ပျံသန်းခွင့်လေးပါပဲ........
ညီမလေးရယ်......။

ငါတို့ဟာ ငြိမ်သက်လို့
ငါတို့ဟာ တိတ်ဆိတ်လွန်းနေခဲ့ရတယ်............။

ညကလပ် ၊ကာရာအိုကေ ၊အနှိပ်သည် ၊ ဘားပြာမယ်
ဒါတွေနဲ့တော့
ဘဝ ကို မဖလှယ်လိုက်နဲ့ကွယ်
ရိက္ခာ အမှားတွေထက်
သိက္ခာ တရား က ပိုကြီးမားခဲ့
ပလတ်စတစ် ပန်းကုံး အတုတွေထက်
စံပါယ်ဖြူလေးတွေက ပိုမွှေးပါတယ်.................။


ညီမလေးရေ......
မင်းခေါင်းထက် က စံပါယ်ဖြူ လှလှတွေ
အမြဲတမ်း မွှေးမြပါစေကွယ် .....................။


မောင်ဖုန်းမြင့်

Thursday, December 4, 2008

ဒီဇင်ဘာ အတွက် စာ....။

ဘာလိုလိုနဲ့ ..ဒီဇင်ဘာတောင်ရောက်လာပြီပဲ အကိုကြီးရေ.....မသိလိုက်မသိဘာသာနဲ့ပဲ ဒီဇင်ဘာရဲ့ အလယ်ခေါင် တည့်တည့် ရပ်နေမိသား ဖြစ်နေပါလား...။ဒီမှာတော့ နှင်းတွေ မကျဘူးဗျာ.. ၊ တကယ်တမ်း တော့လည်း နှင်းတွေကျနေတာထက်စာရင် မြူမှုန်လေးတွေ ဆိုင်းနေတာမျိုး ကို ကျနော်က ပိုကြိုက်တာ......။ အကိုကြိုက်တဲ့ အဆိုတော်ကြီး ခင်ဝမ်းရဲ့ ``ပြည်မှဆောင်း`` ထဲကလိုပေါ့ တစ်လောကလုံးမှာ ခရမ်းရောင် နှင်းမှုန်လေးတွေနဲ့ဆိုတော့ ..ဘယ်လောက် တွေး လို့ကောင်း ငေးလို့ကောင်းလိုက် မလဲနော် .. ။


ကျနော်နဲ့ အကိုတောင် မဆုံဖြစ်တာကြာပြီ .. စာတွေလဲ မရေးနိုင် ၊ မတွေးနိုင်တာ ကြာပေါ့ .. အကြောင်းပြ ရင် လောကဇတ်ခုံ ၊ ဇတ်လမ်း အစုံစုံပေါ့ အကိုရာ .. ၊ လူ့ဘဝ အချိန်တိုလေး အတွင်းမှာ လုပ်ချင်တာတွေက လဲ များသား ဗျာ၊ အခြေ အနေပေးရင် အကိုနဲ့ တောင် ၃၃ လမ်းထဲက လက်ဘက်ရည်ဆိုင်လေးထဲ မှာ ကျစိမ့်လေးမှာ ဆေးလိပ်လေးဖွာပြီး တောအကြောင်း ၊တောင်အကြောင်း ၊ သောင်းပြောင်းထွေလာ စကားဖောင်ဖွဲ့ ချင်သေးတာ ။ ပြီးတော့ အခွေလေးတစ်ခွေ လောက် လုပ်မယ်ဗျာ.. အကိုကို့ပဲ တီးခိုင်းရမှာပဲ၊ ကျနော်ကတောာ့တစ်ပုဒ်စ နှစ်ပုဒ် စ ဝင်ရေးတာပေါ့ ။ လသာသာည တွေမှာကလက်စီကယ် ဂစ်တာသမား Edgar Cruz ကို ခေါ်ပြီး ပန်းရည်ဘဏ်တိုက် သီချင်းကို Bohemian Rhapsody တီးသလို တီးခိုင်းမယ်ဗျာ.. ကျနော်တို့က မျက်စိလေး အသာမှိတ် ကိုယ်တွေ ယိမ်းနွဲ့ပြီး စည်းချက်လိုက် ၊ နတ်ဝင်သည် တွေ နတ်ပူး သလို မျိုး စီးမျောကြတာပေါ့ ။


လူနဲ့လူ့ပတ်ဝန်းကျင် ဆိုတာကလဲ အမြဲတမ်း ပြသနာ တစ်ခုမဟုတ် တစ်ခုရှိတတ်တာမျိုးကလား ၊ လူတွေ အကြောင်း ပိုပို သိလာရတာလဲ အမြတ်ပေါ့ ။ ကျနော်တို့ မြန်မာ ဘလော့ရွာ ကလေးမှာလဲ ဟိုးနား ညံစီစီ ၊ ဒီနားညံစီစီနဲ့ ပျော်စရာတစ်မျိုးပဲပေါ့ ဗျာ ။( ဒီကောင်မလေးကတော့ အမြဲတမ်းပွဲဆူ တယ်ဗျနော် ..းD ) ရောက်နေကြ ၊လည်နေကြ ဘလော့တွေနဲ့ညီအကို ၊ မောင်နှမ တွေရဲ့ ဘလော့တွေ ၊ ဘလော့ဖော် ၊ ဘလော့ဖက် ရောင်းရင်းတွေရဲ့ ဘလော့တွေ ကိုတောင် မရောက်နိုင် မလည်နိုင်တာ ကြာပြီ ၊ အချိန် အားလေးရရင်တော့ အပြးအလွား ရောက်အောင်သွားတာပါပဲ .. ရောက်မိ ၊ ဖတ်မိတယ် ဆိုရင်ပဲ အချိန်အကြာကြီးခွဲ နေရတဲ့ ရင်ဘတ်မိတ်ဆွေ တွေနဲ့ တဝကြီး စကားတွေ ပြောလိုက်ရသ လိုမျိုး ခံစားလိုက်ရ တာမျိုးပဲ ။

ခုတစ်လော လူတွေရဲ့ လုပ်ပုံကိုင်ပုံ မြင်ရတာ အချိုးမကျတော့ စိတ်ထဲက ကျလိ ကျလိ ဖြစ်လာတယ် ၊ ကိုယ့်လူတွေကလဲ ကိုယ့်လူတွေပဲဗျ နော်..။ အကိုရော အခုလို အခြေအနေ မျိုးကြုံရင် ဘာလုပ်မိမလဲ ? ကျနော်ထင်ပါတယ် ... ကဗျာ တစ်ပိုဒ်လောက် ရေးရင်ရေး ဒါမှမဟုတ် ဂစ်တာကိုခပ်ကြမ်းကြမ်းခေါက်ပြီး Rock သီချင်း တစ်ပိုဒ်လောက် ခပ်ကြမ်းကြမ်း ဆိုဖြစ်မယ်ထင်တယ်.. . အကိုရေးတဲ့ ပို့်စ်တစ်ပိုဒ်လို ဘဝဆိုတာတိုတိုလေး ချိုအောင်နေကြ လို့ပဲ ပြောချင်တော့တယ် ..။

တကယ်တမ်းကျနော်တို့တွေဟာ ကိုယ့်အသားကိုယ် ကိုက်ဖဲ့စားသုံးပြီး နာနာကျင်ကျင် ဟစ်အော်နေကြတဲ့လူတွေနဲ့တူတယ် ..။ ကိုယ်ပေးခဲ့သလောက် ကျနော်တို့ ပြန်ရတာတွေက ဒါဏ်ရာတွေပဲမဟုတ်လား ....။
ဆရာချော ရေးခဲ့သလို့ပေါ့ အကိုရာ အကိုနဲ့ ကျနော်က လမ်းချင်းတူလို့ လူချင်း တွေ့ကြတာ ဆိုပေမဲ့ ကျနော်တို့ ရဲ့ ရစ်ပတ်နှောင်ဖွဲ့မှု က သေးသေးကွေးကွေးမှမဟုတ်တာ .. ကဲလာ ကျနော်တို့ရွှေတူးသမားချင်း ကျောချင်းကပ်ထားလိုက်ကြစို့ ... ကျနော်တို့ ရရှိထားတဲ့ မြေပုံသိုက်ညွှန်းနဲ့ ရင်ဘတ်တွေကို တူးဆွ ..... ရတနာတွေ ဖွေရှာကြမယ်........။
အကိုကြီး ရေ ကဗျာဆိုတာ ကျနော်တို့ လက်ရ သိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ်မြို့ပါပဲ .....ကျနော်ကတော့ တစ်လက်မ မျှ နောက် ဆုတ်မပေးနိုင်တော့ ပါဘူးခင်ဗျာ......................။

( ရေးလက်စ ကဗျာတွေ နောက်ရက်မှ တင်လိုက်ပါ့မယ် ....၊ စိတ်ကျနေတုန်း ဒီဂစ်တာ သမားကို ကြည့်မိတော့ ချက်ချင်း fresh ဖြစ်သွား တယ် .... ။ PS ... ခွင့်မတောင်းပဲ အကို့ကိုပြောပြနေသလို ရေးလိုက်တာ ခွင့်လွှတ်.....:D )

Wednesday, November 12, 2008

စိတ်ကျ ဖျော်ရည်များ

စိတ်ကျ ခြင်းတွေကို အရည်ဖျော်သောက်လိုက်
အမှန် ဆိုတာ အခါးအသီးဆုံး အရာပဲ ..။



ဆော့ကရေးတီး ..ခင်ဗျာ...
၂ ပက်လောက်နဲ့ မရတော့ပါ
ခွက်လျှံအောင် လောင်းထဲ့
တစ်ခွက်ပြီးတစ်ခွက်မော့မယ်


အရင်လို လမ်းအိုလိုက်
စကားပုံ ကြိုက်သူတွေ အတွက်ကောင်းတယ်..။


ဟိန်းလိုက် ၊ဖိန်းလိုက်
တိမ်းလိုက် ၊ ယိမ်းလိုက်နဲ့
ရှိန်းဆာယာ ကိုယ်မပျောက်တဲ့
သင်္ကြန် အမြောက်တွေသာများလာခဲ့ .....။


ဥုံခံပြီး မန်းမှုတ် ၊ နှစ်ပေါင်း ၂၀ ကြာလည်း
ဒီကျောက်ရုပ်က တုပ်တုပ်တောင် မလှုပ်ဘူး



လူအစစ်တွေက ဂူထဲမှာ
လူအတုတွေက ....ကောင်းကင်နိုင်ငံတော်မှာ.....
စိတ်ပျက်ခြင်းတွေကို
ချွန်းမအုပ်နိုင်တော့ဘူး..............။



ဒိုင်ယာရီ တစ်အုပ်ဟာ
သူ့ကိုယ်သူ ချိတ်ပိတ်၊
သော့ခတ် အိပ်နေလိုက်တော့တယ်...။


နှုတ်ဆက်..စာတမ်းမှာ.......
နှစ်ပေါင်း ၂၀၀ ကြာရင် နှိုးပါတဲ့.......။


မောင်ဖုန်းမြင့်










Friday, October 10, 2008

"အချစ်ဆိုသည်မှာ"

မှားပါတယ် ဆရာတွတ်ရယ် လို့ပဲ အော်လိုက်ချင်တော့သည် ..။ ဘယ်သူရှိမလဲ ကိုအောင်သာငယ်
ဆိုသည့် နောင်တော်ကြီးပဲ ဖြစ်သည် သူကတော့ အခုတလော အလွန်အမင်းနုပျို တက်ကြွလွန်းကာ ခံစားမှု တွေ အားကောင်းလွန်းနေတော့ မျက်လုံးကို အတင်းပွတ်သပ်ကာ ကြည့်နေရသည် လူများ မှားနေ သလား ပေါ့လေ ။ သူ့ပိုစ်တွေက ဟောတစ်ပုဒ် ဟောတစ်ပုဒ် ဆိုသလို အတွေးကောင်းကောင်း အရေးကောင်းကောင်းနဲ့ လူကြီးခြေတက် ကြီး ပါလားဟ ဟု လက် ဖျားခါရလောက် အောင် ထွက်ထွက် လာတတ်သည်။


အခုလဲလာပြန်လေပြီ "အချစ် ဆိုသည်မှာတဲ့" သူ့ဘာသာ ခံစားမှု အားကောင်းကောင်းနှင့် ရေးသွားရုံနှင့် အားမရသေး ကျနော် အပါအဝင် ခင်ရာမင်ရာ ဘလော့ဂါတွေကို Tag game လုပ်သွားသည်။ သူရေးတာကို ဖတ်ကြည့်လိုက်တော့ တော်တော်လေး ဖျားသွားရသည် စကားလုံး ပြောင်ပြောင်တွေနဲ့ အနုပညာမြောက် လှပ အောင် ခံစားရေးဖွဲ့ခဲ့တော့ နောက်မှလိုက်ရေးရသည် လူမှာ သူ့ကို မှီဖို့ (ကျနော့် တစ်ဦးထဲအတွက် ပြောတာပါ) တော်တော်လေး အားထုတ်ယူရတော့သည် ။ ကျနော်က လူငယ်ခြေကျ ဖြစ်နေပြီ ထင်သည်။

တကယ်တမ်းပြောရလျှင် ကျနော်အနေဖြင့် Tag တာတွေကို သိပ်မရေးချင် ( အင်တာဗျုး မှာ မော်ဒယ်မလေးတွေ ပဲများသလို များကြည့်တာ၊းD အမှန်တော့ ကိုယ့်အကြောင်းတွေ ပေါ်ကုန်မှာစိုးလို့ ) မရေးချင်ဘူးပြောခဲ့လို့ ခင်မင်သော ဘလော့ဂါ မိတ်ဆွေလေး စိတ်ဆိုးဖူးခဲ့သည်။ အခုတော့ ကိုယ့် အကိုကြီးက ရေးခိုင်းတော့ ရေးပြီ အကိုကြီးရေ ( ငိုချင်ရက်နေရက်နဲ့ လက်တို့ခံရတဲ့ အထိစောင့်နေတာဗျာ။ )



http://www.danielpadilla.com/db2/00165/danielpadilla.com/_uimages/LoveDuoweb.jpg

" အချစ်ဆိုသည်မှာ"

လောကမှာ ဧကရာဇ် တွေ
မအောင်နိုင်သေးတဲ့ စစ်ပွဲတပွဲ ဖြစ်သည်...

မေ့လျှော့ခံရ ခြင်းများနှင့်
တမ်းတ လွမ်းဆွတ်ခြင်းများကို ဆောင်ကျဉ်းပေးခဲ့သည်

သစ္စာရှိ ကျေးကျွန် တစ်ဦးလိုဖြစ်ပြီး
ခက်ထန် တင်းမာသော အရှင်သခင်တစ်ဦးလဲဖြစ်သည်

ရုန်းထွက် လွတ်မြောက်ရန် ခက်ခဲသော ဝိဉဉ်ချည်ကြိုးဖြစ်ပြီး
အရာ အားလုံးမှ လွန်မြောက်စေနိုင်သော လောက အမွန်လဲဖြစ်သည်

စကြာဝဋ္ဌာ တံတိုင်း၌ ရေးထိုးထားသော အက္ခရာဖြစ်ပြီး
သဲသောင်ပြင် ထက် ဖွဖွရေးခဲ့သော စာလုံးတစ်ချို့လည်းဖြစ်သည်

တိမ်တိုက်တို့ ကင်းစင်သော ကောင်းကင်တစ်ခုဖြစ်၍
ကြယ်ရောင်တွေ မမြင်နိုင်သော အာကာပြင် တစ်ခုလဲဖြစ်သည်

တရှိုက်မက်မက် နမ်းရှိုက်ခဲ့သော ဒါဏ်ရာဖြစ်ပြီး
ဝေဒနာ မခံစားလိုက်ရသော သေခြင်းတရားလဲဖြစ်သည်

အတောက်ပဆုံး နေရာင်ခြည်ဖြစ်ပြီး
အချိုမြိန်ဆုံးသော လရောင်လဲ ဖြစ်သည်

ခိုးဝှက် ခံလိုက်ရတဲ့ အိပ်စက်ခြင်းတွေဖြစ်ပြီး
အစားထိုး အလျှော် ရခဲ့သော ကဗျာ များလဲဖြစ်သည်

နာကျင်စွာ အာခေါင်ခြစ် အော်ဟစ်လိုက်သော အော်သံဖြစ်ပြီး
စိတ်လိုလက်ရ ဟစ်ကြွေးခဲ့သော တေးချင်းတစ်ပုဒ်လဲဖြစ်သည်

မသိမ်းပိုက်နိုင်သေးသော မြို့တော် တစ်ခုဖြစ်ပြီး
လက်လွတ် လိုက်ရသော တိုင်းနိုင်ငံ တစ်ခုလဲဖြစ်သည်

ပြန်မတွေးချင်တော့သော အတိတ်တစ်ခု ဖြစ်ပြီး
ယုံကြည်နေခဲ့သော အနာဂတ် လဲဖြစ်သည်

ရှိသမျှ ချထိုးခဲ့သော လောင်းကစားပွဲတစ်ခုဖြစ်ပြီး
အသန့်ရှင်း ဆုံး ကစားခဲ့သော အားကစားပွဲလဲဖြစ်သည်

ဓါတ်ငွေ့ ကုန် အရှိန်လျော့ မီးပုံပျံ တစ်လုံးဖြစ်ပြီး
မြေဆွဲအားကို ရုန်းကန် ပျံသန်းနေသော အာကာသ ယဉ်တစ်စီးလဲဖြစ်သည်

ဖော်မြူလာ မရှိသော ပုံသေနည်းတစ်ခု ဖြစ်ပြီး
ဈေးကွက် တွက်ချက် ခဲ့သော ကိန်းသေမျဉ်း တစ်ခုလဲဖြစ်သည်

ပိတ်လှောင် ခံခဲ့ရသော ရေအိုင်သေဖြစ်ပြီး
တားဆီး မရနိုင်သော မြစ်တစ်စင်းလဲဖြစ်သည်

ချော်ရည် အပြည့် မီးတောင်သေ တစ်လုံးဖြစ်ပြီး
ဝင်ရိုးစွန်း တန်း၌ လောင်ကျွမ်းခဲ့သော မီးလျှံငယ်လဲဖြစ်သည်

ကန္တာရ အလယ်က ပိရမစ် တစ်ခုဖြစ်ပြီး
ပင်လယ်ကြမ်းပြင်အောက် မြုပ်နှံထားသော ရတနာ သိုက်လဲဖြစ်သည်

ဆေတန် ကြည်စားတဲ့ ကျိန်စာဖြစ်ပြီး
ဘရား သခင်ပေးတဲ့ ကောင်းချီးမင်္ဂလာလဲ ဖြစ်သည်

သူကိုယ်တိုင်က ဆွံအပြီး ၊သူပူးကပ်ခံရတဲ့ အရာတွေက အကျယ်လောင်ဆုံး ဟစ်အော်လို့ နေလေရဲ့........
သူကိုယ်တိုင်က ထိုင်းမှိုင်းပြီး ၊ သူ့တမာန်တော်တွေက ကတော့ အတက်ကြွဆုံး ဖြစ်နေပြန်ရော.........
သူကိုယ်တိုင်က မူးယစ်ပြီး ၊ သူရဲ့ သောက်သုံးခြင်းခံရတဲ့ အရာတွေက လန်းဆန်း နေပြန်တယ်............
သူကိုယ်တိုင်က နှေးကွေးပြီး ၊ သူရဲ့ အမိန့်နာခံရတဲ့သူတွေက အလျှင်မြန်ဆုံးဖြစ်နေတတ်တယ် .......
သူကိုယ်တိုင်က ချိနဲ့ပြီး ၊ သူ့ကိုယ် ခိုလှုံတဲ့ လူတွေက အင်းအား တောင့်တင်းလွန်းတယ်..........
သူကိုယ်တိုင်က အလျား ၊ အနံ မရှိဘူး သူ့နိုင်ငံတော်က အကန့်အသတ် မရှိ ကျယ်ပြန့်လွန်းနေတယ်...

သူဟာ ဟီရိုးအင်းနဲ့တူတယ် ၊ ဒါပေမဲ့ သူ့ရဲ့ အမြိုက်ရည်ကိုတော့ သောက်သုံးလို့ မဝနိုင်ခဲ့ဘူး.........။

မောင်ဖုန်းမြင့်


အခု ဒီ Tag game လေးကို လက်ဆင့်ကမ်း ချင်တာကတော့ ညီသွေးလို့ခေါ်တဲ့ ကြယ်ဇင်သွေးသားထူးနဲ့
ညမီးအိမ်ဖိုးသူတော် တို့ကို လက်ဆင့်ကမ်းလိုက်ပါတယ် အားရင် ရေးပေးကြပါခင်ဗျာ ။


Sunday, October 5, 2008

ပေးစာ တွေ ထဲမှာ




















ပေးစာ တွေထဲမှာ........
................................
............................... ။


ကမ်းကခွာ သူ သဘောင်္ဟာ
ပျော်ရွှင်စွာ ရွက်လွှင့်
ထွက်ခွာနိုင်ပြီဖြစ်ကြောင်း.....

