Thursday, December 4, 2008

ဒီဇင်ဘာ အတွက် စာ....။

ဘာလိုလိုနဲ့ ..ဒီဇင်ဘာတောင်ရောက်လာပြီပဲ အကိုကြီးရေ.....မသိလိုက်မသိဘာသာနဲ့ပဲ ဒီဇင်ဘာရဲ့ အလယ်ခေါင် တည့်တည့် ရပ်နေမိသား ဖြစ်နေပါလား...။ဒီမှာတော့ နှင်းတွေ မကျဘူးဗျာ.. ၊ တကယ်တမ်း တော့လည်း နှင်းတွေကျနေတာထက်စာရင် မြူမှုန်လေးတွေ ဆိုင်းနေတာမျိုး ကို ကျနော်က ပိုကြိုက်တာ......။ အကိုကြိုက်တဲ့ အဆိုတော်ကြီး ခင်ဝမ်းရဲ့ ``ပြည်မှဆောင်း`` ထဲကလိုပေါ့ တစ်လောကလုံးမှာ ခရမ်းရောင် နှင်းမှုန်လေးတွေနဲ့ဆိုတော့ ..ဘယ်လောက် တွေး လို့ကောင်း ငေးလို့ကောင်းလိုက် မလဲနော် .. ။


ကျနော်နဲ့ အကိုတောင် မဆုံဖြစ်တာကြာပြီ .. စာတွေလဲ မရေးနိုင် ၊ မတွေးနိုင်တာ ကြာပေါ့ .. အကြောင်းပြ ရင် လောကဇတ်ခုံ ၊ ဇတ်လမ်း အစုံစုံပေါ့ အကိုရာ .. ၊ လူ့ဘဝ အချိန်တိုလေး အတွင်းမှာ လုပ်ချင်တာတွေက လဲ များသား ဗျာ၊ အခြေ အနေပေးရင် အကိုနဲ့ တောင် ၃၃ လမ်းထဲက လက်ဘက်ရည်ဆိုင်လေးထဲ မှာ ကျစိမ့်လေးမှာ ဆေးလိပ်လေးဖွာပြီး တောအကြောင်း ၊တောင်အကြောင်း ၊ သောင်းပြောင်းထွေလာ စကားဖောင်ဖွဲ့ ချင်သေးတာ ။ ပြီးတော့ အခွေလေးတစ်ခွေ လောက် လုပ်မယ်ဗျာ.. အကိုကို့ပဲ တီးခိုင်းရမှာပဲ၊ ကျနော်ကတောာ့တစ်ပုဒ်စ နှစ်ပုဒ် စ ဝင်ရေးတာပေါ့ ။ လသာသာည တွေမှာကလက်စီကယ် ဂစ်တာသမား Edgar Cruz ကို ခေါ်ပြီး ပန်းရည်ဘဏ်တိုက် သီချင်းကို Bohemian Rhapsody တီးသလို တီးခိုင်းမယ်ဗျာ.. ကျနော်တို့က မျက်စိလေး အသာမှိတ် ကိုယ်တွေ ယိမ်းနွဲ့ပြီး စည်းချက်လိုက် ၊ နတ်ဝင်သည် တွေ နတ်ပူး သလို မျိုး စီးမျောကြတာပေါ့ ။


လူနဲ့လူ့ပတ်ဝန်းကျင် ဆိုတာကလဲ အမြဲတမ်း ပြသနာ တစ်ခုမဟုတ် တစ်ခုရှိတတ်တာမျိုးကလား ၊ လူတွေ အကြောင်း ပိုပို သိလာရတာလဲ အမြတ်ပေါ့ ။ ကျနော်တို့ မြန်မာ ဘလော့ရွာ ကလေးမှာလဲ ဟိုးနား ညံစီစီ ၊ ဒီနားညံစီစီနဲ့ ပျော်စရာတစ်မျိုးပဲပေါ့ ဗျာ ။( ဒီကောင်မလေးကတော့ အမြဲတမ်းပွဲဆူ တယ်ဗျနော် ..းD ) ရောက်နေကြ ၊လည်နေကြ ဘလော့တွေနဲ့ညီအကို ၊ မောင်နှမ တွေရဲ့ ဘလော့တွေ ၊ ဘလော့ဖော် ၊ ဘလော့ဖက် ရောင်းရင်းတွေရဲ့ ဘလော့တွေ ကိုတောင် မရောက်နိုင် မလည်နိုင်တာ ကြာပြီ ၊ အချိန် အားလေးရရင်တော့ အပြးအလွား ရောက်အောင်သွားတာပါပဲ .. ရောက်မိ ၊ ဖတ်မိတယ် ဆိုရင်ပဲ အချိန်အကြာကြီးခွဲ နေရတဲ့ ရင်ဘတ်မိတ်ဆွေ တွေနဲ့ တဝကြီး စကားတွေ ပြောလိုက်ရသ လိုမျိုး ခံစားလိုက်ရ တာမျိုးပဲ ။

