Saturday, February 21, 2009

ဧကစာ သီဟ

(ဒီကပုံပါ)


တစ်ကောင်ထဲ
ဒါပေမဲခြင်္သေ့ မဟုတ်ဘူး
တော၃ထောင် လွှမ်းအောင်
မဟိန်းနိုင်ဘူး
တီးတိုးတီးတိုး
သဖန်းပိုးပြောတယ်
ဥပဓိရုပ်ခန့်လဲ
အလုပ်ကမဖြစ်ဘူး
ဦးခေါင်းတစ်လုံးထဲရှိတာတောင်
ခန္ဓာကိုယ်က
လက်ဝဲ ၊ လက်ယာ ကွဲသေးတယ်

ခလေးတွေ အမြဲ စနေကြ
မနုသီဟ ဖင်နှစ်ခွတဲ့
(လူမလေး ၊ ခွေးမခန့် ဘဝ )
စောင်းတန်းရှေ့မှာ
ငုတ်တုပ် ထိုင်နေတုန်းပဲ ...............။



ဖုန်းမြင့်

2 comments:

ATN said...

ဘယ်သူ့ကို စောင်းပြောနေသလဲ...း)
တော်ကြာ လာအော်နေဦးမယ်နော...

Mhu Darye said...

ဘယ်သူ့ကို စောင်းပြောနေတာလဲ...း(
မတွေ့ တာတောင် အတော် ကြာပေါ့နော..
အစ်ကို ATN ကော်မန့်ကော်ပီတာ မဟုတ်ဘူး တိုက်ဆိုင်သွားတာပါ ဆောရီး...း)