ကြည့်သူမရှိတော့တဲ့
ပြဇတ်တစ်ပုဒ်ကို
ရင်ကွဲသူများ ဟုအမည်ပေးခဲ့ကြောင်း.........

အိပ့်မက်တွေကို
စိုက်လိုက်တာ
ရာသီဥတု နဲ့
သဟဇာတ မဖြစ်တဲ့ အကြောင်း...........

ပင်လယ်နက်နက်ထဲ
မုန်တိုင်းတိုက်ခံလိုက်ရတဲ့
ကျွန်းစုလေး ဆန်ဆန်ဖြစ်နေရကြောင်း........

ရထားမဆိုက်တာ ကြာနေပြီဖြစ်တဲ့
ဘူတာရုံလေးဟာ
ဆောင်းနံနက်ခင်းတစ်မှာ
အေးခဲသေဆုံးသွားကြောင်း..............

အမြင်အာရုံ ကို မှုန်ဝါးသွားစေတာ
မျက်ရည်များ တစ်မျိုးထဲကြောင့်
မဟုတ်ခဲ့ကြောင်း...................

မြို့ဟောင်းလေးမှာ
ရုံတင်ပြတဲ့
အချစ်၊သွေး၊သကြား၊လိင်၊ မျက်လှည့်
ဆိုတဲ့ဇတ်ကား
လူကြိုက်များခဲ့ကြောင်း....................

အမောမလုံတော့တဲ့
တာဝေးပြေးသမားတစ်ယောက်ဟာ
တဝက်တပျက်နဲ့ပဲ
နှုတ်ထွက်သွားခဲ့ကြောင်း...............

အနားသတ်မျဉ်း ကြောင်းပေါ်က
အစက် အပျောက်လေးတွေ
မှေးမှိန် ပျောက်ပျက်သွားခဲ့ကြောင်း...............

စစ်တုရင်ခုံပေါ်က
နယ်ရုပ်လေးတစ်ရုပ်အဖြစ်
ပျော်ဝင်ခဲ့ပြီဖြစ်ကြောင်း......................

အိမ်ဝေးနေတဲ့ ငှက်ဟာ
ဓါတ်ပေါင်းဖိုထဲ မရောက်သေးတဲ့
စွမ်းအားမြင့် သတ္တုဒြပ်စင်တစ်ခု ဖြစ်ခဲ့ကြောင်း...................

အဲ့ဒီလို ညတွေကို
ဆွဲဆန့်ကြည့်လိုက်ရင်
ဂလက်ဇီကို လွှမ်းခြုံထားတဲ့
အရေပြား စစ်စစ် တစ်ခုကို
တွေ့ရှိရမှာဖြစ်ကြောင်း.................

သတိရခြင်းတွေနဲ့
ရေးထိုးထားတဲ့ Tattoo ရုပ်တွေ
ခန္တာကိုယ်ပေါ်မှာ
ပြည့်နှက်ခဲ့ပြီဖြစ်ကြောင်း................

အစရှိသဖြင့်..............
................................
...............................
ပေးစာ တွေထဲမှာ.....



မောင်ဖုန်းမြင့်

Friday, October 3, 2008

ပထမံ မောင်ဖုန်းမြင့်

ပြန်ရောက် ပါပြီ မောင်ဖုန်းတစ်ယောက် ခရီးထွက်နေရာက နေ ပြန်ရောက်ပါပြီ ပထမံ ဆိုလို့လဲ တစ်မျိုးမထင် ကြနဲ့ဦး မောင်ဖုန်းရဲ့ ပထမဆုံးတွေကို ရေးမလို့ ခရီးထွက် ပြီးပြန်လာလို့ ဟိုလိုင်း ဒီလိုင်းပူးပြီး ကြောင်တောင်တောင် ဖြစ်သွားပြီလို့ မထင်လိုက်ကြနဲ့ဦးနော် ....ရောက်ရောက်ခြင်းမတော့ ပင်ပန်းတာရော အလုပ်ရှုပ်နေတာကြောင့်ပါ ဘလော့လေး ကို လှည့်မကြည့်နိုင် သေးဘူးခင်ဗျာ ကြည့်လဲ ကြည့်မိရော Tag ထားတာကြီးနဲ့ တည့်တည့် တိုးပါလေရော အကိုကြီးကိုအောင်သာငယ် ကလဲ မင်းကို ငါ Tag ထားတယ်နော်တဲ့ ခပ်တည်တည်နဲ့ ပြောသွားတယ် ။

သူရေးထားတဲ့ ပထမဆုံးဆိုတာတွေကို သွားဖတ်ကြည့် မိတော့လားလား ပထမဆုံး သူပစ်ဘူးတဲ့ သေနတ်က အေကေ 47 တဲ့ ပြီးတော့ Tag ထားတဲ့ လူတွေကို ရေးချင်ရေး မရေးချင်နေတဲ့ မောင်ဖုန်း မျက်စေ့ထဲမတော့ အေကေ ကြီးကို ပခုံးမှာထမ်း ဟွင်း ဟွင်း ဆိုတဲ့ ခနဲ့ တဲ့တဲ့ ရယ်သံနဲ့ ငါTag ထားတာ ကို မရေးလို့ကတော့ ဆိုတဲ့ သူ့ပုံစံကြီး ကို မြင်ယောင် မိတော့ ရေးရပြန်ပြီပေါ့ ( နောက်တာနော် အကိုကြီးးD)

Tag ထားတာက သူတစ်ယောက်ထဲမဟုတ်ပြန်ဘူး ညီသွေးလို့ ခေါ်တဲ့ ကြယ်စင်သွေး
သူကလဲ ကိုယ်ပေါင်ကိုယ်လှန်ထောင်းခြင်းတဲ့ သူရေးထားတဲ့ ပထမဆုံးဆိုတာတွေ ရဲ့နာမည်။ ပြီးတော့ သူက မောင်ဖုန်းတို့ ဂိုဏ်းက ပျံကျားရေး ဝံမင်း မရေးလို့ကလဲ မဖြစ်ပြန်ဘူး ရေးမယ်လို့ တွေးကြည့်ပြန် တော့လဲ သက်သာစရာ လမ်းကမမြင် မရေးလို့ကလဲမဖြစ် သေနတ်လဲ ကြောက်ရ ၊ဝံမင်းကိုလဲ ကြောက်ရ နဲ့ မောင်ဖုန်း တစ်သက်လုံး ဖုံးထားသမျှလေးတွေ ကုန်းခါမှပေါ်ဆိုတာ ဖြစ်ပြီ.. ။

အဲ့တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးလိုက်ပါတယ် ဒီဘဝရောက်နေမှ မောင်ဖုန်းရယ် ဘလော့ဂါလဲ လူပါပဲလို့ ..လာပါပြီခင်ဗျာ မောင်ဖုန်းမြင့်ရဲ့ ပထမဆုံးတွေဖြစ်တဲ့ ပထမံ မောင်ဖုန်းမြင့် ဇတ်တော်ကြီး စပါပြ.ီ...။

ဧတံ ဤကဲ့သို့ ပထမံ ပထမဦးဆုံး ဖြစ်သော အဟံ အကျွန်ုပ်၏ ကောင်းမှု မကောင်းမှု ထိုနှစ်မျိုးတို့ ကို တွံ သင်တို့သည် ဂဏှဟိ မှတ်ကြလေကုန်ရာ၏...။

ပထမဆုံးတက်ရသည့် ကျောင်း - အ.လ.က (၁) လမ်းမတော်

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (က)
ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်ခင်မာမြင့် (ထင်တာပဲ နာမည်တော့ သိပ်မမှတ်မှိတော့ဘူး အရိုက်ကြမ်းတာကတော့ မှတ်မိနေတာ )

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- အောင်နိုင် ဆိုတဲ့ သူငယ်ချင်း တရုတ်ကလေး အခုတော့ မရှိတော့ပါဘူး ဆုံးသွားရှာပြီ ၊ မောင်စိုးဆိုတဲ့ တစ်ယောက် ကတော့ရှိသေးတယ်

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သူ့နာမည်အရင်းကို သေချာမမှတ်မိတော့ဘူး (ကျနော် စစ နောက်နောက် နဲ့ ခေါ်တဲ့ နာမည်က ဆယ်ပြားစေ့တဲ့ ကျနော့်ထက် အသက်ကြီးတယ် ကျနော့်ကို မောင်လေးတစ်ယောက် လိုခင်ပြီး မုန့်တွေ ခဏ ခဏ ဝယ်ကျွေးဘူးတယ် )
ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ပထမဆုံး ဖတ်မိတာက ရွှေသွေး နဲ့ တေဇဂျာနယ် ပြီးတော့မှ ဆရာ မောင်ထင်ရဲ့ ငဘ နဲ့ ဂါလီဗာ ခရီးစဉ်

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ငါးလေးတစ်ကောင် ဖမ်းမိတယ် ဘာဖြစ်လို့လွှတ်လိုက်တယ် ဆိုတဲ့အင်္ဂလိပ် ကဗျာနဲ့ ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန် မနက်ကျောင်း တက်မယ် ဆိုတဲ့ ကဗျာ မူကြိုက ဆရာမ သင်ပေးတာ

ပထမဆုံး ရဖူးသောဆု - သိပ်တော်တဲ့ အထဲတော့ မပါဘူး တစ်နှစ် တစ်ခါ အမြဲတမ်း ဆုပေးလေ့ရှိတဲ့ ၁ ကနေ ၁၀ အတွင်းတော့ အမြဲဝင်တယ်

ပထမဆုံး စီးရသော ဘတ်စ်ကား - ၃၁ ဟိုင်းလပ်လေး အမေတို့နဲ့ ဘောက်ထော်က အဘွားအိမ် ကိုသွားလည်တာ ကားမူးပြီး ဘေးမှာ ထိုင်နေတဲ့ ဦးလေးကြီး တစ်ယောက်ရဲ့ ပေါင်ပေါ်ကို အန်ချလိုက်မိလို့ မှတ်မိနေတာ အဲ့လူကြီးက ဘယ်သွားလို့မလဲ မသိဘူး ရှိုးအပြည့်နဲ့ သူ့ဖြစ်သွားတဲ့ မျက်နာ ကို အခုအထိ မမေ့နိုင်သေးဘူး (ဘယ်တတ်နိုင်ပါမလဲ ခလေးပဲဟာနော် )

ပထမဆုံး ဆိုခဲ့သော သီချင်း - ခိုင်ထူး ရဲ့ တစ်ချို့တွေနေနိုင်လွန်း တယ် ဆိုတဲ့ သီချင်း လမ်းထိပ်က အုတ်ခုံပေါ်မှာ ဂစ်တာတီးရင်း ဆိုတာ

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ကိုယ့်အတွက် ကိုယ်မရေးဘူးဘူးဗျာ ၊ ရည်းစားစကားပဲ လိုက်ပြေဘူးတယ် ၊ သူငယ်ချင်းတွေ အတွက်တော့ ရေးပေးဘူးတယ်

ပထမဆုံး ကဗျာ - ယင်ကောင်များ ဆိုတဲ့ ကဗျာ

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - မော်လမြိုင် (ကျနော်က ရန်ကုန်သား)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - မလေးရှား ဆိုတဲ့ မာလာယု တိုင်းပြည်

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - လပ်ကီးစထရိုက် ၊

ပထမဆုံး သောက်ဖူးသော အရက် - မန္တလေးရမ်

ပထမဆုံး ပစ်ဖူးသော သေနတ် - လေသေနတ် ( ကန်တော်ကြီးထဲ မှာ ကျောင်းပြေးရင်း အပျော်ပစ်တာ )
ပထမဆုံး ဘလော့ပို့စ် - နေဘုန်းလတ် အတွက် အားလုံး စုပြီးတင်ကြတဲ့ ပို့စ်

ပထမဆုံးကျောင်းတက်တဲ့နေ့ -
ဇွန်လဲ ထဲမှာပဲလေ ရက်တော့ မမှတ်မိတော့ဘူး

ပထမဆုံးဖတ်တဲ့ဘလော့-
ကျော်ဇေယျ ရဲ့ ရောက်တတ်ရောက်ရာ
ပထမဆုံး ဝယ်တဲ့စာအုပ် - ဆရာ မောင်ချောနွယ်ရဲ့ ရထား ကဗျာ စာအုပ်နဲ့ ဆရာ မောင်သာနိုးရေးတဲ့ ထင်းရူးပင်ရိပ်
ပထမဆုံး ကျောင်းပြေးခြင်း- ရှစ်တန်းတုန်းက ကျောင်းပြေးပြီး အင်းလျားမှာ ရေသွားကူးတာ
ပထမဆုံး ကိုယ်ပိုင်ဂစ်တာ - အဖေဝယ်ပေးတဲ့ ဂစ်တာလေး
ပထမဆုံး အလုပ် - သိမ်ကြီးဈေးထဲမှာ လ္ဘက်ရောင်းတာ

ကဲကျနော့် အလှည့်တော့ ပြီးပြီ ကျနော်က ပြန် Tag ချင်တာကတော့ သားထူး ၊
မှုးဒါရီမမေအိခင်ဆိုင်ရှင်ကြီး ကိုမျိုးဝင်းဇော် တို့ကိုပါ.. မအားလို့ မရေးနိုင်ရင် လဲ ဘာမှမဖြစ်ပါဘူးခင်ဗျာ ။


Tuesday, September 16, 2008

ခွင့်တိုင်တယ်ဗျို့

အလုပ် ကိစ္စနဲ့ သွားစရာတစ်ခု အရေးပေါ် ပေါ်လာလို့.. ခရီးထွက်ရပါမယ်..သွားရမဲ့နေရာက အင်တာနက်သုံးလို့ ရမရ မသေချာသေးပါဘူး.... အနဲဆုံး၂ ပတ်လောက်တော့ ကြာမယ်ထင်တယ်ဗျာ...
မောင်ဖုန်းရဲ့ အိမ်ကလေးကို လာရောက်လည်ပတ် ကြတဲ့ ညီအကို ၊ မောင် ၊နှမ အားလုံးကို ခွင့်တိုင်ပါတယ်ဗျာ..
မောင်ဖုန်း မရှိတဲ့ အခိုက်မှာ အိမ်ကလေးကိုလဲ ကြည့်ရူ စောင့်ရှောက်ပေးကြပါဦး..။

ရေးပြီးသား ပိုစ့်တွေ အဆင်သင့် ရှိပေမဲ့ အချိန်မရတာနဲ့ မတင်ဖြစ်တော့ပါဘူး.. အခုလေးပဲ ခရီးထွက်ရတော့မှာမို့ မောင်ဖုန်းရဲ့ ဘလော့မိတ်ဆွေ ၊ ညီအကို မောင်နှမတွေကို အပြေးလာနှုတ်ဆက် ရတာပါ..။ ပြန်ရောက်တဲ့ အခါ ပို့စ်အသစ် အတွေ့အကြုံ့ အသစ်တွေနဲ့ အတိုးချ ပြီး လက်ဆောင်ပေး ပါ့မယ်.
အခုကတော့ ခွင့်လွှတ်ကြပါဦးဗျာ.......


ပြန်ဆုံကြသေးတာပေါ့ဗျာ... အားလုံးကိုကျေးဇူး တင်ပါတယ်..။
မောင်ဖုန်းမြင့်

Monday, September 8, 2008

မာယာပြပွဲ


အနက်ရှိုင်းဆုံး ဓါးတစ်ချောင်းနဲ့
ဘဝ တစ်ဆုံး
လက်ကုန်ထိုးချလိုက်တယ်

ကြီးကြီး ကျယ်ကျယ် ပြောပြီး
အိပ်မက်ဟောင်း တစ်ခုကို
ဖုန်ခါ ၊ပေါ်လစ်သုတ်
အစွံ ထုတ်ချင်တဲ့
အရောင်း ဈေးသည်လို
အတွေးအခေါ်မျိုးနဲ့ ကောင်

လူစည်ပြီ ဆိုရင်
ဘင်ကလေး ထုတ်တီးပြီး
ပခြုပ်ထဲ က အဆိပ်မရှိတဲ့မြွေကို
အလမ္မယ်ပြ
ငါကွ လို့ကြွေးကြော် တတ်တဲ့ကောင်

မင်းတို့ နင်းဘို့ လမ်းကို
ငါ့နှလုံးသားနဲ့ ခင်းထားပါတယ်တဲ့
အစရှိတဲ့
စကားလုံး တွေနဲ့ကစား
ဘုရားတောင်
မှန်မှန် မရှိခိုးတတ်တဲ့ကောင်

မရဲပဲ နဲ့ ကျွဲပြဲကလဲ စီးချင်သေး
ကံဇာတာ ဂြိုဟ် မစီးပဲနဲ့တောင်
ကိုယ် အမြီးကို လန့်ပြီးခုန် နေတတ်တဲ့ကောင်

ချစ်သော မိတ်ဆွေများ ခင်ဗျာ
ကမ္ဘာ မြေကြီးက သီးပွင့်သမျှအထဲ
ပဒိုင်းသီး တွေလဲ ပါခဲ့တာပဲ

မောင်ဖုန်းမြင့် ကိုယ်တိုင်ကလဲ
ပဒိုင်းသီးခပ်ကြီးကြီးတစ်လုံးဖြစ်တယ်


ရွေးချယ်မှုမှန်ကန်ဘို့ဆိုတာ
တံခါးတွေကို တွန်းဖွင့်ပစ်လိုက်ရုံပါပဲ

အထက်မြက်ဆုံး ဓါးတစ်ချောင်းဖြစ်ဖို့
သင်ကိုယ်တိုင်သွေးဖို့လိုတယ်


ဓါးသွားပေါ်က
ပျားရည်စက်တွေကိုတော့
မတပ်မက်မိ လိုက်စေနဲ့


မောင်ဖုန်းမြင့်



Thursday, August 28, 2008

ရွှေတံဆိပ်ပေါ်ကျတဲ့ မျက်ရည်


အထက်က ပုံလေးတွေက ကျနော့် မေးလ်ထဲကို ဖော်ဝပ်လုပ်လာတဲ့ ပုံကလေးတွေပါ ။ ဒီပုံထဲက ကလေးတွေ ကိုကြည့်ပြီး တွေးမိတာလေးတွေ ရေးကြည့်ရရင် ..။

သူ့နဂို ခေါင်းစဉ်ကတော့ How China Get Gold Medals တဲ့ တနည်းအားဖြင့် ကြည့်ရင်တော့ ကလေးတွေ ကို ထူးချွန်တဲ့ အားကစား သမားတွေ ဖြစ်လာဖို့ ကို ငယ်ငယ် ထဲကနေ လေ့ကျင်ပျိုးထောင် ပေးနေသလိုပါပဲ
ဒါပေမဲ့ ဒီကလေးတွေဘက် ကရော ဘယ်လိုခံစားချက်တွေ ရှိရှာလေမလဲ ၊ ပုံထဲ မှာ မြင်နေရသလောက် က တော့ ကလေးတွေ ဟာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ စိတ်ပါလက်ပါ လေ့ကျင် နေတဲ့ ပုံ မပေါ်ပါဘူး..။

ကလေးငယ်လေးတွေ ဆိုတာကလဲ သူတို့စိတ်တိုင်းကျ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှးဆော့ကစားနေရရင် မျက်
နှာလေးတွေက ဝင်းသန့်ကြည်လင်နေပြီး ချစ်စရာအလွန်ကောင်းတာမျိုးပါ .. ၊ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေကို ကြည့်လိုက်ရင် ကြည့်လိုက်ရသူရဲ့ စိတ်နှလုံးကို အေးချမ်းမှု တစ်မျိုးပေးပါတယ်...။

ထူးချွန် ထက်မြက်တဲ့ ကလေးငယ်လေးတွေ အဖြစ် အထူးသဖြင့် အိုလံပစ် လိုပြိုင်ပွဲမျိုးကနေ ရွှေတံဆိပ်တွေ ဆွတ်ခူးပြီး နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အားကစားမောင်မယ် လေးတွေအဖြစ် ရောက်ရှိလာဖို့ လေ့ကျင့်ပေးနေတာဟာ အင်မတန်ပဲ ဝမ်းသာဂုဏ်ယူ ဖို့ကောင်းပါတယ် ..။ ..သို့သော်... ဒီကလေးတွေရဲ့ စိတ်ဆန္ဒ မပါပဲနဲ့ လူကြီးတွေရဲ့ တစ်ဘက်သတ် အလိုဆန္ဒအရ မဖြစ်မနေ လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး ကတော့ဘယ်လိုမှ မကောင်းပါဘူး ။ ဒီကလေးတွေမှာရော အဲ့လိုမျိုး အလိုဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေခံရတဲ့ အတွက် စိတ်ဒါဏ်ရာတွေ ရရှိမသွားနိုင်ဘူးလား ဆိုတာ စဉ်းစားစရာပါ...။

