Monday, February 23, 2009

ရွှေတံဆိပ်ရ ကစားသမား (သို့) ကဗျာ ဆရာ

ရွှေတံဆိပ်ရ ကစားသမား (သို့) ကဗျာ ဆရာ

သူဟာ.......
ကိုယ့်ဂိုး ကိုယ်သွင်းမိသူ
မြို့တစ်မြို့ကို သိမ်းပိုက်နိုင်လိုက်တဲ့
စစ်သူကြီး
ရင်ခုန်သံမြှင့်တင်ရေးသမား
ပိုလီယို ခြေထောက်တစ်စုံနဲ့
ကောင်းကင်ကြိုးကစားသူ
ဆောင်းအိပ်မက်တွေ
ပျိုးကြဲစိုက်တဲ့ ယာသမား
ဖျံတွေကို သင်ကြားတဲ့
ဆပ်ကပ် ဆရာ
သံသရာ ကို
နေ့ပြန်တိုး ပေးစားနေတဲ့သူဌေး
လောကကို ပခုံးနဲ့ ထမ်းတင်တဲ့
ဝန်တင်သမား
ရင်ဘတ် အပွန်းခံပြီး
မိကျောင်းတက် တက် ကာ
ပစ်မှတ်ကို သေနတ်နဲ့ ချိန်တယ်
သူ့ပြောင်းဝက ဖျာကနဲ ပန်းတွေပွင့်ခဲ့ပေါ့



ဘဝအိုလံပစ်မှာ
စံချိန်တင်ဒါဏ်ရာတွေနဲ့
ရွှေတံဆိပ်များစွာ
ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ခဲ့တယ် .................။





မောင်ဖုန်းမြင့်


2 comments:

လင်းထက် said...

ကိုယ့်ဘဝရဲ့အိုလံပစ်မှာတော့ ရွှေတံဆိပ်တွေ မဆွတ်ခူးနိုင်သေးဘူးကွာ ကြေးလောက် နဲ့ ဆုချိတ်နိုင်တာကိုပဲ ကျေနပ်နေရတယ်..။

ATN said...

ဒီကဗျာလည်း ကြိုက်တယ်...

(ကိုယ့်ညီလင့်တွေက ပြတ်နေတယ် ဘလော့မှာရော Reader မှာပါ Update တွေ မတက်လာဘူး.. co.cc ကိုပဲ ရောက်နေတယ်။ ပြန်ကြည့်ပေးပါဦး)