Thursday, April 17, 2008

မွန်းကြပ်မှုပြဇတ်


တစ်ဘဝလုံး
အသက်ရှုကြပ်ခဲ.ရတာပါ.......။

ဘယ်လိုကံ တရားကြောင်.
ဒီလိုခံစားခဲ.ရပါသလဲ.........

သမ္မာ အာဇီဝ ကျကျ
ထမင်း ဝဝစားချင်ရုံလေးပါ
ဒီထက်မပိုခဲ.ပါဘူး......။

သူတို.ချစ်တဲ.မြေကြီးဟာ
သူတို. အတွက်သီးပွင်.ခွင်.
မပေးခဲ.ဘူးလေ...........။

အသက်နဲ. ၊ ဘဝကိုရင်း
မိသားစု ဝမ်းရေး ကိုရှင်းဘို.
ဒါဟာ....သူတို.ထွက် လာခဲ.တဲ.
အကြောင်း အရင်းပဲပေါ. .........။

သူတို. အိပ်မက်ဟာ
ပဲရစ်ဟီလ်တန် မဟုတ်ဘူး
ဘောင်းဘီဝတ် မိုးတိမ် မဟုတ်ဘူး
အကောင်းစားနှစ်ချို့ဝိုင်မပါဘူး
ပြင်သစ်နိုင်ငံထုတ်
ရေမွှေးတစ်ပုလင်း အတွက်လဲ မဟုတ်ခဲ.ဘူးတဲ.
မိသားစု ထမင်းဝိုင်း အလယ်မှာ
ဆီပြန်ဟင်းလေး တစ်ခွက်
ပါစေချင်ရုံလေးသက်သက်ပါ
အဲ.ဒီလောက်ထိ ရိုးစင်းခဲ.ကြပါတယ် ..........။

လူပဲကွယ်
လူသားဆန်ဆန် ခံစားချက်နဲ့
နေတတ်ခဲ.ချင်တာပေါ့...........

သူတို့ချတဲ. သက်ပြင်းတွေထဲ မှာ
သမီးလေး ကျောင်းအပ်ဘို.ပါတယ်
အိပ်ရာ ထက်က အမေ.အတွက်
ဆေး တစ်ခွက်ဘိုး ပါတယ်
ဒီနှစ် အိမ်အမိုး လဲဘို.ပါတယ်
ဘဝချင်း ပေါင်းစပ် ချင်ကြတဲ.
ချစ်တတ်ခဲ.ခြင်းတွေ ပါတယ်.......။

ဒါဟာ တစ်ကယ်ဖြစ်ခဲ.တဲ.
ပြဇာတ် တစ်ပုဒ်ပါပဲ
အခုမှ မဟုတ်ခဲ. ပါဘူး
သူတို. ရဲ.မွန်းကြပ်မှုတွေဟာ
နှစ်ပေါင်းလေးဆယ်ကျော်
ကြာခဲ.ပြီ....................။

မောင်ဖုန်းမြင်.

(ထိုင်းနိုင်ငံအတွင်း အအေးခန်း ကွန်တိန်နာ ထဲ အသက်ရှု မွန်းကြပ်၍ ဘဝတစ်ပါးသို. ပြောင်းရွေ့ကွယ်လွန်သွားသော မြန်မာနိုင်ငံသား ၅၄ ဦးတို. နှစ်သစ် အခါ သမယ တွင် ကောင်းရာသုဂတိလားပါစေ ။)

5 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

ဖတ်လိုက်ပြီးအရမ်းခံစားရတယ်အကိုဖုန်းရေ
သူတို.မိသားစုတွေနဲ.ထပ်တူဝမ်းနည်းကြေကွဲ
ရပါတယ်။ကောင်းရာသုဂတိလားကြပါစေ။

YeAungThu said...

သူတို့ချတဲ. သက်ပြင်းတွေထဲ မှာ
သမီးလေး ကျောင်းအပ်ဘို.ပါတယ်
အိပ်ရာ ထက်က အမေ.အတွက်
ဆေး တစ်ခွက်ဘိုး ပါတယ်
ဒီနှစ် အိမ်အမိုး လဲဘို.ပါတယ်
ဘဝချင်း ပေါင်းစပ် ချင်ကြတဲ.
ချစ်တတ်ခဲ.ခြင်းတွေ ပါတယ်.......။

.....
လူ.ဘ၀ အတွက် တိုက်ပွဲတိုင်းမှာ အဆင်ပြေကျပါစေလို.သာ ဆုတောင်းနေယုံမှ တပါးးးး..

ThinkingHoney said...

သွားသူတွေလည်း ကောင်းရာရောက်ပါစေ။
ကျန်ရစ်သူတွေလည်း အသက်ရှုချောင်ကြပါစေ။

ကလိုစေးထူး said...

ကဗျာကို ဖတ်ရတာ စိတ်ထဲ မကောင်းလိုက်တာ...။

mama said...

သေသူကိုရှင်သူက တရ လိမ့်မယ်.. ဆိုတဲ့
ရှေးဆိုရိုးစကားတစ်ခုကြားဖူးတယ်..
သေသွားတွေတဲ့သူတွေ ကောင်းရာဘုံရောက်ချင်ရောက်နိုင်မှာ ဖြစ်ပေမဲ့
...ကျန်နေတဲ့ သူတွေ အတွက်..
...မင်း ကဗျာထဲက ..
...အိပ်ယာထက်က ဆေးလိုအပ်နေတဲ့အမေ..
ကျောင်းတက်ချင်တဲ့ သမီးလေး..
မိုးယိုနေတဲ့ အိမ်အမိုး..
စောင့်မျှော်နေမဲ့ ချစ်တဲ့သူ...
... ရင်မော လိုက်ပါဘိတော့..
နှလုံးသားတစ်ခုလုံး ဆွဲဆုပ်ထားသလို ခံစားမိတယ်..
တရားခံ အစစ်က ဘယ်သူလဲ...။
ရင်နဲ့အမျှ ခံစားရတဲ့ ကဗျာလေးပါ။