ထူးချွန်တဲ့ လူငယ် မောင်မယ်လေးတွေတော့ ဖြစ်လာပါရဲ့ ရရှိလာတဲ့ စိတ်ဒါဏ်ရာ အစိုင်အခဲတွေကြောင့် စိတ်သဘောထား မပြည့်ဝတဲ့ ၊ သူတပါးတွေရဲ့ ခံစားချက် တွေကို နားလည်မှု မပေးနိုင်တဲ့၊ ငါမှငါဆိုတဲ့ အစွန်းရောက် အတ္တစိတ်တွေနဲ့ ထက်မြက်သူ လေးတွေ အဖြစ် ရောက်ရှိလာခဲ့တယ် ဆိုရင် လောက လူ့အသိုင်း အဝန်းကို အပြည့်အဝ အကျိုးရှိစေ နိုင်လာပါ့မလား...။
တော်တာကတော့ တော်ပါရဲ့ ဟစ်တလာတော်သလို တော်တယ် ဆိုတာမျိုးကတော့ နေရာ မကျပါဘူး ..။

အခုခေတ် ကလေးငယ်တွေဟာ အလွန် လျှင်မြန်လှတဲ့ ခေတ်၊ စနစ်ရဲ့ တောင်းဆိုမှု၊ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေ၊ လူကြီးမိဘတွေရဲ့ အတင်းအကျပ် ခိုင်းစေ မှုတွေကြားမှာသူတို့ကို ကြည့်ရတာတာဟာ မွန်းကြပ် ပိတ်လှောင် နေသလိုပါပဲ...။

ကျန်တော်တို့မြန်မာလူမျိုးမိဘတွေမှာလဲမသိစိတ်ကနေဖြစ်ပေါ်နေတဲ့ အတ္တစိတ်ကြောင့်၊ကိုယ်ကလေးသူငယ် လူငယ်ဘဝမှာ ဖြစ်မလာခဲ့တဲ့ အရာ တွေကို တလွဲမာနတွေနဲ့ ကိုယ့်ရဲ့ သားသမီးတွေ အလှည့်မှာ မဖြစ်မနေ အတင်း အကျပ် ပုံသွင်းခိုင်းစေမှုတွေ ကို တွေ့မြင် နေရပါတယ်..။ ဒါဟာ တရားမျှတမှု ရှိရဲ့လားဆိုတာ မေးချင်စရာပါ..။


ကလေးငယ် လေးတွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ပေးတယ် ဆိုတဲ့ နေရာမှာ လူကြီးမိဘတွေရဲ့ ဖြစ်ချင်စိတ် လွန်ကဲတဲ့ အတ္တမာနတွေကို ဘေးဖယ်ထားပြီး သဘာဝအတိုင်း ကြီးထွားတိုးတက်စေမယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်လာ ပါလိမ့်မယ်...။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ မျှမျှတတ တိုးတက် လာစေပြီး ထူးချွန်တဲ့ ၊စိတ်သဘောထားပြည့်ဝတဲ့ လူငယ်မောင်မယ် လေးတွေ အဖြစ်ကို ရောက်ရှိလာအောင် လူကြီး မိဘတွေ အနေနဲ့ ဝိုင်းဝန်းကြိုးစားဖို့ တာဝန် ရှိပါတယ်...။

ကျွန်တော် ကတော့ အိန္ဒိယ ကဗျာ စာဆို အကျော်အမော် ကြီး တဂိုး လေ့ကျင်သင်ကြားပေးတဲ့ ရှန်တိနိကေတန် လို ကျောင်းလေးမှာ ကလေးငယ်လေးတွေ တပျော်တပါး စာအံနေတဲ့ အသံတွေ နဲ့ အတူ သူတို့ ဆိုငြီးပြကြတဲ့ ချစ်စရာတေးသီချင်းသံလေးတွေ ကမ္ဘာမြေ တစ်လွှားမှာ လွင့်ပျံ့ လာတာကို နားစိုက်ထောင်နေပါ ဦးမယ်..။

Monday, August 18, 2008

"ရှင်ကွဲ"



မနက်ဖြန်ဆိုတာ
သိမ်းဆည်းထားရမဲ့ အရာမှမဟုတ်တာ
ဘဝ တစ်ခုလုံးကို
ငါးမျှားချိတ်မှာတပ်လိုက်
ပြီးတော့
လောကကြီး ကို မျှားကြည့်လိုက်ရအောင်
မာယာဆိုတာ
လိမ်လည်ခြင်း ကိုဖုံးထားတဲ့
သကြားခဲလေးပဲ မဟုတ်လား...။

အသံတစ်သံ နဲ့ အသံတစ်သံကြား
ချစ်ခြင်းတရားတစ်ခုနဲ့ နောက်ထပ်
ချစ်ခြင်းတရား တစ်ခုအကြား
သက္ကရာဇ် အဟောင်းတွေ ခြားခဲ့ပြီ...။

လွှတ်ချလိုက်တယ် ..
ဘယ်အရာက မြဲခဲ့ဘူးလဲ
"ခွမ်း" ကနဲ မကွဲခဲ့တာတောင်မှ
အက်ကြောင်း ဆိုတဲ့ ဒဏ်ရာ
သေရာပါ နေဦးမယ်....

မျက်နှာချင်းဆိုင် ရပ်ပါ
ကျောချင်းကပ် စရာ မလိုတော့ဘူး
နောက်ကျောက အနာထက်
ရင်ဘတ် က အနာတွေသာများခဲ့
"ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော" တဲ့
ချစ်သူ ၊ ခင်သူ တွေနဲ့
ကွေကွင်းရတာလဲ
ဆင်းရဲခြင်း တစ်မျိုးပဲ မဟုတ်လား...။

နေတတ်သလို နေခဲ့တာတောင်မှ
ဟောဒီ..
အလွမ်းဇတ်ကို မရပ်တန့်နိုင်ခဲ့ဘူး
သီချင်းတွေအော်ဆိုလိုက်တယ်
အပူတွေငြိမ်းလေမလားရယ်လို့...။


မောင်ဖုန်းမြင့်

Saturday, August 16, 2008

"ကူညီပါရစေ" ဟု ဆိုရာဝယ် ....

"ပြော...ကို...မပြောချင်တော့ဘူး"ဟု မြန်မာရုပ်ရှင် ခေတ်ဟောင်းကားများထဲက ဒေါ်မြလေး စတိုင်ဖြင့်သာ ဟစ် အော် ငြီးတွားလိုက်ချင် တော့သည် ။ အစကတော့ ယခုလို လူပြောသူပြောများ သော မလေးရဲတွေ အကြောင်း ကို နားလျှံအောင် ကြားနေရသည် သို့သော် သာမန်ကာ လျှံကာ လောက်သာ သဘောမှာထားမိသည် ။ ယခု လို ကိုယ်တွေ့ကြုံလိုက်မှ သူများတွေပြောသည် ကမှ လိုကောင်းလို ပေဦးတော့မည်...။

လွန်ခဲ့သော ၂ ရက်လောက်က မိတ်ဆွေ တစ်ယောက်က ညဘက် ရုတ်တရက် လာခေါ်သည်။ သူ့ကို ယခင် ကျနော် နေခဲ့သည့် အိမ် ခန်းဘက် ကိုရောက်မည် ဆိုလျှင် လမ်းကြုံ လိုက်ခဲ့ ချင်သည် ဟု ပြောထားခဲ့ဖူးသည်။ အရင် အိမ်ခန်း လေးက မသယ် ဖြစ်သေးသည့် ကျနော့် ပစ္စည်း ပစ္စယ များကို လမ်းကြုံသယ်ချင်၍ ဖြစ်သည်။ ထိုနေ့မှ သူကလဲ အဲ့ဒီဘက်ကို သွား၍ ပစ္စည်းတစ်ခု ယူစရာရှိတော့ အတော် ပဲပေါ့ အသွားတွင် သူ့ဆိုင်ကယ်ဖြင့်သွား ၍ အပြန်တွင် ကျနော်က ပစ္စည်း တွေတင်ပြီး ကားငှါးပြန်ကြမည် ဟု တိုင်ပင်ကာ ထွက်လာခဲ့ကြသည် ။

နှစ်ယောက်သား အိမ်က ထွက်လို့ ၁၀ မိနစ် ဝန်းကျင်လောက် ပဲရှိဦးမည် block check နှင့် တည့်တည့် တိုးမိ လေသည် ။ ရုပ်ရှင်တွေထဲကလို ရဲကားများနှင့် လမ်းပိတ်ထားကာ လမ်းသွားလမ်းလာ ကားများ ၊ ဆိုင်ကယ် များကို ရဲများက လက်နက်အပြည့်အစုံ နှင့် ရပ်တန့် စစ်ဆေးနေ ခြင်းဖြစ်သည် ။ သူတို့ block ချထားသည်က မီးပ္ပိုင့် အကျော်မှောင်ရိပ်လေးထဲ မှာ ၊ ကျနော် နှင့် ကျနော့် မိတ်ဆွေကလဲ ညဘက် လူရှင်းတဲ့ အချိန်ဆိုတော့ စကားလေးတစ်ပြောပြော နဲ့ အမှတ်တမဲ့ပင် ၊ မီးပွိုင့် ကိုဖြတ်အကူး ထွက်တား သည့် ရဲကို တွေ့လိုက်ရမှပင် block ဟု သိလိုက်ရတော့သည် ။

ဘာတတ်နိုင်မှာလဲ ရှင်းပေါ့ ဒါပဲရှိတော့တဲ့ ဟာ ၊ ရဲက အနားရောက် လာပြီးမေးပါသည် "လိုင်စင်" တဲ့ ကျနော့် မိတ်ဆွေက ထုတ်ပေးလိုက်သည်။ ယူကြည့်ပြီး "ပတ်စပို့" တဲ့ ထပ်တောင်းပြန်သည် ။ ကျနော့်မိတ်ဆွေက ပတ်စပို့ စာအုပ်ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာဌါနသို့ အကြောင်းကြားထားပြီးသူ။ သူ့မှာက ရဲဌါနနှင့် အင်မီဂရေး ရှင်းက ထုတ်ပေးထားသော စာအုပ် ပျောက်ဆုံးကြောင်း ထောက်ခံချက်သာပါသည် ။ အဲ့သည်ဟာ ကို ထုတ် ပေးလိုက်တော့ မျက်မှောင်ကုပ်ပြီး သေချာကြည့်သည် ပြီးမှ "မင်းအောက်ကိုဆင်းပြီး ငါနှင့်လိုက်ခဲ့" ဟု စားပွဲနှင့် ထိုင်နေသော သူတို့ အရာရှိထံ ခေါ်သွားသည် ။ ကျနော် ကတော့ရဲတွေ မျက်စေ့နောက်ပြီး အရစ်ရှည်မှာ စိုး သောကြောင့် ဆိုင်ကယ်နောက်မြီးမှာ ခပ်ရို့ရို့လေး ထိုင်စောင့် နေခဲ့သည်။

ထိုအချိန်မှာပင် နောက်က ကားတွေတား၍ စစ်နေသော ရဲက ဘာစိတ်ကူးပေါက်သည်မသိ ရုတ်တရက် ကျနော့်ဘက်လှည့်ကာ "အဲဒါမင်းသူငယ်ချင်းလား" ဟု မေးသည် ၊ "အေးဟုတ်တယ်" ဆိုတော့ "သူက ဘာမ ရှိတာလဲ"ဟု ထပ်မေးပြန်သည် ။ ကျနော်က " သူ့မှာ အကုန်လုံး ရှိပါတယ်" ဆိုတော့ "မင်းရော"တဲ့ " ကျနော် က အေးအေး ဆေးဆေးပင် "ငါ့မှာပါမစ် ရှိတယ်"ဆိုတော့ "ဘယ်မှာလဲပြ" တဲ့ ကျနော် သူ့ကိုပြဖို့ ဘောင်းဘီ နောက်အိတ်ထဲက ပိုက်ဆံအိတ် ကို စမ်းတော့.....သွားပြီ... ချက်ချင်းပင် ခေါင်းနပန်းကြီးသွားရသည် အပြင် ထွက်ခါနီး ဘောင်းဘီလဲဝတ်တော့ ပိုက်ဆံအိတ်က ချွတ်ခဲ့သည့် ဘောင်းဘီထဲမှာ ကျန်ခဲ့ပြီ ။

အတန်ကြာ ဟိုစမ်း ၊ ဒီစမ်းလျှောက် စမ်းတော့မှ သက်တမ်း မကျန်တော့သည့် ယမန်နှစ်က ကဒ်ပြား အဟောင်းလေး သာစမ်းမိသည် ။မထူးတော့ပြီမို့ အဲဒါလေးပဲထုတ် ပြလိုက်ရသည် သူက ယူကြည့်ပြီး
"ini sudah mathi " "manna baru" တဲ့ "ဒီကဒ်က သေနေပြီပဲ" "ဘယ်မှာလဲ အသစ်" ဆိုတော့ ကျနော် က "saya lupa" "ငါမေ့လာတယ်"လို့ပြောလိုက် သည်နှင့် "လာ မင်းပါလိုက် ခဲ့" ဆိုပြီး ကျနော့် မိတ်ဆွေကို စစ်မေးနေသည့် သူတို့ အရာရှိထံခေါ်သွားသည် ။ အရာရှိဆိုသူထံ ရောက်တော့ " မင်းဒီကဒ်ကို ကိုင်လို့ မရတော့ဘူး ဆိုတာ မသိဘူးလား" "သိပါတယ် ငါမေ့လာလို့ " "ဒါဆို မင်းရဲ့ အလုပ်ကို ငါဖုံးဆက်ကြည့်မယ်"
"ရတယ် ဆက်" ဟုပြောပြီး လိပ်စာကဒ်ပြား ပေးလိုက်တော့ ကျနော့် မိတ်ဆွေဘက် ကို လှည့်သွားသည် ..။

" မင်းရဲ့လိုင်စင်က မလေးရှားမှာကိုင်ဆောင်ခွင့်မရှိဘူး" ကျနော် လှမ်းကြည့်မိလိုက်တော့ ကျနော့်မိတ်ဆွေရဲ့ လိုင်စင်က မြန်မာပြည်မှ ထုတ်ပေးထားသည့် International Driving Licence ဖြစ်နေသည် ။ ကျနော့် မိတ် ဆွေက လဲ မလေးလိုမပြောတတ် ရဲလုပ်သူကလဲ အဂ်လိပ်လို မပြောနိုင် ဆိုတော့ ကျနော်ကပဲ ကြားက ဝင်ပြီး "ရပါတယ် ဒီလိုင်စင် က နိုင်ငံတကာမှာမောင်းခွင့် ရှိတာပဲ" ပြောလျှင် သူက " ငါတို့ဆီက ခွင့်ပြုတဲ့ တံဆိပ်တုံး ထုဖို့လိုသေးတယ်လေ"ဟုဆိုပြီး ဘေးဘီဝဲယာသို့ မျက်လုံးကစားကာ ကြည့်လေသည် ။ ကျနော်လဲ ဘာများ ကြည့်တာလဲ ဟု လိုက်ကြည့်မိတော့မှ အထာပေါက်သွားသည် ...လား..လား ..သူထိုင်နေသည့် နေရာနားမှာ မည်သူမှမရှိတော့ ကျန်သည့် ရဲတွေကလဲ နောက်ဝင်လာသည့် ကားများ ၊ ဆိုင်ကယ်များကို စစ်သူစစ် ၊ မေးသူ မေးနှင့် အလုပ်ရှုပ်နေကြသည် ။

ကျနော်လဲ သူ့အနားတိုးကာ "မင်းငါတို့ကို ကူညီပါလားကွာ" ဆိုတော့ "ဘယ်လို ကူညီရမလဲ ပြောလေ" တဲ့ "မင်းကို ပြုစုမယ်လေ" လို့ စကားခေါ်ကြည့်တော့ "ဒီမှာ ငါ့လူတွေကအများကြီးရှိတယ်" လို့ပြန်ဖြေသည် ၊ သူ ပြောသည့် အဓိပ္ပါယ်က နည်းနည်း နှင့်တော့ နာမည်ပျက်တယ် ဆိုတာမျိုး ။ ဒါမျိုးတော့ ကျနော်လည်း နားလည် ပါသည် ပါလာသည့် ရင်းဂစ် ၅၀ တန် တစ်ရွက်ကို အလျင်အမြန် ဆွဲထုတ်လိုက်ကာ သေးအောင် ခေါက်၍ သူ့အနားသို့ ကပ်ခါပေးလိုက်သည် ။ ထို ဆရာသမားက အသေအချာ ကြည့်ပြီးမှ သိမ်းယူထားသော ကျနော်တို့၏ စာရွက် ၊ စာတမ်းများနှင့် ဆိုင်ကယ်သော့ကို ထုတ်ပေးပြီး သူကိုယ်တိုင် ဆိုင်ကယ်ရပ် ထားရာ သို့လိုက်ပို့ပေးလေသည်....။

ကျနော်တို့ ဆိုင်ကယ်စက် နှိုး၍ မောင်းအထွက် ထို ကိုရွှေရဲအရာရှိမှ ဖောက်သည် အသစ်လေးတွေကို နှုတ် ဆက်သည့် ဟန်မျိုးဖြင့် "နောက်လဲ အကူအညီလိုရင် ပြောပေါ့ကွာ" ဟု ပြောရင်း လက်ဆွဲ နှုတ်ဆက်ကာ မိန့်မိန့် ကြီး ပြုံးရင်း အနောက်ဘက် ၌ တဖြည်းဖြည်း ဝေးကွာ ကျန်ရစ်ခဲ့ လေသည်............။

Sunday, August 10, 2008

တန်ဘိုးကြီးတဲ့ အိုလံပစ်တဲ့လား

မနေ့ညက အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို မောင်ဖုန်း အထူးတန်းက နေကြည့်ခွင့် ရခဲ့ပါတယ် ..။ ဟဲဟဲ .. အထင်ကြီးသွားလား အထူးတန်းဆိုတာ လူတွေအားလုံး စုကြည့်တဲ့ တီဗီရှေ့နားလေးမှာ ကော်ဖီတစ်ခွက်နဲ့ စီးကရက်လေး ဖွာရင်း ကြည့်တာကိုပြောတာပါ..။ ဘယ်လိုလုပ်ပြီး စိနတိုင်းကို သွားကြည့်နိုင်ပါ့ မလဲခင်ဗျာ ။
ဒီလောက်ဈေးတွေ ခေါင်ခိုက်နေတဲ့ဟာ ။ ပြောမဲ့သာပြောတာပါ ကွင်းထဲက သွားကြည့်ရင်တောင် ဒီလောက်မြင် ကွင်းကကောင်းမှာမဟုတ်ဘူး အခုတော့ ကိုရွှေကင်မရာမင်းက အနီးကပ်ရိုက်ပြလိုက် အဝေးကြီးက ရိုက်ပြလိုက်ဆိုတော့ဖွင့်ပွဲကျင်းပရာငှက်သိုက်(သတင်းတွေ ထဲမတော့Bird's Nest လို့ရေးထားလေရဲ့)အားကစားရုံကြီးကို ဒေါင့်စုံဘက်စုံ ကမြင်ကွင်းကောင်းကောင်းနဲ့ မြင်နေရတာပေါ့ဗျာ ။

ဖွင့်ပွဲအခမ်းအနား မှာတော့ကျနော်တို့ဆွေမျိုးပေါက်ဖော်တွေက ထွင်သလားမမေးနဲ့ ၊ ကမ္ဘာ့ ငထွင်ကြီးဘွဲ့ တောင်ပေးဘို့ ကောင်းတယ် ။ သုံးလိုက်တဲ့လူဆိုတာလဲ သောက်သောက်လဲ လူဦးရေ များတိုင်းကို သုံးထားတာ ပဲ ၊ အိုလံပစ် မီးရှုးတိုင် ထွန်းတာတောင်မှ ရိုးရိုး မထွန်းဘူး သိုင်းကားတွေထဲက လို မိုးပေါ်မှာ ပျံဝဲပြီးမှထွန်းတာ
အခမ်းအနား ကျင်းပနေတုန်း ပတ်ဝန်းကျင် က လူနေအိမ်ခြေတွေကို မီးအမှောင်ချထားတော့ မဆီမဆိုင် ရန်ကုန်ကိုတောင်ပြေးသတိရလိုက်မိသေးတယ်၊ဒီလို အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကိုဘယ်လောက်ပဲ ထယ်ထယ်ဝါဝါ ဖြစ်အောင် လုပ်ပါစေ မောင်ဖုန်း မျက်စိထဲမတော့ ရွှေဝါရောင် တော်လှန်ရေးက ဘုန်းဘုန်းတွေ ချီတက်လာတဲပုံရယ် ၊တိဗက်ဒေသ က မဟာယန ကိုယ်တော် တွေ လည်ပင်းကို တက်နင်းထားတဲ့ တရုတ်စစ် သားပုံတွေပဲ သွားမြင်နေတာဗျား ။ အကောင်းမမြင်တတ် ဘူးလို့ပြောလဲပြောပါစေတော့နော် ။