ခုတစ်လော လူတွေရဲ့ လုပ်ပုံကိုင်ပုံ မြင်ရတာ အချိုးမကျတော့ စိတ်ထဲက ကျလိ ကျလိ ဖြစ်လာတယ် ၊ ကိုယ့်လူတွေကလဲ ကိုယ့်လူတွေပဲဗျ နော်..။ အကိုရော အခုလို အခြေအနေ မျိုးကြုံရင် ဘာလုပ်မိမလဲ ? ကျနော်ထင်ပါတယ် ... ကဗျာ တစ်ပိုဒ်လောက် ရေးရင်ရေး ဒါမှမဟုတ် ဂစ်တာကိုခပ်ကြမ်းကြမ်းခေါက်ပြီး Rock သီချင်း တစ်ပိုဒ်လောက် ခပ်ကြမ်းကြမ်း ဆိုဖြစ်မယ်ထင်တယ်.. . အကိုရေးတဲ့ ပို့်စ်တစ်ပိုဒ်လို ဘဝဆိုတာတိုတိုလေး ချိုအောင်နေကြ လို့ပဲ ပြောချင်တော့တယ် ..။

တကယ်တမ်းကျနော်တို့တွေဟာ ကိုယ့်အသားကိုယ် ကိုက်ဖဲ့စားသုံးပြီး နာနာကျင်ကျင် ဟစ်အော်နေကြတဲ့လူတွေနဲ့တူတယ် ..။ ကိုယ်ပေးခဲ့သလောက် ကျနော်တို့ ပြန်ရတာတွေက ဒါဏ်ရာတွေပဲမဟုတ်လား ....။
ဆရာချော ရေးခဲ့သလို့ပေါ့ အကိုရာ အကိုနဲ့ ကျနော်က လမ်းချင်းတူလို့ လူချင်း တွေ့ကြတာ ဆိုပေမဲ့ ကျနော်တို့ ရဲ့ ရစ်ပတ်နှောင်ဖွဲ့မှု က သေးသေးကွေးကွေးမှမဟုတ်တာ .. ကဲလာ ကျနော်တို့ရွှေတူးသမားချင်း ကျောချင်းကပ်ထားလိုက်ကြစို့ ... ကျနော်တို့ ရရှိထားတဲ့ မြေပုံသိုက်ညွှန်းနဲ့ ရင်ဘတ်တွေကို တူးဆွ ..... ရတနာတွေ ဖွေရှာကြမယ်........။
အကိုကြီး ရေ ကဗျာဆိုတာ ကျနော်တို့ လက်ရ သိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ်မြို့ပါပဲ .....ကျနော်ကတော့ တစ်လက်မ မျှ နောက် ဆုတ်မပေးနိုင်တော့ ပါဘူးခင်ဗျာ......................။

( ရေးလက်စ ကဗျာတွေ နောက်ရက်မှ တင်လိုက်ပါ့မယ် ....၊ စိတ်ကျနေတုန်း ဒီဂစ်တာ သမားကို ကြည့်မိတော့ ချက်ချင်း fresh ဖြစ်သွား တယ် .... ။ PS ... ခွင့်မတောင်းပဲ အကို့ကိုပြောပြနေသလို ရေးလိုက်တာ ခွင့်လွှတ်.....:D )

3 comments:

ATN said...

ကဗျာဆိုတာ ကျနော်တို့ လက်ရ သိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ်မြို့ပါပဲ .....
ကျနော်ကတော့ တစ်လက်မ မျှ
နောက် ဆုတ်မပေးနိုင်တော့ ပါဘူးခင်ဗျာ.....။

----------

ငါ့ညီကြီး....

အရှေ့ကို...
ညီအကို ၂ ယောက် ရင်ဘောင်တန်းပြီး ...
နောက်ထပ် တလက်မ... ထပ်တက်ကြရအောင်လေကွာ...

အကိုကြီး

FL Crazy said...

နောက်အားဆေး တစ်မျိုးပေးချင်တယ်။ ဂစ်တာကို ခပ်ကြမ်းကြမ်း ခေါက်ပီး မ rock ခင် ရှိတဲ့ ကွန်အိုလေး နဲ့ပဲ pop ချိုချိုလေးတွေ လုပ်ကြည့်ရအောင်။ :) ဒါလဲ အားဆေးဘဲလေ။ ဟီး ဟီး။

pandora said...

ဒီဇင်ဘာဦးက ရေးထားတဲ့စာကို ဒီဇင်ဘာအလယ်မှာ လာဖတ်ပြီး နှုတ်ဆက်ပါတယ်။

ကဗျာဆိုတာ ကျနော်တို့ လက်ရ သိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ်မြို့ပါပဲ .....ကျနော်ကတော့ တစ်လက်မ မျှ နောက် ဆုတ်မပေးနိုင်တော့ ပါဘူးခင်ဗျာ......................။


သဘောကျတယ်။ ထောက်ခံတယ်။