ဒါနဲ့မဆီမဆိုင်ဗျာ ဟိုက တရုတ်ပြည်မကြီးမှာ အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကို မီးရူး မီးပန်းတွေဖောက်တော့ မောင်ဖုန်းနေတဲ့ အိမ်နားလေးက မလေး တရုတ်တွေက ပါ မီးပန်းတွေထဖောက်ပါရောလား ၊ ညဘက် လူခြေတိတ်ချိန် ကြီး သူတို့က ဝုန်းဒိုင်း ၊ ဝုန်းဒိုင်းတွေ လုပ်တော့ ဘာများဖြစ်တာလဲလို့ ထကြည့်ရသေးတယ်။ ပြီးမှ ဘာမှ မဟုတ်လို့ တရုတ်လိုပဲ ဆဲလိုက်ပါတယ်။(ဟတ်ဟတ် မကြားအောင်ပေါ့ဗျာ) အင်းသူတို့လဲ သခင်မျိုးဟေ့ ဒို့တရုတ် ဆိုပြီးဂုဏ်ယူတာနေမှာပေါ့ဗျာ ။

တရုတ် စစ်တပ်က ဒရမ်သမား 2008 ယောက်က ဖွင့်ပွဲစတင်မဲ့ အချိန်ကို ရေပြီး ဒရမ်တီးနေတာပေါ့ ၊ အချိန်လဲ စေ့ရော မောင်ဖုန်းတို့ ဘဘကြီးရဲ့ဆရာ ဟူကျင်းတောင် က အားကစား ပွဲကြီး ဖွင့်လှစ် ကြောင်းကို ကြော်ငြာ တာပေါ့ခင်ဗျာ ပြီးမှ ( IOC ) ဥက္ကဌ က အာလူးတွေ ဖုတ်ပါလေရော ဘာတဲ့ "ကာလရှည်ကြာစွာထဲက ရှိခဲ့တဲ့ တရုတ်ပြည်ရဲ့ အိပ်မက်ဟာ တံခါးတွေ ဖွင့်ပြီးတော့ပြင်ပ ကမ္ဘာကို ဖိတ်ခေါ်ပြချင် တာပါတဲ့ ခုဒီည မှာဒီအိပ့်မက် ဟာတကယ် ဖြစ်လာပါပြီ " ဆိုလားပဲ မောင်ဖုန်းလဲ တတ်သလောက်လေးဘာသာပြန်ကြည့်တာ ဒင်းက ဒီလို မိန့်ခွန်းပြောတော့ မောင်ဖုန်းက လဲ ဒီကာတွန်းလေး ပြေးမြင်မိပြန်ရော
မောင်ဖုန်းတို့ အကောင်းမမြင်တတ်ပုံများ ပြောပါတယ် ၊ ဒီဖွင့်ပွဲအခမ်းအနားကို အမေရိကန် သမ္မတ ဂျော့ခ်ျဘုရှ် အပါအဝင် ကမာ့္ဘ နိုင်ငံပေါင်း ၈၀ ကျော်က ခေါင်းဆောင်များ တက်ရောက် ကြပါသတဲ့ ။ သူတို့ရဲ့ ငှက်သိုက့်ကွင်း ထဲမှာ လာကြည့်သူပေါင်း 91000 ကျော်ပြီး ရုပ်သံကြည့်နေသူ တစ်ဘီလီယံ ကျော်ပါသတဲ့ ဒါတောင် မောင်ဖုန်း တို့ကို ထဲရေ ချင်မှရေ မှာ ၊ ဒရမ်သမားတွေ တီးတဲ့ သီချင်းက ဘာတဲ့ "မိတ်ဆွေတွေ အဝေးကြီး က လာတော့ ဘယ်လောက် ပျော်ဘို့ကောင်း လဲ ငါတို့တွေ တဲ့ " ပျော်မှာပေါ့ဗျာ ဧည့်သည် တွေပါလာတဲ့ ဒေါ်လာငွေတွေ က နည်းမျိုးစုံနဲ့ သူတို့ အိတ်ထဲရောက်တော့မှာကိုး ။ ကမ္ဘာတစ်ခု အိပ်မက်တစ်ခု တေးသရုပ်ဖော်တော့လည်း ကမ္ဘာ လုံးကြီးပေါ်မှာ အဖြူမနဲ့ တရုတ်ကြီး တစ်ယောက် တရုတ်သီချင်း ကို စွဲစွဲငင်ငင် ဆိုပြီး မျက်ရည်ချုသေးတာ ကိုး
ပြီးမှ ကမ္ဘာလုံးကြီးက တရုတ်မီးအိမ်ကြီးလို ဖျတ်ကနဲ ပြောင်းသွား တော့ ဒီတရုတ်တွေ ကမ္ဘာကို စိုးမိုးတော့ မဲ့နိမိတ် များလားလို့ စိုးရိမ် မိသေးတယ် .. .ယခု 2008 ခုနှစ် အိုလံပစ်ပွဲကြီးရဲ့ ကုန်ကျစရိတ်ပေါင်းဟာ အမေရိကန် ဒေါ်လာ 43 ဘီလီယံ ရှိပါသတဲ့ ပြီးခဲ့တဲ့ ဂရိနိုင်ငံ အေသင် မြို့မှာ ကျင်းပတဲ့ အိုလံပစ်ထက် 15 ဘီလီယံ ပိုမို သုံးစွဲထားပါသတဲ့ ခင်ဗျာ ။ အင်း..မောင်ဖုန်း ကတော့ အဲဒီငွေတွေ ယူပြီး နာဂစ်ကြောင့် ဆုံးရှုံးသွားတဲ့ မြန်မာပြည်က ဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်ချင်တာပါပဲ ။ ကိုယ်ဘာသာတော့ နှစ်သိမ့်ထားရတယ် နေဦး ငါ IOC ဥက္ကဌဖြစ်ရင် မြန်မာပြည်မှာ အိုလံ ပစ်ုပြိုင်ပွဲလုပ်ပြီး ရန်ပုံငွေရှာပစ်မယ်လို့ ။

အာကစား သမားတွေ အလံကိုင်ပြီး ငှက်သိုက်ရုံကြီးထဲ ချီတက်လာတော့ ကျနော်တို့ မြန်မာနိုင်ငံ အလံကို ဘယ်သူ ကိုင်လာမှာလဲ လို့ စိတ်ဝင်စားပြီး မျက်လုံးကို ပြူးပြဲနေအောင် လိုက်ကြည့်သေးတယ်ခင်ဗျ ၊ မောင်ဖုန်း ပဲအကြည့်မှားသလား ၊တပိုတပါးထသွားတုန်း ကပဲ ဖြတ်သွားသလားတော့ မသိလိုက်ဘူး မြန်မာအလံကိုင် ပြီးချီ တက်လာတာ မတွေ့လိုက်ဘူး ဗျာ တော်တော် ဆိုးတဲ့ ကင်မရာသမားတွေ ။ စိနတိုင်းသားတွေ ချီတက်လာတုန်း တော့ အမေရိကန် NBA မှာ နာမည်ကြီးနေတဲ့ ဘတ်စကတ်ဘော ကစားသမား Yao Ming က (ဒီမောင် နာမည်ကို မောင်ဖုန်း လဲအသံမထွက်တတ်ဘူး ) အရပ်ကြီး ကလန်ကလားနဲ့ သူ့အသင်းကို ဦးဆောင်ပြီး ချီတက် လာတာခင်ဗျ ၊ အမေရိကန်တွေ အလှည့်ကြတော့ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေကိုပဲ အရွဲ့တိုက်လေသလား တော့ မပြောတတ်ဘူး လိုပက် လိုမောင် (Lopez Lomong ) ဆိုတဲ့ဆူဒန်နိုင်ငံကဒုက္ခ သည်အဖြစ်ထွက်ပြေးလာပြီး အမေရိကန် နိုင်ငံသားအဖြစ်ခံယူထားတဲ့ ပြေးခုန်ပစ် ကစားသမားကို အလံကိုင်ပြီး ရှေ့ဆုံးက ချီတက် ခိုင်းခဲ့ပါတယ် ။ ဒါလဲ နိုင်ငံရေး လှုပ်ရှားတစ်မျိုး ပါပဲခင်ဗျာ။

ဘာပဲဖြစ်ဖြစ် တန်ဘိုးကြီးမားတဲ့ အိုလံပစ် အားကစားပွဲကြီးကတော့ နိုင်ငံတကာမှာလူ့အခွင့်ရေး ကိစ္စတွေနဲ့ ပက်သက်ရင် အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေခဲ့ ပြီး မောင်ဖုန်းတို့ တိုင်းပြည်က ဘဘကြီးတွေရဲ့ အားကိုး အားထားရာ စိနတိုင်းမဟာမှာတော့ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးပါပြီ ။ ဒီလို တန်ဘိုးကြီးတဲ့ အိုလံပစ် ပွဲတော်ကြီး ကျင်းပခွင့်နဲ့ ထိုက်တန်တယ် မတန်ဘူးဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် စောင့်မျှော်ကြည့် ရှုကြပါလို့ တိုက်တွန်းရင်း မောင်ဖုန်း သဘောကျတဲ့ အိုလံပစ် ကာတွန်းလေးတွေကို မျှဝေ လိုက်ပါတယ် ခင်ဗျာ။





.....
..
......
...

....

...
..
...



Saturday, July 26, 2008

ဂျိမ်း ဂျွိုက် (စ်) (၁၈၈၂-၁၉၄၁) - James Joyce (1882-1941) အပိုင်း (၂ )


၁၉၁၈ တွင် ပြည်နှင်ဒဏ် ပြဇတ်တစ်ပုဒ်ကို ထုတ်ဝေသည် ။ နော်ဝေ စာရေးဆရာကြီး အစ်ဘဆင်၏ နည်းနာများ ကို သုံးစွဲရေးဖွဲထားခြင်းပင်ဖြစ်သည် ။ အသက် ၁၈နှစ်တွင် ရေးသားခဲ့ဖူးသည့် "အစ်ဘဆင်၏ ပြဇတ်သစ်" ဆောင်း ပါး၏ လှုံ့ဆော်စူးနစ်ချက်ပင် ဖြစ်သည် ။ အမှန်တရားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ဖန်တီးသည့် အစ်ဘဆင်ကို လေးစားရာ မှပေါက်ဖွား လာမှုဖြစ်သည် ။

The Little Review စာစောင်၌ အခန်းဆက် ဝတ္ထုရှည် အဖြစ် တစ်စိတ်တစ်ပိုင်း ဖော်ပြခဲ့ပြီး တစ်ပိုင်းတန်းလန်း ရပ် ဆိုင်းခဲ့ရသော ယူလီဆီး (Ulysses) ဝတ္ထုကြီးမှာမူ ၁၉၂၂ ခုနှစ် ဂျွိုက်(စ်) အသက် ၄၀ ပြည့် မွေးနေ့တွင် ထွက်ပေါ်ခဲ့သည်။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ၏ အဆက်ဟုလည်း ဆိုနိုင်သည် ။ စတီ ဖင် ဒီဒယ်လပ် ၊ လီယိုပိုဘလွန်း နှင့် ဘလွန်း၏ ဇနီး မော်လီဘလွန်း ၊ဒဗ္ဗလင်မြို့သား သုံးဦး၏ ၁၉၀၄ ခု ဇွန်လ ၁၆ ရက် တစ်နေ့တာ အဖြစ်အပျက်များကို ရေးဖွဲ့ထားခြင်း ဖြစ်သည် ။ ၂၀ ရာစု စာပေသမိုင်းတွင် ဂယက်အထဆုံး ၊ ပြဿနာအပေါ်ဆုံး နှင့် ဖတ်ရှု နားလည်ရ အခက်ဆုံး ဝတ္ထုကြီးအဖြစ် မှတ်တမ်းတင် ခံရသည် ။ ဂျွိုက်(စ်)သည် ဤဝတ္ထုကို ခုနှစ်နှစ် ကြာအောင် ကျားကုတ် ကျားခဲ့ ရေးခဲ့ရသည် ။ ဟိုးမား၏ အိုဒက်ဆီ (Odyssey) ဂန္တဝင် ပုလင်းထဲတွင် ဂျွိုက်(စ်) ချက်လုပ်သည့် ၂၀ ရာစု ဝိုင်အရက်ကို ထည့်သွင်းခဲ့ခြင်းပင် ဖြစ်သည် ။ အစဉ်အလာ ကမ္ဘာလောကနှင့် ခေတ်သစ် ကမ္ဘာလောက နှစ်ခုလုံး ကို ပကတိရှုမြင် သုံးသပ်မှုဖြင့် တင်ပြထားခြင်း ဖြစ်သည် ။ ထို့ပြင် ဤဝတ္ထုကို အနောက်တိုင်း မြို့ပြ ယဉ်ကျေးမှု သမိုင်းအား ဆန့်ကျင်သည့် လမ်းကြောင်းပေါ် ပစ်တင်လိုက်ခြင်း ဖြင့် ဝတ္ထု၏ ကြီးကျယ် ခမ်းနားမှု သည် တအားကျယ်ပြန့်သွားတော့သည် ။


ဝတ္ထု၏ အဓိကဖြစ်ရပ် ၁၈ ခုအနက် တစ်ခုစီကို သီးခြားရေးနည်း ပုံစံများဖြင့် ဖွဲ့စည်းထားသည် ။တီထွင်မှုပါသည့် စကားလုံး ကစားပွဲအား လွတ်လပ်စွာ ဇက်ကြိုး လွှတ်ပးထားသည် ။ ပြေပြစ်ချောမွေ့သည့် ထပ်ပြန်ကျော့ အရှိန်မြှင့်ချက်များဖြင့် လက်ရာမြောက် ရက်ဖောက်ထားသည် ။ အဓိက ဇတ်ဆောင် တစ်ဦးစီ၏ ဖြစ်တည်စ အတွေးများနှင့် ခံစားချက် အပိုင်းအစများကို အကွက်ချ မရေးဘဲ စိတ်ထဲ ဖြစ်ပျက်လာမှု အတိုင်း ခင်းကျင်းပြခဲ့ သည် ။ ဤဝတ္ထု၌ ဂျွိုက်(စ်) သည် ကမ္ဘာတစ်ခုလုံးက အညီအညွတ် လက်ခံထားသည့် ကြီးကြီး ကျယ်ကျယ် ခံ့ခံ့ ညားညား ဝေါဟာရ စကားလုံးများကို ပါရဂူမြောက် သုံးနှုန်းထားသည် ။ ထို့ပြင် ပညာရှိ နှင့်ပညာမဲ့ ၊ ယဉ်ကျေးသူ နှင့် ရိုင်းစိုင်းသူ မည်သူမဆို မသုံးနှုန်းသင့်ဟု သဘောကြိုက်ညီသည့် အောက်တန်းစား ယုတ်ညံ့သိမ်ဖျင်း ကြမ်း တမ်းသော ဗန်းစကားများကိုလည်း တစ်ပုံတပင် သုံးထားသည် ။ ထို့ကြောင့်ပင် ညစ်ညမ်းသည်ဟု ဝေဖန် ရှုတ်ချ ပိတ်ပင် တားမြစ်ခဲ့ခြင်း ဖြစ်သည် ။ "...သည်နိုင်ငံ ၊ သည်လူမျိုး နဲ့ သည်ဘဝကြီးက ကျုပ်ကို သည်အတိုင်း ထုတ် လုပ်ပေးလိုက်တာပဲ ။ ဒီတော့ ကျုပ်ကလည်း အရှိအတိုင်း ဖော်ကျုးရမှာပဲ " ဟူ၍ ဂျွိုက်(စ်) က ရှင်းခဲ့သည် ။ ဂျွိုက်(စ်) သည် သူ့ရှိသမျှ အတွေးများ ၊ သူရခဲ့ သမျှ အတွေ့ အကြုံများ ၊သူတွေ့ဖူးခဲ့သမျှ လူပုဂ္ဂိုလ်များ ၊ သူ ဖတ် ခဲ့ သမျှ စာကောင်း စာသန့်များ နှင့် စာညံစာဖျင်းများ အားလုံးကို ယူလီဆီး ၏ ပွင့်လင်းမှု သို့မဟုတ် ကွယ်ဝှက် မှုများထဲတွင် စုစည်းခင်းကျင်းခဲ့သည် ။

အရူးဂေဟာ အပြင်ဘက်မှာ တွေ့ရသော လူတစ်ယောက် ကဲ့သို့ မိမိ၏ ရှောင်တခင် ပေါ်လာသမျှ အတွေးများ ၊
ခံစားချက်များ ၊ စိတ်လှုပ်ရှားမူများ ၊ တုံ့ပြန်ရိုက်ခတ်မှု များကို ကလောင်ဖျားမှ စီးဆင်း သွန်ချရာတွင် အစီအစဉ် တကျလည်း မလုပ် ၊ ရှေ့နောက် ညီညွတ် အောင်လည်း မကြိုးစား ၊ လွတ်လွတ် လပ်လပ် ပေါ်လာသည့် အတိုင်း ကစဉ်ကလျား ဖော်ပြထားသည် ။ မသိစိတ်ကို စာရွက်ပေါ်ချပြရာတွင် သိစိတ်၏ အတည်ပြုမှုကို မရယူခဲ့ ။
ဆစ်ဂမန်ဖရွိုက်
၏ "မသိစိတ်ဟူသည် အစစ်အမှန် လူသား ၊ သဘာဝလူသားကို ကိုယ်စားပြုပြီး ၊သိစိတ်က အတုအယောင်လူသား ၊ ပကာသနလူသားကို ကိုယ်စားပြုသည်" ဟူသော သဘောတရားကို ကိုင်စွဲပုံဖော်ခဲ့ သည်။ ဤသို့ဖြင့် ဤဝတ္ထုကြီးသည် စာဖတ်သူ ၁၀၀ တွင် ၁၀ ဦးသာ အဆုံးအထိ ဖတ်ဖြစ်၍ ၊ယင်း ၁၀ ဦးတွင် လည်း ၅ ဦးမှာ ခက်ခဲစွာ ကြိုးပမ်း သည့်တိုင် ၊ တစ်ဦးမျှသာပဲနားလည်သည် ဟု အဆိုရှိသည် ။မည်သို့ပင်ဖြစ်စေ ဤဝတ္ထု၏ ကျယ်ဝန်းမှု ၊ သိပ်သည်းမှု နှင့် ပုံသဏ္ဍာန် မျိုးပေါင်း စုံလင်မှုတို့က ဖြစ်ရပ်မှန် မဟုတ်သော စာပေ လက်ရာ တစ်ခုတွင် ဖော်ကျုးနိုင်သည့် အာရုံခံစားမှု များ ကို အပြောင်းအလဲ များစွာ ချဲ့ထွင်ပေးသည် ကိုကား မငြင်းနိုင် ။ထို့ကြောင့်ပင် ဤဝတ္ထုကြီးသည် နံပါတ်တစ် စွဲကာ၊ ဂျွိုက်(စ်) မှာ လည်း ရာစုနှစ်၏ အကြီးမြတ်ဆုံး စာ ရေးဆရာကြီး တစ်ဦး အဖြစ် သတ်မှတ်ကြရတော့သည် ။

ထို့နောက် ဂျွိုက်(စ်) သည် ပို၍ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ကို သူကိုယ်တိုင် ချမှတ်ပြန်သည် ။ စကားလုံး ကင်း မဲ့သည့် အိမ်မက်ကမ္ဘာ အကြောင်းကို လူအများ နားလည် သဘောပေါက် အောင် စကားပြေဖြင့် ရေးသား တင် ပြဖို့ဖြစ်သည်။ သူသည် "တိုးတက်မှု ရရှိနေသည့် သူ၏လက်ရာ" ကို ၁၇ နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း အားထုတ် ခဲ့ရသည် ။ ဖင်နီဂန်ဝိတ် (Finnegans Wake) ကို ၁၉၃၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေ သည့်အခါ ၊ " အများ အသိအမှတ်ပြုထားသည့် ပါရမီရှင် ပုဂ္ဂိုလ်တစ်ဦးက သိလျက်နှင့် တမင်သက်သက် ရေးသားပြုစုထားသည့် နား လည်ရ အခက်ဆုံး လက်ရာဖြစ်ပါသည်" ဟု တိုင်းမ်မဂ္ဂဇင်းက ရေးသားခဲ့သည် ။ ယူလီဆီး ကို ပြောင်းပြန် ရေးသား ထားသည့် ဖင်နီဂန်ဝိတ် တွင် အဓိကဇတ်ကောင် အိပ်ခ်ျစီအီးယားဝစ်ကာ ၏ အိပ်မက်မက် နေသော စိတ်ထဲမှ တစ်ဆင့် စိမ့်ဝင်လာသည့် ၊ ရှည်လျားသည့် ဒဗ္ဗလင် ညတစ်ည အကြောင်းကို ပုံဖော်ထားသည် ။ ထပ် တလဲလဲ သုံးထားသော စကားလုံးများ ၊အဓိပ္ပါယ် မကွဲပြားသည့် စကားဝှက်များ ၊ ပုံသဏ္ဍာန် ပြောင်းလဲနေသည့် ဇတ်ကောင်များ ၊ ဘာသာစကား ၊ သမိုင်းနှင့် ယဉ်ကျေးမှုတို့ဖြင့် သွယ်ဝိုက်ညွှန်းဆို မှုများဖြင့် အတိပြီးသည့် ဖင်နီဂန်ဝိတ် တွင်၊ ပင်လယ် အတွင်းသို့ မြစ်တစင်း စီးဆင်းသွားသည့်အလား ဖော်ကျုးတင်ပြချက်များ မှာ ထိရောက် အားကောင်းလှသည်။ ဂျွိုက်(စ်) က သူ၏လက်ရာ ကို " တားမြစ်ထားသည့် ပိုင်နက်နယ်မြေ အတွင်း သို့ လိုသည်ထက်ပို၍ ဝင်ရောက်လေ့လာခြင်း " ဟု ခေါ်ဆို ခဲ့သည် ။ လိုသည်ထက် ပိုလွန်းသော သည်ဝတ္ထုရှည်သည် စာဖတ်သူ အများစု အတွက် နားလည်ရ အလွန်ခက်ခဲကြောင်း ကိုလည်း သက်သေပြခဲ့ သည် ။

၁၉၄၄ ခုနှစ်၌ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝ ရုပ်ပုံလွှာ ၏ ပထမမူကြမ်း တစ်စိတ်တစ်ဒေသ ဖြစ်သော စတီဖင်သူရဲကောင်း ထွက်လာသည် ။ ဤဝတ္ထုက ဂျွိုက်(စ်) အပေါ် သတိရဖွယ် အချက်နှစ်ချက်ကို ဖော်ညွှန်းသည် ။ပထမအချက်မှာ ယူလီဆီး အပါအဝင် သူ၏ အစောပိုင်း စာအုပ်များမှာ စွဲစွဲလမ်းလမ်း ဖတ်ရှုနိုင် ဖွယ် လက်ရာများဖြစိသညိ ဟူသော အချက်ဖြစ်သည် ။ ဒုတိယ အချက်မှာ ပြည်နှင်ဒါဏ်ခံ အနုပညာရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံစံချထားသော ဂျွိုက်(စ်) မှာ သူ့ခေတ် သူ့ကာလ၏ အကြီးကျယ်ဆုံး ပုံပြောကောင်းသူ တစ်ဦး ဖြစ်သည် ဟူသော အချက်ဖြစ်၏ ။

ဆင်းရဲမွဲတေမှု ၊ မကျန်းမမာဖြစ်မှု ၊ စိတ်ရောဂါကု ဆေးရုံ ရောက် သမီး လူစီယာအတွက် သောကထွေပြားရမှု စသည့် လောကဓံ၏ အထုအထောင်းကို အန်တုလျက် ၊ ဗြိတိသျှ နှင့် အမေရိကန်တို့၏ စာပေထုတ်ဝေမှု ပိတ်ပင် ချက်များကို ရင်ဆိုင်နေရသည့် ကြားမှ၊ ဂျွိုက်(စ်)သည် ယုံကြည်ချက် ခိုင်ကျည်စွာ ရေးသားဖန်တီးခဲ့ရာ တဖြည်းဖြည်း အောင်မြင်လာခဲ့တော့သည် ။ ဒဗ္ဗလင်မြို့သားများ ဖြင့် အဆုံးစွန် ဝတ္ထုတို ကျွန်းကျင်သူ ဖြစ်လာသည် ။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ ဖြင့် မှတ်တိုင်စိုက်ရမည့် ဝတ္ထုရေးဆရာကြီး စာရင်းဝင်ခဲ့သည် ။ ယူလီဆီး ဖြင့်မူ ပထမ ကမ္ဘာ စစ်ကြီး အပြီး ပြိုကွဲပျက်စီးနေသော လူ့အဖွဲ့ အစည်းကြီးကို စာပေဖြင့် ထင်ဟပ်ရာတွင် အသစ်တီထွင်သူ အဖြစ်သာမက ၊ ရာစုနှစ်၏ အကြီးကျယ်ဆုံး စာရေးဆရာ အဖြစ်လည်း ကမ္ပည်းထိုးခဲ့သည် ။ အငြင်းပွားမှု ၊ ဝိဝါဒ ကွဲပြားမှု အရပ်ရပ်၏ မဏ္ဍိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။ သူ့ခေတ်ပြိုင် လက်ရာများကို ကျော်လွှား၍ ကျယ်ကျယ်ပြန့်ပြန့် ဩဇာညောင်းခဲ့သည့်  သိစိတ် အလျင် ရေးဖွဲ့နည်း ၊အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း တို့ဖြင့် ခေတ်သစ် စိတ်ဝိညာဉ် အပိုင်းအစများကို အနုမြူဝဲဩဃ အတွင်း သွတ်သွင်းလိုက်ရာ ၊မည်မျှ ခြားနားသော ဝိရောဓိများ ရောယှက်လာသနည်း ဆိုသော် ဟိုးမားပင်လျှင် သူ့နည်းကို အသုံးပြုပါမှ သူ့အနုပညာ ဖန်တီးမှုအပေါ် ကျော်လွှားနိုင်တော့မည်ဟု ဆိုရမတတ်ပင်
သူ့စာပေ လက်ရာအားလုံးကို မော်ဒန်စာပေ၌ ကွယ်ဝှက်မှုအရာ တွင် အစွန်းရောက် စာပေအဖြစ် နေရာ သတ်မှတ် ပေးသင့်သည် ဟူ၏ ။

ဂျွိုက်(စ်) သည် အစဉ်အလာ ထိန်းသိမ်းသည့် ဣနြေ္ဒ မျိုး ဖြင့် ဝတ်စား ဆင်ဝင်တတ်ပြီး လမ်းလျှောက် တုတ်ကောက် တစ်ချောင်း ဆောင်ထားရသည်ကို သဘောကျသူ ။ အနုပညာနှင့် အလှအပကို ခုံမင်သူ ဖြစ်သည် ။ မျက်နာ သေးသွယ်ပြီး ကျန်းမာရေး မပြည့်စုံသည့် ဂျွိုက်(စ်) သည် လေတိုးရုံဖြင့် လဲကျသွားမည့် ပုံစံမျိုး ရှိသည် ။ သို့သော်လည်း သူ၏စိတ်က သံမဏိတမျှ မာကျောသည်။ နှစ်ပေါင်းများစွာအတွင်း မျက်လုံး ၁၁ ကြိမ် ခွဲစိတ်ကုသ ခံခဲ့ရသည် ။ မေ့ဆေး တစ်ခါမှ မသုံးပဲ ခွဲစိတ်ခံခဲ့ခြင်း ဖြစ်သည်။ ဖင်နီဂန် ထုတ်ဝေပြီးကာစ နာက်ပိုင်း ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာသည့် အခါ ဂျွိုက်(စ်) ဇနီးမောင်နှံသည် ပါရီမှနေ၍ ရန်သူမသိမ်းပိုက်သေးသည့် ပြင် သစ်နိုင်ငံအတွင်း ဗီချီအရပ် အနီးရှိ ရွာကလေးတစ်ရွာသို့ ပြောင်းရွှေ့သွားကြသည် ။ ဂျွိုက်(စ်)သည် အပေါက်များ ဖြစ်နေသည့် အနာခွက်ရောဂါ ကြောင့် မမာမကျန်းဖြစ်နေသည် ။သူသည် ၁၉၄၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဝမ်းတွင်းမြှေး ရောင်ရမ်းသည့် ရောဂါဖြင့် ဆွစ်လန်နိုင်ငံ ဇူးရစ်မြို့၌ ကွယ်လွန်ခဲ့သည် ။ နိုင်ငံရပ်ခြားတွင် စာပေ အနုပညာ ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီးကို နိုင်ငံရပ်ခြားတွင်ပင် မြှပ်နှံ သင်္ဂြိုဟ်ခဲ့သည် ။


ဂျွိုက်(စ်)၏ အားထုတ်မှု အစုစုကို တီအက်(စ်)အိလိယော့ က ဤသို့မှတ်ချက်ပြုခဲ့၏ ။ "ဂျော့ခ်ျမီလ်တန် နောက်ပိုင်း ဂျွိုက်(စ်) သည် အင်္ဂလိပ် ဘာသာစကား၏ အကြီးဆုံး ဆရာတစ်ဆူ ပါရဂူတစ်ယောက် ပင် ဖြစ်သည် " ဟူ၏ ။









Wednesday, July 23, 2008

ဂျိမ်း ဂျွိုက် (စ်) (၁၈၈၂-၁၉၄၁) - James Joyce (1882-1941)


ကျွန်တော် သဘောကျ ကြိုက်နှစ်သက် တဲ့ စာရေးဆရာ တွေထဲ မှာအပါအဝင် ဖြစ်တဲ့ ဂျိမ်းဂျွိုက်(စ်) ရဲ့ ရုပ်ပုံလွှာ ကို ရာပြည့် စာတည်း အဖွဲ့ က စုဆောင်း တင်ပြထားတဲ့ အတိုင်း ပြန်လည် ဝေမျှ ပေးလိုက် ပါတယ် ။


"စိတ်မနောတွင် မကြားရသည့် ဂီတသံကို တေးဆိုနေသည့် စကားလုံး ကွန်ရက်များ အဖြစ် ရက်လုပ်ပေးခဲ့သူမှာ ဂျိမ်း ဂျွိုက်(စ်) ပင် ဖြစ်သည် " ....။ [Great people of 20th Century: Time]

နှစ်ဆယ်ရာစု ကမ္ဘာ့စာပေသမိုင်းတွင် ဩဇာတိက္ကမ အရှိဆုံး ၊ အကြီးမြတ်ဆုံး စာရေးဆရာကြီး တစ်ဦးအဖြစ် လည်းကောင်း ၊ မော်ဒန်စာပေ ဖြစ်ထွန်းမှု၏ ရှေ့ဆောင် ပုဂ္ဂိုလ်ကြီး အဖြစ်လည်းကောင်း ၊ "သိစိတ်အလျင် ရေးဖွဲ့ နည်း" နှင့် "အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း" တို့ကို အပြောင်မြောက်ဆုံး တီထွင်ခဲ့ သူ အဖြစ် လည်းကောင်း ၊ အနုပညာ သဘောတရားသစ် များကို သင်ကြားပို့ချခဲ့သည့် ဆရာတစ်ဆူ အဖြစ် လည်းကောင်း ၊ကဗျာဆရာ အဖြစ်သာမက ပညာရှိ ကဝိစာဆို အဖြစ်ပါ ထင်ရှား သူ အဖြစ်လည်းကောင်း တညီတညွတ် လက်ခံခဲ့ရသူမှာ အိုင်းရစ် စာရေးဆရာကြီး ဂျိမ်းဂျွိုက်(စ်) ပင်ဖြစ်သည် ။



ဖေဖော်ဝါရီလ ၂ ရက် ၁၈၈၂ တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့ ရက်သဂါ အရပ် မှာမွေးသည် ။ မိဘများမှာ နစ္စ လပ်ဂျွိုက်(စ်) နှင့် မေရီ ဂျိန်းမာရေး တို့ဖြစ်သည် ။ ဖခင်မှာ ဥာဏ်ရည် ထက်မြက်သော်လည်း သောက်သောက် စားစား ပျော်ပျော် ပါးပါး ရည်မှန်းချက် မည်မည်ရရ မထားသူ ဖြစ်သည် ။ ဖခင်ထံမှ ရန်လိုမှုနှင့် ယောကျာ်း ဆန်ဆန် ချိုမြမြ အသံတို့ ကို ဂျွိုက်(စ်) အမွေရသည်ဟု ဆိုသည် ၊မိခင်မှာ လောင်းဖို့ဒ်ဇာတိ ဖြစ်သည် ။ ပါရမီရှိ သော ဂီတပညာရှင် နှင့် ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည် ။

မွေးချင်း ၁၀ ဦးအနက် ဂျွိုက်(စ်)မှာ အကြီးဆုံးဖြစ်သည် ။ အသက် ခြောက်နှစ်မှ နှစ်ဆယ်ပြည့်သည်အထိ ကလွန်ဂိုး ဝက်စ်ဝုဒ် ကောလိပ် ၊ ဘက်ဗဲဒယ် ကောလိပ် ၊ ဒဗ္ဗလင် ယူနီဗာစီတီ ကောလိပ်နှင့် ဂျက်ဆူအစ် ဗရင်ဂျီ ကျောင်းမှားတွင် ပညာသင် ယူသည်။ကျောင်းပညာ ထူးချွန်သည် ။ ကဗျာ ၊လက်တင် ၊ နှင့် ဘာသာဗေဒ ၊ဒသနိ ကတို့ကို အထူးပြုလေ့လာသည်။ ငယ်စဉ်က ဘာသာတရား အဆုံး အမအောက် တွင် ကြီးပြင်းခဲ့ရာ ၊သာသနာ့ ဝန်ထမ်းအဖြစ် ပင် ရည်ရွယ်ခဲ့သေး၏ ။ သို့သော် နိုင်ငံရပ်ခြား ဘာသာ၊ စာ ၊စကားများကို အကြီးအကျယ် လေ့လာရာမှ အတွေးအခေါ် လမ်းကြောင်း ပြောင်းခဲ့သည် ။ အရွယ် အသိ ရလာသည်နှင့် အမျှ ဘာသာအယူနှင့် ဆန့်ကျင်ဘက် ဖြစ်လာသည် ။ အိုင်းရစ် ဘာသာစကား ကိုလည်း သဘောမကျနိုင် ။ အိုင်းရစ် အရေးတော် ပုံကိုလည်း ဘဝင်မကျ ။အဆုံးစွန် မိမိ၏ သွေးသားရင်း မိသားစုနှင့်ပင် အံဝင်ခွင်ကျ မဖြစ်တော့ ။ သူ့ဇာတိမြေ ကို "မိမိမွေးသည့် သားကလေးများ အား ပြန်စားသည့် ဝက်အိုမကြီး " ဟု ဖော်ပြဖူးသည် ။


တိုင်းပြည်အပေါ် ၊မိသားစုအပေါ် ၊ ဘာသာအယူအပေါ် ယုံကြည် သက်ဝင်မှု လုံးပါးပါး ခဲ့သော ဂျွိုက်(စ်) သည်ယုံ ကြည် အားထားရာ အသစ်ကို တက်မက်စွာ ရှာဖွေခဲ့သည် ။ ယင်းမှာ အနုပညာအပေါ်တွင် အကြွင်းမဲ့ ယုံကြည် သက်ဝင် ရူးသွပ် လိုက်ခြင်း ဖြစ်သည် ။ ဤသို့ဖြင့် သူ့မိသားစု ၊တိုင်းပြည် ၊ဘာသာ အယူတို့နှင့် သီးခြားကင်းလွတ်သော လွတ်လပ်သည့် အနုပညာရှင် စစ်စစ် ဖြစ်ရေး ဦးတည်ချက် ဖြင့် ၁၉၀၄ တွင် အိုင်ယာလန် မှ ဥရောပသို့ ခွက်ခွာခဲ့သည် ။ သူနှင့်အတူ စာမတတ် ပေမတတ် ဟိုတယ် အလုပ်သမ ဂယ်လ်ဝေး မြို့သူ နိုရာဘာနေကယ် ကို တစ်ပါတည်း ခေါ်ဆောင် ခဲ့သည် ။ " ကျုပ်ရဲ့ မိသားစု ဖြစ်ဖြစ် ၊ ကျုပ်ရဲ့ တိုင်းပြည် ဖြစ်ဖြစ် ၊ကျုပ်ရဲ့ ဘာသာအယူ ဖြစ်ဖြစ် ၊ဘယ်လိုပဲ ကင်ပွန်း တပ်ထားသည်ဖြစ်စေ ၊ ကျုပ် မယုံကြည် နိုင် တော့ တဲ့ အရာကိစ္စ ကို ကျုပ်က ဘာမှ ဆက်ပြီး ခေါင်းခံနေစရာ မရှိတော့ ဘူး " ဟူ၍ အနုပညာရှင် တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝရုပ်ပုံလွှာ စာအုပ်တွင် ဖော်ပြထားသည် ။

အီတလီ ၊ ဆွစ်ဇာလန် ၊ပြင်သစ် တို့တွင် စာသင်လိုက် ၊ စာရေးလိုက် ၊ဘာသာပြန်အလုပ် လုပ်လိုက် နှင့် ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်ပြီး ဆင်းရဲနိမ့် ကျစွာ အသက်မွေး ဝမ်းကျောင်းခဲရသည်။ သူငယ်ချင်း မိတ်ဆွေ များက ဝိုင်းဝန်း ထောက်ပံရသည် အထိဖြစ်သည် ။ "နိုင်ငံရပ်ခြားတွင် ပြည်နှင်ဒဏ် ခံရသူ တစ်ဦးသဖွယ် တစ်ဖက်သားကို လှည့်စားနေထိုင်" ခဲ့သော်လည်း သူ့ဇာတိမြိုတော်၏ ဖမ်းစားညှို့ယူချက် များကို မူ သူကိုယ်တိုင် စွဲလမ်းမြတ်နိုးဆဲ ဖြစ်သည် ။ သူသည် ပါရီတွင် နေသည် ဖြစ်စေ၊ ထရီယယ်စတီး တွင် နေသည်ဖြစ်စေ ဒဗ္ဗလင် သတင်းစာများ ကို နှစ်စဉ်ကြေး ပေး၍ မှာယူကာ ဇာတိမြေနှင့် စပ်လျဉ်းသည့် သူ့ဗဟု သုတ များကု အမြဲတမ်း စိမ်းစိုလန်းဆန်း အောင်ထိန်းသိမ်း ခဲ့သည် ။ အိုင်းရစ် လူမျိုးတို့၏ အသိတရားကို စကားလုံးများဖြင့် ပီပြင်ရှင်းလင်းအောင် ဖွင့်ဆိုရန်မှာ သူ၏ အန္တိမ ရည်မှန်းချက် ပင်ဖြစ်သည် ။

အစဉ်အလာ အင်္ဂလိပ်စာပေ ဩဇာသက်ရောက် မှု ရှိသော်လည်း ခောတ်ပေါ် အင်္ဂလိပ် ဘာသာစကားကို အထူးပြု သင်ယူခဲ့သည် ။ဂီတနယ်ပယ်တွင်လည်း ကျွမ်းဝင် နှံစပ်ခဲ့သည် ။ ဆေးပညာ သင်ယူဖို့ ကြိုးစားခဲ့သည် ။ "အိုင်းရစ် နေ့စဉ်သတင်းစာ " ထုတ်ဝေဖို့ စိုင်းပြင်း ခဲ့သည် ။ ပြဇတ်ရုံ တည်ထောင်ခဲ့သည် ။ ဤသို့သော် ကျယ်ပြန့် လေးနက် သည့် စိတ်ဝင်စားမှု အဖုံဖုံက သူ့စာပေ လက်ရာ များထဲ၌ ရိုးရာ ဆန်းသစ်မှုနှင့် စမ်းသပ် တီထွင်မှုတို့ ၊ သာမန်ထက် ထူးကဲစွာ မည်သို့ ပေါင်းစပ် ထားကြောင်း ရှင်းပြထားသည် ။ ဇတ်ကြောင်းပြန်မှု နှင့် ပီပြင်ရွှန်းပြက် တင်ဆက်မှုများအတွက် ရှေးရိုး ပုံစံများကို အစိတ်စိတ် အမြွှာမြွှာ ချေဖျက်ထားသည် ။ ရာစုနှစ်၏ အတွေးအခေါ် များ ကို ဖမ်းစားပုံဖော်မည့် စိတ်ကူးယဉ် ဝတ္ထုပုံစံသစ်ကို ဖန်တီးခဲ့သည် ။ ဇတ်ကောင် ၊ ဘာသာစကား ၊ အကြောင်း ရပ်ဆိုင်ရာ ဗဟုသုတများကို ဟာသ ၊ အဓိပ္ပါယ် နှစ်ခွ ပြည့်နှက် သည့် စကားလုံး ၊ မကွဲပြားသည့် သွယ် ဝိုက်ညွှန်းဆိုချက်များ ၊စိတ်ထဲ ရုတ်ခြည်းပေါ်ထွန်းလာသည့် ရှည်လျား ထွေပြားစကားများ ၊ ဝေါဟာရသစ်များဖြင့် တငွေ့ငွေ့စီးဆင်း ပေါင်းစည်းခဲ့ သည် ။ သူ့တွင် အဟာင်းကို ပြန်လည် အသက်သွင်း လိုစိတ် တစိုးတစိ မျှ မရှိ ။ အသစ်ကို မက်မက် စက်စက် ပုံသွင်းလိုသည့် ဆန္ဒ သာရှိသည် ။ ယင်းမှလွဲ၍ အခြားမရှိတော့ပြီ ။

ဂျွိုက်(စ်) ပထမဦးဆုံး ပု့နှပ်ထုတ်ဝေ ခဲ့သည့် စာပေ လက်ရာမှာ ခန်းဆောင်ဂီတ(Chamber Music-1907)
ဖြစ်သည်။ အဲလိဇဘက်ခေတ် ရိုးရာဆန်ဆန် လိရစ်ကဗျာ အဖွဲနှင့် ပြင်သစ် သင်္ကေတဝါဒ အငွေ့အသက်များ ရောစွက်နေသည်။ မအောင်မြင်ချေ ခန်းဆောင်ဂီတ တွင်ပင် အသစ်တစ်ပုဒ် ဖြည့်စွက်၍ ကဗျာပေါင်းချုပ် (Collected Poems-1936) အမည်ဖြင့် ထုတ်ဝေခဲ့ပြန်သည် ။ နောက်ထပ် Poems Penyeach (1927)
ကဗျာစာအုပ် ထွက်ပေါ်လာသေးသည် ။

၁၉၀၃ ခုမိခင်ကြီး ကွယ်လွန်ပြီးနောက် ဒဗ္ဗလင်မြို့သားများ(Dubliners) ဝတ္ထုတိုပေါင်းချုပ် အတွက် ပထမ ဆုံး ဝတ္ထုတိုများကို စတင်ရေးဖွဲသည် ။ ဒဗ္ဗလင်မြို့သူ မြို့သားများ၏ စိတ်ပျက် ငြီးငွေ့ဖွယ် ၊ စိတ်မချမ်းမြေ့ဖွယ် ဘဝဇတ်လမ်းစုံ ကို သရုပ်ဖော်ထားသည်။ ဇတ်ကောင်တစ်ဦးစီ၏ အဇ္ဈတ္တ ဘဝ မီးမောင်းထိုးပြမည့် အမှတ်တမဲ့ အခိုက်အတန့်လေးများကို ဖန်တီးရန် ကြိုးစားခဲ့သည် ။သဘာဝ အဖွဲအနွဲ့များမှာ ပြိုးပြက် စိုလက်နေသည် ။ သရုပ်မှန် အရေးအဖွဲ့တွင် သင်္ကေတပုံစံ ရောစွက်ထားသည် ။၁၉၀၄ ခုတွင်ပြီးစီးသည် ။ဝတ္ထုတို ၁၅ ပုဒ် တိတိ ပါဝင်သည်။ ထုတ်ဝေသူနှင့် ပြသနာမျိုးစုံတက်ပြီးမှ ၁၉၁၄ တွင် လန်ဒန်၌ ထုတ်ဝေဖြစ်သည် ။ "ကျွန်တော် နိုင်ငံ အိုင်ယာလန်ရဲက စိတ်ဓါတ်ရေးရာ အနှစ်ချုပ် သမိုင်းစာမျက် နာများကို ရေးဖွဲ့တင်ပြ ဖို့ ရည်ရွယ်တယ်။ ဇတ်ကွက် အခင်းအကျင်း အဖြစ် ဘာကြောင့် ဒဗ္ဗလင်ကို ရွေးခဲ့သလဲ...တဲ့ ။ ဒီမြို့ဟာ ကျွန်တော် အတွက်တော့
သွက်ချာပါဒ လိုက်နေသူများရဲ့ ဗဟိုချပ်မလို့ မြင်သိခံစားမိတယ် ။ ဒီအချက်ကို သာမန်လူသား တွေဆီ ရှုထောင့် လေးရပ်ကနေ တင်ပြဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ ။ ကလေးဘဝ ၊ဆယ်ကျော်သက် ၊ အရွယ်ရောက်စ နဲ့ အများပြည်သူ ဘဝဆိုတဲ့ ရှုထောင့် တွေကပေါ့ ။ ဝတ္ထုတိုတွေကို အဲဒီ အစီအစဉ် အတိုင်း နေရာချထားပါတယ် ။ ဝတ္ထုတိုတိုင်းကို ရေးဖွဲ့ရာမှာ ယေဘူယျ အပြုအမူက အစ၊ အမှတ်တမဲ့ ဟန်ပန် အဆုံး ဂရုတစိုက် အသေးစိတ် စူးစိုက်ခံစား ထားပါတယ်" လို့ ဂျွိုက်(စ်)က ဖွင့်ဟခဲ့သည် ။ရေးဟန်မှာ အေထ့အငေါ့ နှင့် ခံစားမှု တွဲဖက်ထားသဖြင့် အင်္ဂလိပ် နှင့် အမေရိကန် ဝတ္ထုတို ဆရာများအပေါ် များစွာ ဩဇာ လွှမ်းခဲ့သည်။ဤစာအုပ် ဖြင့် ဂျွိုက်(စ်) နာမည်ရခဲ့ပေသည် ။

၁၉၁၆ တွင် အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝရုပ်ပုံလွှာ ( A portrait of the Artist as a Young Man ) ဝတ္ထု ထွက်ပေါ်လာသည် ။ ၁၉၀၁ နှင့် ၁၉၀၆ အကြား စတင်ရေးသားခဲ့သည့် စတီဖင် သူရဲကောင်း (Stephen Hero) မူကြမ်းကို အသစ်ထပ်မံ ရေးသားခြင်း ဖြစ်သည် ။ မူလက Egoist စာစောင်တွင် အခန်းဆက် ဝတ္ထုရှည် အဖြစ် ဖော်ပြခဲ့သည်။ စတီဖင် ဒီဒယ်လပ် ဆိုသည့် လူငယ် တစ်ဦး၏ အတွင်းစိတ် ဖွံ့ဖြိုးလာပုံကို သက္ကရာဇ်စဉ် အလိုက် ဖော်ပြထားသော စာရေးသူ၏ ထည်ဝါခံညားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဝတ္ထုပင် ဖြစ်သည် ။ ကြမ်းတမ်းသော ငယ်ဘဝ ၊ ချောက်ချား စရာ ပတ်ဝန်းကျင် ၊အိမ်တွင်း ကျောင်းတွင်း အဆင်မပြေမှု ၊ ဘာသာရေး ၊ နိုင်ငံရေး ယုံကြည်မှုများနှင့် ယင်းတို့ အပေါ် သံသယ စိတ်ထားများကို ရောမွှေ ရေးခြယ်ထားသည်။ ဘာသာအယူ ကိုင်းရှိုင်းမှုမှ သည် အနုပညာ ရူးသွပ်မှု ဆီသို့ ရွေ့လျောသွားပုံ မြင်ကွင်းများမှာ ဂျွိုက်(စ်)၏ ဘဝနှင့် တစ်သားတည်းပင် ။ ဂျွိုက်(စ်) ၏ ပထမ ဆုံး နှင့် အပြည့်စုံဆုံးသော သိစိတ်အလျင် ရေးဖွဲနည်း ကို အဓိကဇတ်ဆောင် ရှုထောင့်မှ ပူးကပ်ရေးဖွဲခဲ့သည် ။ဒဗ္ဗလင် မြို့၏အသေးစိတ် မြင်ကွင်းအလွှာနှင့် ၊နုနယ်ပျိုမျစ် မရင့်ကျက်သေးသော လူငယ် တစ်ဦး စကားလုံးများ ၏ ဖမ်းစားမှု ၊အသံ၏ နိုးကြားလှုပ်ရှားမှု မြင်ကွင်း အလွှာဟူ၍ အလွှာနှစ်ထပ်ဖြစ် နေသည် ။လူတစ်ဦး ၏ စိတ်နေသဘောထား ကိုပြောင်းလဲစေ ခဲ့သည့် အတွေ့အကြုံများ အကြောင်း ရေးသားထားသမျှ ဝတ္ထုများထဲတွင် အကောင်းဆုံးဖြစ်သညိဟု မှတ်ချတ် ချခဲ့ ရသည်အထိ အနုပညာ ဂုဏ် တက်ခဲ့ရသော ဝတ္ထုပင် ဖြစ်သည် ။




ဒုတိယပိုင်း ကို ဆက်လက်ဖော်ပြပါမည် ..။




Sunday, July 20, 2008

အတင်းပြော တတ်သူများ


ဝေါကနဲ အန်ချလိုက်တယ်...
အာရုံ နောက်ကျိလွန်းလို့
အရေ မရ ၊ အဖတ် မရ
စကားလုံးတွေ ထောင်းလမောင်း ထလို့
ပြောမပြီး ၊ ဆိုမပြီး
နားတွေလဲ ငြီးလာပြီ.....။

ဘယ်တုန်းက ဘာဖြစ်တာ
အဲ့ဒီမှာ..ငါက..ဘာပေါ့
ဘယ်သူတွေ ၊ ဘာမှ မလုပ်ခင်
ငါက အရင် ဘာလုပ် ခဲ့တယ်ပေါ့
ငါ့ထက် ကောင်းတဲ့သူတောင်
ငါ့လောက် ကောင်းတော့မှာ မဟုတ်လို့
ဘယ်ဘဝမှာ ဖြစ်ဖြစ်
ငါက ၊ငါပဲ ဆက်ဖြစ်နေမှာလေ....။


ဝေဒ ၃ ပုံ ကို အာဂုံ ဆောင်နိုင်ခဲ့သူ
ပလေတို ရဲ့ ကြက်တူရွေး လို
လေပြင်းများ တိုက်ခတ် နိုင်သူ
ဇတ်တော်ထဲက ပရဗိုဇ် ကြီးလို
ခါးပတ် ကြီးကြီးကို ဝမ်းမှာပတ်
ဗိုက်ပေါက် ထွက်မှာ ကြောက်နေတတ်သူ.....။

ကန်နာဗာရိုး စတိုင်ထုတ်...
စကားလုံး တွေ နဲ့ အလုပ်ရှုပ် နေလိုက်တာ.......။

ငါတို့ အသင်း ဂိုးသွင်း ခံနေရတာ
နှစ်ပေါင်း ၂၀ ကျော် ကြာပြီ..........။

မောင်ဖုန်းမြင့်



Wednesday, July 16, 2008

အချစ်အကြောင်း မပြောနဲ့


အချစ်အကြောင်း မပြောနဲ့
အချစ်အကြောင်းမပြောလိုက်ကြပါနဲ့အုံးကွယ်
ပုစ္ဆာတွေအဖြေရှာ
ငါကိုယ်တိုင်မရေရာသေးလို့
အချစ်အကြောင်းမပြောပါနဲ့လားကွယ်.......။


အချစ်အကြောင်း..ပြောပြတော့
သူ့ဘဝမှာ..တစ်ခါမှ..မကြားဘူးတဲ့
တေးသွား တစ်ပိုဒ်ဆိုပြသလိုမျိုး
မျက်လုံး အဝိုင်းသားနဲ့
သူလေးက နားထောင်တယ်.......။


အချစ်ရယ် ၊ပေါင်မုန့်တစ်လုံးရယ် ၊
ဝိုင်တစ်ခွက်ရယ်၊ ကဗျာတစ်ပုဒ်ရယ်...
စီးဆင်းနေတဲ့ စမ်းချောင်းလေးရယ်....
လှုပ်ခတ်နေတဲ့ လေညှင်းလေးတွေရယ်...
အစရှိသဖြင်ပေါ့လေ....။

အချစ်အကြာင်းပြောသူကို
သူကလေးက ပိုက်သာဂိုးရပ်ရဲ့
အမှန်တရားအကြောင်းပြောပြတယ်...။

ဆော့ကရေးတီးရဲ့ ရဲရဲတောက်
အဆိပ်တစ်ခွက် အကြောင်း
ပြောပြတယ်....။

အမှန်တရား အတွက်
ဘဝတွေ ခါးတဲ့ အကြောင်းပြောပြတယ်...။

ရက်စက်တဲ့ နရသိန် အမှောင်တွေထဲက
လူငယ် တွေရဲ့ ဘဝကို
ကာလ တန်ဖိုး နဲ့ ..
ပိုင်းခြားတွက်ချက်ပြခဲ့တယ်.......။

အချစ် အကြောင်း မပြောကြနဲ့
ကြယ်စင်တွေကြွေတာ
သီချင်း လုပ်ဆို ရအုန်းမယ်....။

အချစ်အကြောင်း မပြောပါနဲ့
ဘဝတွေကို ရင်းပြီး
ထမင်းရှာဖွေစားရတယ်...။

အချစ်အကြောင်း မပြောလိုက်နဲ့
လူ့ဘဝရဲ့ ဖြစ်တည်မှု ဟာ..
အသက်ရှင် ရုံလေး ရပ်တည်နိုင်ဘို့ မဟုတ်ဘူး....။

အချစ် အကြောင်း မပြောနဲ့
စီးကရက် တစ်လိပ် ကို မီးညှိလိုက် သလို
ဘဝတွေလောင် မြိုက်ခံရတယ်......။

အချစ်ကြောင်း မပြောလိုက် နဲ့
ကက်ဆက် ခလုတ်ကို ဖွင့်လိုက်
ကြားရတဲ့ တေးသွားမှာ တံခါးချပ်တွေပါတယ် ......။

အချစ် အကြောင်း မပြောနဲ့
ငါကိုယ်တိုင် က
ကြော်ငြာ ချက် တစ်စောင်ဖြစ်တယ်....။

အချစ် အကြောင်း မပြော ကြနဲ့တော့
အပြန်လမ်း ပျောက်သူတွေ
တဖြည်းဖြည်း များနေပြီ
လေးကိုင်း တွေ အသင်ပြင်
လေးညို့ ကို အတင်းဆုံး ဆွဲတင်လိုက်
တံခွန်တွေ လွှင့်ထူလိုက်ကြ
သွေးစက် တွေ ပက်ဖြန်း
ကိုယ့် လမ်းတွေ ကိုယ်ရွေးထားလိုက်တော့....။

ငါတို့ ရဲ့ အကောင်းဆုံး တေး တွေဟာ
အဆွေးဆုံး အတွေးမဟုတ်ဘူး.....။

အဲ့ဒီညက ....
အချစ် အကြောင်းပြော သူ ဟာ
ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ တယ်...........။

မောင်ဖုန်းမြင့်

Saturday, July 12, 2008

အတွေးသက်သက်များ


ကျွန်တော် အိပ်ယာက နိုးထလာတော.နွေဦးပေါက် နေရောင်ခြည်များက အခန်းထဲမှာ လေးတွဲ့စွာ ဝဲပျံကြလို့ နေသည် ။ မက်လက်စ အိပ်မက် ကို အသာအယာ ခေါက်သိမ်းလိုက်တော့ အိပ်မက် က ဆက်မမက် တော.ဘူးလား ဟု ကြာဟန်ပါပါ မေးသေးသည် ၊ ကျွန်တော်က အိပ်မက် အဟောင်းတွေ ဈေးကောင်း မရတော.ဘူးဟု ပြောကာ အခန်းအပြင် ဘက်သို. ထွက်လာခဲ.လိုက်သည် ။

အပြင်ဘက်က ပန်းခြံ ထဲမှာ သဘာဝရဲ့ ပန်းပွင့်ငယ် များ ဖြစ်တဲ့ ကလေးငယ်များ က ပေါ့ပါး လွတ်လပ် စွာ သဘာဝ ဆန်ဆန် ပြေးလွှားဆော့ ကစားနေကြသည် ။ အဲ့ဒီထဲမှာ ကျွန်တော်တို.ဧရာဝတီရဲ့ ရင်သွေးငယ်လေး တွေ ရော ဘယ်နားရောက်နေခဲ.လဲ ကျွန်တော် ဆက် မတွေးချင်တော့ ၊ ပြင်ပ ကမ္ဘာကြီးထဲ မှာတော. ကောင်းကင် ကြီးက ပြာလွင်တောက် ပ လို့ သက်တန့် ရောင်စုံများနှင့် မနာလိုစရာ ကောင်းလောက် အောင် လှပလွန်းနေသည် ...။ တိမ်ပြာပြာ ဆန်းဒေးပေါ့ ... ကျွန်တော်တို. သိပ်ချစ်တဲ့ အမိမြေရဲ့ ကောင်းကင်ကြီး ကတော့ တိမ်ညို ၊ တိမ်မဲ များ မကင်းစင်နိုင်သေး ...။


တကယ်တမ်း ကြတော့ ဘဝ ဟာ ကစားပွဲ တစ်ခုထက် ကို ပိုမိုလွန်း နေခဲ.သည့်.... ။ ဘာပြီးရင် ဘာလာမလဲ
တိတိကျကျ ခန့်မှန်းလို့ မရ၊ ကံကြမ္မာက ထိုးနှက်သည့် လက်သီးချက် များက အတားအဆီး မဲ့စွာ ကျွန်တော် မျက်နာ ပေါ်မှာ ..တစ်လုံး ပြီး တစ်လုံး.... တန်ပြန် တိုက်ခိုက်ဖို့ စိတ်ကူးခွင့် မရ နိုင်ခဲ့ လောက်အောင် ပင် တရစပ် မြန်ဆန်လွန်းလှသည်......။


အခုတစ်လော ၊လောဘဗေဒ ပါရဂူများ ထုတ်ပြန်သည့် အရောင်းသွက် ၁၀ မျိုးစာရင်းတွင် အဆင်သင့် သောက် သုံးနိုင်သည့် လွင်.မျော မိုးတိမ် တံဆိပ် မိုးခါးရေများ ထိပ်ဆုံးက ပါလာသည်...။ ဝိရောဓိ ဟု အမည်ပေးထား သော မျက်ရည် သန်.စက်များမှာ မူ ပုံမှန် အဝယ်လိုက်နေမြဲပင် ဖြစ်သည်။ နာဂစ် မုန်တိုင်း အပြီး တစ်ချို့သော မျက်ရည် များမှာ သန့်ရှင်းလတ်ဆတ်မှု မရှိတော့ သဖြင့် လူသာမန် များ ခံစားရန် မသင်တော်ကြောင်း ကမ္ဘာ.နှ လုံးသား အဖွဲချုပ် ကြီးက ထုတ်ပြန်ကြော်ငြာခဲ့လေသည်....။

ကျွန်တော်ကတော့ အရိုသားဆုံး ခင်းကျင်းပြလိုက်တာပါ ... ။ "မာရာဒိုနာ"...ကျွန်တော် ခင်ဗျားကို သဘောကျ တယ်ဗျာ..ဒါပေမဲ.ခင်ဗျားက ကျွန်တော်ရဲ့ သူရဲကောင်းမဟုတ်ခဲဘူး ..... "ရှာရာပိုဗာ" ကို ကျွန်တော် သဘော ကျခဲ့ သလိုမျိုး ခင်ဗျားကို သဘောကျတယ်...ကျွန်တော့် ရဲ့သူရဲကောင်းတွေ ဟာ "မာသာထရီစာ" "ဦးဝင်းတင်" “ဒေါ်အောင်ဆန်းစုကြည်” နှင်. သူတို.ရဲ. လိုအင် ဆန္ဒ တွေကို ရှေ့တန်းမတင်ပဲ အမြဲတမ်း ပေးဆပ်ခဲ့တဲ လူတွေ ဟာ ကျွန်တော့်ရင် ထဲမှာ နေရာအပြည်.ယူလို့.............။

လူငယ် တစ်ယောက် ရဲ့ ယုံကြည် မူ မိုးကောင်းကင် ကရော ဘယ်ဆီလွင့် ပါးခဲ.ပြီလဲ ........ဂစ်တာ တစ်လုံး နဲ့ ရော.ခ် သီချင်း ကြိုက် တတ်သူ..ဆင်ခြေဖုံး မြို့လေးရဲ့ တီးရှော. အဟောင်းလေး ထဲမှာ ထိုင်ပြီး တောင်စဉ်ရေမရ အတွေးတွေ ကို ကဗျာ တွေ ချချ ရေးတတ် တဲ့ သူ......သောက အခိုးအငွေ.တွေကို ဆေးလိပ် တစ်လိပ်ထဲ ထည့် ပြီး မီးခိုးငွေတွေ အဖြစ် ပြောင်းလဲ တတ်ခဲ့သူ လေ....သူကောင်း ကင်ထဲ က တိမ်တိုက် တွေက ကြီးကြီးမားမား သိပ်မရှိရှာဘူး....ချစ်ခြင်းတရား ၊ အနုပညာ နဲ့ မန်ချက်စတာ ဘောလုံး အသင်း ကို ထုထည်ဖွဲ့ ခုံမင်တတ်ခဲ့ သူ..... ပြန်မရ နိုင်တော့ ဘူးကွယ် ...ဒီညတွေကို ...ဒီဘဝမှာ ပြန်မရတော.ဘူး..............။


ဒီလိုနဲ့ပဲ ကျွန်တော်တို့ အိပ်မက်တွေ မိုးခေါင် နေခဲ့သည် မှာ ကာလ အတန်ကြာနေခဲ့လေပြီ......ကျွန်တော် တို့ အသွေး ၊ အသား ထဲက ဆာလောင် တက်မက်နေတဲ့......လွတ်လပ်ခြင်း လွင်ပြင်ကျယ် ဆီကို....ပျံသန်းရောက်ရှိဖို့.....အတောင်ပံတွေကို မီးကုန်၊ယမ်းကုန် ဆန့်တန်း ခတ်ထုတ်ရအုန်းမည်........လမ်းခုလတ် နားခိုရာ နေရာကောင်း မှာ မှီတွယ် ကျန်ရစ်ခဲ့သူတွေ လည်း ကျန်ခဲ.ကြလေပြီ.....တစ်ချို့ ကတော့ သက်လုံ မကောင်းချင်တော့........ရှိပလေစေတော့.....အမြင်.ပျံငှက် တို့ရဲ့ မိုင်ထောင်ချီ ခရီး အချည်းအနှီး တော့ မဖြစ်စေရ....။

ကျွန်တော် က တော့ ဒီလွင်ပြင်ကျယ် ရိုးတစ်လျှောက် မှာ ထိုးဖောက် ပျံသန်း နေရအုနုးမှာပါ ....တတ်နိုင်ရင် မိုးကုတ် စက်ဝိုင်းနား ရောက် တဲ့ အထိပေါ့.....။

အော်...အခုများတော့လဲ ရွှေသား အသက်ဓါတ်လေး လို တယုတယ တန်ဘိုးထား မြတ်နိုးရတဲ့ ကဗျာ မှော်ဝတ်ရုံ လေးခြုံလို့ လောကဓါတ် မြေတစ်ခွင် မှာ နေတတ်၊ သေတတ် ခဲ့လေပြီ......။

Tuesday, June 24, 2008

ထိမ်းထိမ်း သိမ်းသိမ်း လုပ်စေချင် ပါသည် ။

ဒီအကြောင်း ကို ပြောချင်နေတာ ကြာပြီ ၊ ပြောသင့် မပြော သင်.ချင်.ချိန် နေတာလည်း ကြာခဲ့ပြီဖြစ်သည် ။

အခုတော့ မပြော ပဲနှင်.ကိုမနေနိုင်တော့ ။ ပြည်တွင်းမှာကယ်ဆယ်ရေးလုပ်နေကြသူတွေအခက်၊အခဲပေါင်းစုံနှင့် ရင်ဆိုင် နေရသည်။ ကိုဇာဂနာမှ အစ ပြု ကာ၊ အလောင်း တွေ မြုပ်နှံ င်္သဂြိုဟ် ကြ တဲ. အဖွဲ့ တွေ အဆုံး ဖမ်းဆီး ထိမ်းသိမ်းခံ လိုက်ရသည်။အခု လိုကယ်ဆယ်ရေး လုပ်နေ သူတွေ ဖမ်းဆီး ခံကြရတော့ ဘယ်သူတွေ ဒုက္ခရောက် သနည်း ။ ကျွန်တော်တို့ ပြည်သူတွေပဲဖြစ်သည် .......။





ညက ကိုမျက်လုံး နှင့် ဂျီတော. မှာ အတော်ကြာ စကားပြောဖြစ်သည် ။ ကိုမျက်လုံး တို့ က မုန်တိုင်းဒါဏ် ခံ ဒေသ ဖြစ်တဲ့ လပွတ္တာ ဘက် မှာ ဘက်ဂျက် တဲဆောက် ပြီး အကူ အညီပေးနေ သူတွေ ။ သူနဲ့ စကားပြော ပြီး မှာ သူတို့ ရင်ဆိုင် နေရတဲ့ အခက် အခဲတွေ အများကြီးကို နားလည် လိုက်ရသည် ။ သူတို့ရဲ မိသားစု အရေး ကိစ္စ တွေကို စွန့် ပယ်ထားပြီး မုန်တိုင်း သင့် ပြည်သူတွေ ကို အတတ်နိုင် ဆုံး အကူအညီ ပေးနေကြ သူတွေ ၊ သူတို့ ရဲ့ ကို.ယ်ပိုင် လူမူရေး ကိစ္စ တွေကို ခေါင်းထဲ မထည်.ထားကြသူတွေ ဖြစ်သည် ။ ဒီလို လူတွေကို ဘာလို့ အနှောင့် အယှက် ပေးချင် နေရပါ သနည်း ။ ကိုမျက်လုံး ကတော့ “ဘလော့ ပေါ်လဲ အစအဆုံး လိုက် တင် မနေချင်ဘူး ။ အဲ့ဒီတော့ လုပ်လဲလုပ်ရသေး။ ဒုက္ခဝိုင်းပေး တဲ့ သူတွေက ပြောချင် သလိုပြောနဲ့ ဆိုတော့ စိတ်တော်တော် ဆင်း ရဲရ တယ် ” ဟု သာ ငြီးတွားသွားခဲ.သည် ။

မီဒီယာ ဆရာသမားတို့ ထိမ်းထိမ်း သိမ်းသိမ်း လုပ်စေချင် ပါသည် ....။ ညီမငယ် ကဲ့သို့ ခင်မင်ရသူ ဘလောဂ်ဂါ တစ်ဦး မြစ်ဝကျွန်းပေါ် ဒေသတွင် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်စဉ်ကလဲ ယခုလို အဖြစ်ပျက် မျိုးကြား ခဲ့ရဘူးသည် ..။

အကျယ်ချဲ့ပြီး အရှည် မပြောချင်တော့ “ကိုမျက်လုံး” မနေနိုင် လွန်းလို့ ရေးလိုက် တဲ့ပို့စ် ကိုသာ ကူးယူ ဖော်ပြလိုက် ပါသည် ။ ဖတ်ရှု ကြပါကုန်........... ။




To RFA

Email thisSave to del.icio.usDigg This!Stumble It!

ညနေက ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်မှ ပြောလာပါတယ်။ မင်းတို့ လေဘေးသင့်တဲ့သူတွေကို အိမ်တွေပြန်ဆောက်ပေးနေတဲ့အကြောင်းကို RFA က ပြောသွားတယ်တဲ့။ မင်းတို့ကို ဦးဆောင်လုပ်နေတဲ့ ကိုညီလင်းဆက်ဆိုတဲ့ ကွန်ပျူတာသမားက မန်နေဂျာရာထူးကတောင်ထွက်ပြီး လုပ်နေတယ်။ ရံပုံငွေ ဒေါ်လာသောင်းချီပြီးရနေတော့ အတားအဆီး၊ အနှောက်အယှက်မခံရပဲနဲ့ ဆက်လုပ်လို့ရနေတယ်ဆိုပြီး ပြောသွားတယ်တဲ့။ အဲဒီအကြောင်းကို ကျွန်တော်တို့ အားလုံးသိသွားတာနဲ့ တော်တော် ဒေါသထွက်သွားပါတယ်။ ဒီမီဒီယာတွေနဲ့ ပတ်သတ်လို့ အရင်တုန်းကလည်း ကျွန်တော် တော်တော်ပြောခဲ့ဖူးပါတယ်။ ဘေးကနေတီးပေးမနေကြပါနဲ့လို့။ ခင်ဗျားတို့ မိုင်ပေါင်းများစွာဝေးတဲ့နေရာက မဆင်မခြင် ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိပြောလိုက်တဲ့ စကားတွေက စိတ်သန့်သန့်နဲ့ လုပ်နေကြတဲ့သူတွေအတွက် ဘယ်လောက်အထိ ထိခိုက်ခံစားသွားရနိုင်သလဲဆိုတာ သတင်းသမားတစ်ယောက်အနေနဲ့ သိသင့်ပါတယ်။ ဒါမျိုးက သတင်းသမားမှမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံ အသိစိတ်ဓါတ်လောက်ရှိရင်တောင် ပြောသင့် မပြောသင့် သိပါတယ်။ ခင်ဗျားတို့ အဲဒီလို ပြောလိုက်တာ သတင်းဟုတ်ပါသလား။ ဘယ်သူတွေများ အကျိုးထူးရသွားမလဲ။ ကျွန်တော်တို့အားလုံးဟာ လူအချင်းချင်း တတ်နိုင်သလောက် ၀ိုင်းကူနေကြတာပါ။ ခင်ဗျားတို့လို အဝေးကြီးကနေ ခံစားခွင့်တွေ တစ်ပုံကြီးနဲ့ လေကိုရင်းပြီး လုပ်စားနေကြတဲ့သူတွေ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတာက ကျွန်တော်တို့လက်ထဲ ရောက်လာသမျှသော ရံပုံငွေမှန်သမျှကို လေဘေးရော၊ ရေဘေးပါ တကယ်ခံခဲ့ရတဲ့သူတွေဆီကို အကျိုးရှိရှိရောက်သွားဖို့ပါ။

ခင်ဗျားတို့ ထင်ထားတာက ဒေါ်လာ သောင်းဂဏန်းလောက်က ကျွန်တော်တို့ရှေ့ကို ဒုန်းဆိုရောက်လာ၊ ကျုပ်တို့က အဲဒီပိုက်ဆံတွေကို ၀ယ်စရာရှိတာ အလွယ်တကူဝယ်ပြီး ကားကြီးနဲ့ ငြိမ့်ငြိမ့်လေး လပွတ္တာကိုရောက်၊ ဟိုဟိုဒီဒီ လှူစရာရှိတာတွေ လှူပြီး ပြန်လာကြ ဒီလိုများ ထင်နေကြသလား။ အဆင့်တိုင်း အဆင့်တိုင်းမှာ ဆက်လုပ်ချင်စိတ်ကုန်လောက်တဲ့အထိ အခက်အခဲတွေ အများကြီးပါ။ ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေကို ဘယ်သူမှ ကျွန်တော်တို့လောက် မသိပါဘူး။ ဒီကောင်တွေ ဘာကြောင့်အတားအဆီး မခံရတာလဲဆိုတာလောက်ပဲ ခင်ဗျားတို့ စဉ်းစားတတ်သလား။ ငါတို့ ပြောလိုက်လို့ ဒီကောင်တွေ ဒုက္ခရောက်သွားရင် ငါတို့ ဖွစရာ သတင်းရမယ်ဆိုတာလောက်ပဲ တွေးသလား။ နည်းနည်းငြိမ်သွားရင် မပွ ပွအောင် ထပြီး ဖွ၊ ခံစရာရှိတော့ တကယ်လုပ်နေရတဲ့ကောင်တွေခံ၊ အဲဒီအချိန်ကျမှ ခင်ဗျားတို့ လျှာတွေယားနေအောင် ပြောချင်နေတဲ့ အကြောင်းတွေကို အတုံးလိုက် အတစ်လိုက် ၀ိုင်းပြောကြ။ အဲဒီအချိန်မှာ လေဘေးရေဘေးခံခဲ့ရသူတွေအတွက်လည်း ထိခိုက်နစ်နာမှုအများကြီး ရှိသွားမှာပဲဆိုတာ တွေးမိသလား။ လက်ရှိပြန်လည်ထူထောင်ရေးနဲ့ လှူဒါန်းကူညီနေတဲ့သူတွေက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို အထိခိုက်ခံပြီး လုပ်နေရတဲ့အထဲ ဘယ်သူတော့ ဘယ်လို ဖြစ်သွားပြီဆိုပြီး ကြားရရင် ဒီအလုပ်ကို လုပ်နေတဲ့ လူ ၁၀၀ မှာ ၉၀ လောက်က ဆက်မလုပ်တော့ဘူးဆိုရင် ဘယ်သူတွေ အကျိုးယုတ်မလဲ။

ဘယ်သူမှ မတားလဲ ကျွန်တော်တို့မှာ Fund မရှိသလောက် နည်းနေပြီ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ ဆက်လုပ်ဖြစ်မယ် မထင်တော့ပါဘူး။ အခုလောလောဆယ် ကိုညီလင်းဆက်တို့ ဆိပ်ကလေးကုန်းရွာမှာ အိမ်အလုံး ၂၀ နဲ့ ကွင်းသုံးဆင့် ရွာမှာ အိမ် အလုံး ၂၀ ဆောက်ပေးနေကြပါတယ်။ ဒီရွာတွေမှာတော့ အိမ်တိုင်တွေက အစ ပံ့ပိုးပေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း ပိုပြီးကုန်ကျလာပါတယ်။ ကျွန်တော်တို့မှာ Fund လည်း မရှိ၊ ဆက်လက်လုပ်ဆောင်ဖို့အတွက် အခြေအနေလည်း မပေးတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲ လုပ်ချင်စိတ်ရှိရှိ ဆက်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး ။

(myatlone.blogspot.com )

Friday, June 20, 2008

တိတ်ဆိတ်ငြိမ်သက်နေတဲ့နိုင်ငံတော်မှာ

ကျွန်တော် ရဲ့မေးလ်ထဲကို ရောက်လာတဲ့ ဆောင်းပါးရှင် အောင်မျိုးဝင်း ရေးသားပြီး ဒုတိယအိမ် နိုင်ငံတကာ စာပေဆက်ဆံရေး က ဖြန်.ချီ ထုတ်ဝေ လိုက်တဲ့ တိတ်ဆိတ်ငြိမ်သက် နေတဲ. နိုင်ငံတော်မှာ ဆိုတဲ့ ရသ စာပေ ဆောင်းပါး ထဲက ကြိုက်နှစ် သက်မိတာလေးတွေကို ပြန်လည် ဝေမျှ လိုက်ပါတယ် .....။

----------------------------------------------------------------------------------------------------


"ကိုယ့်ခေါင်းဆောင် ၊ ကိုယ်ယုံကြည်ချက် ၊ ကိုယ့်ရဲဘော် အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက် ပါနဲ့"
( ဒေါ်အောင်ဆန်းစုကြည် )

...............................................................................................................................................................................

တိတ်ဆိတ်ငြိမ်သက်နေတဲ. နိုင်ငံတော်မှာ (In the Quiet Land )

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဗမာပြည်မှာ........။

ဘယ်သူမှ မရယ်မောနိုင်ကြသလို ၊ ကျယ်ကျယ် လောင်လောင် လဲ မတွေးနိုင်ကြဘူး ၊

တိတ်ဆိတ်ငြိမ်သက်နေတဲ့ နိုင်ငံမှာ ....

အဲဒီအရာတွေကို လူတွေရဲ့ ငြိမ်သက်နေတဲ့ အရာတွေထဲ မှာ ကြားနိုင်မယ် ။
...........................................................................................
...........................................................................................

တိတ်ဆိတ်ငြိမ်သက်နေတဲ့ နိုင်ငံမှာ......။

စစ်သားတွေက ဘယ်အချိန်မှာ ရောက်လာပြီး ဖမ်းခေါ်သွားမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။

တရုတ်တွေက လမ်းမကို လိုချင်တယ၊် ပြင်သစ်တွေက ရေနံလိုချင်တယ် ၊

ထိုင်းတွေက သစ်တွေကိုယူတယ် ၊ စစ်အစိုးရ က အပျက် အစီးတွေကို ယူတယ် ။


တိတ်ဆိတ်ငြိမ်သက်နေတဲ့ နိုင်ငံမှာ

တိတ်ဆိတ်ငြိမ်သက်နေတဲ့နိုင်ငံမှာ........။

လူသတ်မှုတွေကငြိမ်သက်လိုက်စေတဲ့ အရာတွေ

နောက်.....ကြောက်လန့်မှုတွေနဲ့ ဖုံးအုပ်ပစ်လိုက်တဲ့ အရာတွေ

ဘယ်သူမှ မကြားနိုင်ကြဘူး

ဒါပေမဲ့ကွယ်.......

အင်အားသုံးနှိပ်ကွပ်နေပေမဲ့

လွတ်မြောက်မှု ရဲ့ တေးသံတွေကိုတော့

လူလိမ်တွေက အတုအယောင်တွေ အဖြစ်ဖန်တီးလို့ မရသလို

ဟိန်းဟောက် အော်ဟစ်မူတွေနဲ့လည်း ဆွဲနှစ်ပစ်လို့ မရနိုင်ပါဘူး........။


ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးခဲ့တဲ့ " တိတ်ဆိတ်ငြိမ်သက် နေတဲ့ နိုင်ငံမှာ" ဆိုတဲ့ ကဗျာလေး ထဲက တစ်ပိုင်းတစ်စ စာသားတွေပါ ။ ခံစားရတယ် ၊ ကျွန်တော် ကိုယ်တိုင် အမှောင်ထဲမှာမြုပ်သွားလိုက် ..........
နောက် .. အလင်းစက်တွေကြားမှာ ဝုန်းကနဲ ကွဲထွက်လွင့်စင်နေတဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို ပြန်ဆက် ဖို့ ကြိုးစားလိုက်နဲ့ ............
ကားသံတွေ ကြားနေရပြီဆို လူ က ဆတ်ကနဲထထိုင် မိတယ် ။စဉ်းစား မနေတော့ပဲ အိမ်အနောက်ဘက် ဝရန်တာ လက်တန်းတွေကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူတွေရှိနေဆဲပဲ ဆိုတာသိနေတယ် ။ တချို့က ဆောင်းညတွေဆို စစ်ကြောရေး စခန်းထဲက တရစပ် ရိုက်တဲ့ ရာဘာစွပ်ထားတဲ့ သံပိုက်လုံးတွေ ကြောင့် ခြေထောက်အကြောတွေထုံးပြီး လမ်းမလျှောက်နိုင်ကြတော.သလို၊ခု လိုရက်တွေ... အိမ်လေးဆီကို နေရာ အနှံထိုးခွဲမွှေနောက်နေတဲ့ စစ်ထောက်လှမ်းရေးတွေ .....မျက်နာကို အဝတ်စည်းပြီး၊ပြီးမှ နောက်ကနေ ကျောပြင်နဲ့ ခေါင်းကို ကန်နေကြမယ် ။

ညည်.နက်တွေမှာ မိသားစုတွေ အထိတ်တလန့် ၊နုတ်ဆက်ချိန် မရလောက်အောင် ဖရိုဖရဲ ကွဲကြေခဲ့ကြ ။
ကျွန်တော်တို့ရဲ. လူထုခေါင်းဆောင် တစ်ယောက်လည်း မိုးရေ စီးကြောင်းနှင့် အက်ကွဲနေတဲ့ မှန်ပြုတင်းလေး ဘေးမှာ...........။

ဦးဝင်းတင် ၊ မင်းကိုနိုင်၊ ကိုကိုကြီး ၊ ဌေးကြွယ် ၊ ဂျင်မီ ၊ မီးမီး .........မကျေမချမ်းရေရွတ်နေတဲ့ ဒါဏ်ရာတွေ...

အော် ...
နွေးထွေး ချစ်စရာ ကောင်းနေကျ

ငါမွေးဖွားခဲ့ ရာ အိမ်ကလေး

ခုတော့ မှောင်မဲ စိတ်ချောက်ခြားဘွယ် အရာတွေ နဲ့ ပြည်.နှက်ပေါ့.....

ကောင်းချီးပေးသံတွေ ရွှင်လန်းသက်ဝင်နေကျ

ငါ့ကို လူလားမြောက်အောင် လုပ်ပေးခဲ့တဲ့ မိသားစုလည်း

ခုတော့ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ နေနေခဲ့ရ ..........

သန့်စင်ပျော်ပါးခဲ့ ကြတဲ့ ဘဝတွေကို

ငါနဲ.အတူ မျှဝေခံစားဘူးတဲ့ သူငယ်ချင်းတွေလည်း

ခုတော့ ဒါဏ်ရာတွေ ပြည်.ဝနေတဲ့ နှလုံးသားတွေနဲ့.......

( လွတ်မြောက်တဲ့ ဗမာပြည်ကို ပျံသန်းနေမဲ့ လွတ်မြောက်နေတဲ့ ငှက်ကဗျာမှ )

မိုးပြိုမှာ မကြောက်ပေမဲ့ အကျဉ်းထောင်ထဲက မတရားဖမ်းခံထား ရတဲ့လူတွေ တစ်ရက်လောက်တော့ငြိမ်းငြိမ်း ချမ်းချမ်း နေကြရပါ စေသားလို့ ဆုတောင်းလိုက်ချင်ရဲ့ (စိတ်ထဲမှာ မဖြစ်နိုင်ဘူးဆိုတာလည်း သိနေသေးတော့) ။

Thursday, June 19, 2008

ဘလော့ဂ်အသစ် မိတ်ဆက်





ဒီလိုမျိုး ဘလောဂ် လေး တစ်ခု ပေါ်ထွက် လာဖို.ကို မျှော် လင်.နေမိတာ ကြာပါ ပြီ ။ အစ က စိတ်ကူးရှိသော် လည်း ပဲ ကိုယ်ပိုင် အချိန်တွေ ဆင်းရဲလွန်းတာ ကြောင့် စိတ်ကူး နဲ.ပဲ အဆုံးသတ် ခဲ့ ရတာပါ ။ အခုတော. မြန်မာ ဘလောဂ်ဂါ တို့ ၏ ပို့စ် အသစ်မျာ
ဆိုတဲ့  ဘလော.ဂ် အသစ် တစ်ခု ပေါ်ထွက် လို့ လာ ပါပြီ ၊ စီစဉ် ဖန်တီးသူ ကို ကျော်လင်းထွန်း ကို အထူးပဲ ကျေးဇူး တင်ရှိ ပါတယ်
ဒီဘလော့ဂ် လေးဟာ မြန်မာ ဘလော့ဂ်ဂါ ရပ်ဝန်း အတွက် လိုအပ် ချက် လေး တစ်ခု ကို ဖြည်.ဆည်းပေးလိုက် သလိုပါပဲ ။ တစ်ချိန်ထဲ တပြိုင်ထဲ နဲ. မြန်မာ ဘလော့ဂ်ဂါ တွေရဲ.ပို့စ် အသစ်တွေကို ဖတ်ရူရမှာပါ ။မြန်မာ ဘလောဂ့် ဂါ တွေရဲ့ ဘလောဂ်ပို့စ် အသစ်တွေ ကို ဖတ်ရှုလိုတဲ့ စာဖတ်သူတွေ အတွက် အချိန်ကုန် သက်သာစေ ပြီး ရှာဖွေရ လွယ်ကူ အောင် စီစဉ်ပေး ထားပါတယ် ။

လင့်မချိတ်ရသေးတဲ့ မြန်မာ ဘလော့ဂ် ဂါ များ ဆက်သွယ်ပြီးတော. လင့်ချိတ်ဆက် နိုင်ကြပါ ပြီ ....။

လင့်ကတော့ ဒီမှာပါ

Thursday, June 12, 2008

အမျှဝေ ပေးကြ ပါ





ကျွန်တော်တို့ရဲ့ ရွှေပြည်ကြီးမှာ နာဂစ်မုန်တိုင်း တိုက်ပြီးခဲ.တာ တစ်လကျော် ကြာခဲ.ပါပြီ ။ အခုအချိန်ထိ တာဝန်ရှိတဲ. အစိုးရဟာ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးလို. ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်နေပါပြီ လို့ ပြောနေတုန်းပါပဲ ။ သူတို.ရဲ. အပြောမှန်မမှန်ကို တော. အင်တာနက်စာ မျက်နာတွေက သက်သေခံနေကြပါ တယ် ။ ပြန်လည်ထူထောင်ရေး လုပ်ဖို့ .အသာထား ၊ မုန်တိုင်းအတွင်းက သေဆုံးသွားတဲ.လူတွေရဲ. အလောင်းတွေ ကိုတောင် ကောက်ယူ မြုပ်နှံ နိုင်ခြင်း မရှိသေးပါဘူး။ တကယ်ဆို ဒီလူတွေရဲ့ ရုပ်ကြွင်းတွေကို စနစ်တကျ မှတ်တမ်း မတင်ထားနိုင်ရင် တောင်မှ သေဆုံးသွားတဲ့ လူတွေရဲ့ ကိုးကွယ်မှု ဘာသာတရား ဓလေ.ထုံးစံတွေ အတိုင်း မြုပ်နှံ သဂြို င်္ဟ် ပေးသင့်ပါတယ် ။

သေဆုံးသွားတဲ့ လူတွေအတွက် ဂုဏ်သိက္ခာနှင်. လူသားဆန်မှု အရ နောက်ဆုံးအနေ နှင်. အလေးအမြတ်ပြုပေး စေချင်ပါတယ် ။ အခုလို မျိုး လမ်းဘေးမှာ ပိုးစက် ပက်စက် စွန်.ပစ်ထား သလို မျိုးကတော. ဘယ်လိုနည်းနဲ. မှ မသင်.တော်ပါဘူး ။


ယခုလို သေဆုံးကွယ်လွန်သွားကြ တဲ. လူတွေဟာ သဘာဝ ဘေးဒါဏ် အန္တရာယ် တစ်ခုကို မည်သူတစ်ဦးတစ်
ယောက်ရဲ. အကူအညီ မပါပဲ နောက်ဆုံးအချိန် အထိ သူတို.ရဲ.ရှင်သန်မူအတွက် ၊ တိုက်ပွဲ ဝင်သွားခဲတာ ကို ကျွန်တော်တို့တွေ အသိအမှတ်ပြုရပါလိမ်.မယ် ။


အထူးသဖြင့် ကျွန်တော်တို့ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတို့ရဲ့ ဓလေ.ထုံးတမ်းအစဉ်အလာ အတိုင်း ကွယ်လွန်သူ တွေ ကောင်းရာ ဘုံဘဝ ရောက်ရှိနိုင် ဖို. သရဏဂုံတင် ကုသိုလ်ပြု အမျှအတန်း ပေးဝေပေးသင့် ပါတယ် ။ အခုလို လူမြင် မကောင်း သူမြင် မကောင်း လောက်အောင် အလောင်းတွေ ပြန့်ကျဲ နေပြီး ကောက်ယူ သဂြို င်္ဟ် နိုင်ခြင်း မရှိရလောက်အောင် မုန်တိုင်းဒါဏ်ခံ ရတဲ.ဒေသ တွေဟာ စစ်မြေပြင် မဟုတ်ပါဘူး ။ တကယ့် စစ်မြေပြင် ဆိုရင်တောင် မှ ဒီလောက် အခြေ အနေ ဆိုးဝါး လွန်းလှမယ် မထင်မိပါဘူး ။

ယနေ့ မြန်မာပြည်ကြီးကို ချောက်ကမ်းပါးထဲ ကျလုဆဲဆဲ မှ ကယ်တင် ထားရပါတယ် လို့ မီဒီယာ တွေမှာ အတိအလင်း ထုတ်ဖော် ကြော်ငြာ ခဲ့တဲ စစ်အာဏာရှင်တွေ ဟာ ကွယ်လွန်သွားရှာ ပြီဖြစ် တဲ့ လူတွေအတွက် ကို အသာထား ၊ အသက်ရှင်ကျန် ရစ်ခဲ့တဲ့ လေဘေးသင့် ပြည်သူ တွေကို တောင် မသေမချင်း မျှင်းသတ်နေ သလိုပါပဲ ။

ပြည်တွင်း ၊ ပြည်ပက ကယ်ဆယ်ရေး လုပ်ငန်းတွေနှင့် စေတနာ အလျှောက် အလှု အတန်း ပြုကြတဲ့ စေတနာ ရှင်တွေ ၊ အဖွဲ့ အစည်း တွေကို အဖျက် အမှောင့် လုပ်ဆောင် ကြမဲ့ မြေအောက် အဖွဲ့ အစည်းတွေ လို သဘောထား ပြီး ကန့်သတ်မှု တွေ အမျိုးမျိုး လုပ်ခဲ့တာပါ ။


တကယ် ဒုက္ခ ရောက်နေတဲ့ လူတွေဆီကို အကူအညီတွေ မရောက်နိုင်အောင် အတားအဆီးတွေ အမျိုးမျိုး လုပ်နေ တော့ ၊ဒုက္ခသည် တွေဟာ ကားလမ်းမတွေပေါ်ကို ထွက်လာရတာပါ ။ ဒီလိုလူ တွေဟာ သာမာန် အခြေ အနေမျိုးမှာ ဘယ်သူဆီကမှ လက်ဝါးဖြန်. တောင်းခံ မှာမဟုတ်ပါဘူး ။ စားဝတ်နေရေး အတွက် ဒုက္ခရောက် ကြလွန်းလို့ သာ မလွဲမရှောင်သာပဲ ယခုလို ဖြစ်လာကြတာပါ ။


ဒါကိုပဲ တိုင်းပြည် ရဲ. အသရေ ညိုနွမ်းလို တားမြစ် ရပါ သတဲ. ၊ သူတိုတွေ ရဲ့ လုပ်ရပ် ကရော တိုင်းပြည်ရဲ. ဂုဏ်သိက္ခာကို တောက် ပြောင်လာအောင်လုပ်ပေးနိုင် ရဲ.လားလို. ဆန်းစစ်ကြည်.ကြပါအုန်း ။ နိုင်ငံတကာ ကပေးတဲ. ကယ်ဆယ်ရေး ပစ္စည်းတွေ ကို မှောင်ခိုရောင်စားတာ က အစ တိုင်းပြည် ရဲ.အုပ်ချုပ်ရေး အဖွဲ့ အစည်း ထဲမှာ ပါနေတဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ သားသမီးက မူးယစ် ဆေးဝါး ဖြန်.ချီတာ အဆုံး
ဟာ တိုင်းပြည် အတွက် ဂုဏ်သိက္ခာ တက်တဲ့လုပ်ရပ်တွေ လားလို့ ပြန်မေး ကြည့်စရာ လိုပါလိမ့် မယ် ။


နာဂစ် မုန်တိုင်းကြောင့် အတိဒုက္ခ ရောက်ကြရတဲ့ အသက်ရှင်သန် ကျန်ရစ်သူ များ ကို ဖေးမကူညီ ခြင်းနဲ.အတူ
သေဆုံး ကွယ်လွန် သွားကြ တဲ. သူတွေ အတွက်ပါ ထည့်သွင်.စဉ်းစားပေးကြပါအုန်းလို့ ဒီစာစုလေးနဲ့ တိုက်တွန်း လိုက်ပါရစေ .။



Sunday, June 8, 2008

အေးခဲသွား တဲ.ဂီတ

ဝိညဉ် အသေတွေထခုန်ကြ
စကားလုံးတွေ ပေါက်ကွဲထွက် ကုန်တဲ.ည
ရက်စက်တဲ. ဂီတမှာ
အေးခဲမှုတွေဟာ
ပဉ္စလက် ဆန်ဆန် ကကြိုးနဲ.
မှော်ရုံ တောထဲ
ပျော်ဝင် သွားခဲ.တယ် .....။


ဝိုင်ချိုပြင်း တစ်ခွက်နဲ.
အလင်းမြစ် ထဲ စီးဆင်း
ကိုယ့် လမင်းနဲ့ ကိုယ်
အချစ်သီချင်းတွေ ဆိုလို့ ......


နေမြင့် လို့ ရင့်တဲ့ အရူး
ကိုယ်နဖူး ကိုယ် စမ်းပြီး
ဒေါသထွက် ရတဲ့ ပုဏ္ဏားမိုက် လက်သစ်ပေါ့.....


ဟင်းလင်းပွင်. ရင်ဘတ်နဲ.
နာကျင်စွာ ဟစ်အော်
ခေါ်သံတွေ မကြားချင်တော.ဘူး ......


မြောက်လေ နိုးပါ ၊ တောင်လေ လာပါ
ဂျိုးဖြူငှက်ရဲ. ခြေကျဉ်း ကို ချွတ်တော်မူပါ.....


စုံလုံးကန်းခဲ့သော ၊ နတ်ဘုရားများကြောင့်
နှလုံးသားတော်တော် များများ
ဆွံအ သွားခဲ့တယ် ......


ဟောဒီမှာ ငါရဲ့ ရုပ်ခန္ဓာ
နာမ်တရား ကိုတော.
ရွက်လွင့် ထွက်ခွာ နိုင်ဘို့
ကြိုးစားကြည်.အုံးမယ်.....။


မောင်ဖုန်းမြင့်


Thursday, June 5, 2008

အခုတစ်လော ဖြစ်နေသမျှ

အခုတလော ဘလော.ရေးဘို.ကို စိတ်ထဲက ဘယ်လိုမှကို ဈာန်သွင်းလို. မရဘူးဖြစ်နေတယ် ။ နာဂစ်ကြောင်. ဖြစ်တဲ.စိတ်ဒါဏ်ရာတွေလဲ ပါတာပေါ. ၊ တနေ.တနေ. ကွန်ပျုတာရှေ.ထိုင် မြန်မာပြည် သတင်းတွေစောင်.ဖတ် နိုင်ငံတကာ က ခောတ်မှီ ကယ်ဆယ်ရေးတွေ အလုံးအရင်းနဲ့ဝင် လာလိမ်.မလားလို. မျှော်လင်.ချက် ကြီးကြီးနဲ.ပေါ့ ၊သေလိုက် ကြတဲ့ လူတွေဆိုတာလဲ သောက်သောက်လဲ ၊သတင်းစာ မျက်နှာတွေနဲ့ ကိုယ်တိုင်သွားရောက် ကူညီ လှုဒါန်းကြတဲ့ ဘလောဂါ များရဲ့ ဘလော.တွေပေါ်က မြင်နေ၊ တွေ.နေရတဲ. သတင်းဓါတ်ပုံ တွေကို ကြည်.ပြီး စိတ် အနာတွေက တဖြည်းဖြည်း များလာတယ် ။

ဘယ်လိုမှ စိတ်ချမ်းသာစရာမရှိဘူး။ စိတ်မထိန်းနိုင် တော. ကလော်တုပ် ချင်လာရော ။ ဒီကြားထဲ အမေရိကန်နဲ. ပြင်သစ်က ကယ်ဆယ်ရေး ပစ္စည်းတွေ တင်လာတဲ. သဘောင်္တွေ ပြန်တော.မယ် လည်းဆိုရော စိတ်ဓါတ်က ပြုတ်ကျ သွားသလိုပဲ ။ (ဟိုဆရာ တွေပြောသလို ပြည်ပအားကိုး တာ မဟုတ်ရပေါင်ဗျာ ၊ သူတို.ဆီမှာ ပါလာတဲ ခောတ်မှီ နည်းပညာတွေနဲ. ကယ်ဆယ်ရေး ပစ္စည်းတွေက ကျွန်တော်တို. ပြည်သူတွေ ထောင်ပေါင်းများ စွာရဲ. အသက်ကို ကယ်တင်နိုင်တယ်လေ) ။

အလုပ်ထဲမှာလဲ အပြောင်းအရွှေ.တွေ လုပ်ရ ၊ ကိုယ်ပိုင် ပြသနာလေးတွေက လဲ နည်းနည်းရှိ နေတော. ဘလော့ရေးဘို.ဘက်ကို ခြေဦး မလှည့်ဖြစ်ဘူး ။ မုန်တိုင်းတိုက် ပြီးသွားထဲ က အိမ်ကို အဆက်အသွယ် လုပ်နေတာ မနေ.က မှ ဖုံး ပြောလို့ရတယ် ။ ဘယ်လောက်တောင် စိတ်ပူနေရသလဲ ဆိုတာသာ စဉ်းစားကြည်.ပေတော. အမေနဲ့ စကားပြော လိုက်ရတော. စိတ်ဖိစီး မှုတွေ နည်းနည်းလျော. သွားသလိုပဲ ။ မဟုတ်ရင် လူက မှုန်ကုပ်ကုပ်နဲ. ကြည်ကြည် သာသာ ကိုမရှိဘူး ၊ အလုပ်ထဲမှာ စိတ်နှစ်ထားလို.မရဘူး ။

အခုကျွန်တော် ကြုံတွေ.ခံစားနေရတာ က လမ်းဆုံ ၊လမ်းခွ တစ်ခုမှာ ရောက်နေသလိုပဲ ။ ကိုယ်ကိုယ် တိုင်လဲ ဘယ်လမ်းကို ရွေးချယ် ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်လို.မရသေးဘူး ။ သိပ် မကြာခင် အချိန်အတွင်းမှာ တော. ကျွန်တော်ရဲ. ကိုယ်ပိုင် ပြသနာ လေးတွေ ပြေလည် သွားလိမ်.မယ် ထင်ပါရဲ. ။

ဒီနှစ် ၂၀၀၈ ခုနှစ်ဟာ ကျွန်တော် အတွက် အပြောင်းအလဲ နှင်. အနိမ်.အမြင်. အတက် အကျ တွေ တော်တော် များတဲ.နှစ်လို. မှတ်မှတ် ထင်ထင်ရှိမိတယ် ။ မကြာခင် အချိန် အတွင်းမှာ မလေးရှားရောက် ကျွန်တော် တို. မြန်မာတွေရဲ့ ဘဝ အတွေ.အကြုံဇတ် လမ်းအစုံစုံကို အခန်းဆက် သဘောမျိုး တင်ဆက် သွားပါမယ် ။ စောင်.မျှော် ဖတ်ရှုသွားကြ ပါလို့ အသိပေးရင်း နုတ်ဆက် လိုက်ပါတယ် ခင်ဗျာ ။

မောင်ဖုန်းမြင်.





Thursday, May 15, 2008

ဘုရားသခင် သင်.ကို မယုံကြည်တော.ပါ





ဘုရားသခင်
သင် ဘယ်ရောက် နေခဲ.လဲ...
ဒီမှာ အလောင်းတွေ ပြန်.ကြဲ
နူရာ ဝဲစွဲခံရတဲ.
ဘဝတွေ ဖရိုဖရဲ
အဖတ်ဆယ် လို.ကို မရတော့ဘူး .......

ဘုရားသခင်
သင် ကော်ဖီဆိုင် ထိုင်နေတာလား
လ္ဘက်ရည် ခွက်ထဲက မုန်တိုင်းထက်
အပြင်က မုန်တိုင်းက ပိုပြင်းတယ်






ဘုရားသခင်
ဒါသင်ရဲ. နောက်ဆုံးတရား စီရင်ခြင်းလား
မတရားမှု ကို အနိုင်မယူ
သင်ဟာ ပျက်ကွက်သူ ဖြစ်တယ် ...။





ဘုရား သခင်
သင်ကိုယ်တိုင် ဗီဇာစောင်.နေရတာလား
ဒီနေ. ကယ်ဆယ်ရေး စခန်းတွေကို
အော.ဝဇ်လို. အမည်ပြောင်းလိုက်တယ်






ဘုရားသခင်
လမ်းကြုံရင် ဈေးထဲက
ကယ်ဆယ်ရေး ရိက္ခာထုပ် လက်ဆောင်ဝယ်ခဲ.ပါ
ကမ္ဘာကြီးရှိခဲ. တယ်ဆိုတဲ. အကြောင်း
ဒီမှာ သက်သေပြချင်လို. .....။

ဘုရားသခင်
သင်ဟာ ဆွံအ နေသူလား
ရင်သွေးပေါင်းများစွာက
အမေရေ လို. ဟစ်အော်ကြတယ် ......။

ဘုရားသခင်
သင်ကြားပြီးပြီလား
အဆင်ပြေသွားမှာပါ
ဆိုတဲ. စကားက
အစိမ်းရောင် ဝတ်သူ တွေကြားမှာ
ရေပန်းစားနေတယ် ......။

ဘုရားသခင်
သင် သတင်းတွေ
ဖတ်လိုက်သေးလား
ဒီမှာ မျှော်လင်.ခြင်းတွေ
ခိုးဝှက်ခြင်း ခံလိုက်ရတယ် .....။

ဘုရားသခင်
သင်သိပြီးပြီလား
အလောင်းပုံ တွေ ဘေးမှာထားပြီး
ဖဲသုံးချပ် သမားတွေ
လိမ်ကစား ခဲ.ကြတယ်...။

ဘုရားသခင်
သင်.ကို သတင်းပို.လိုက်တယ်
ကိုယ် အလောင်းကိုယ်ပိုက်
ငါတို. ပြန်ပေးဆွဲ ခံလိုက်ရတယ်...။

ဘုရားသခင်

ထိုနေ.မှ စ၍

သင်.ကို မယုံကြည်တော.ပါ .....။