Wednesday, March 25, 2009

ဘရူတပ်တို့၏ ဓါးချက်များ

( အမေရယ် … အမေ့ဆိပ်ကမ်းမကပ်တာ
ကြာပြီဖြစ်တဲ့သားသင်္ဘောလေ အမေရဲ့ .......
ကျနော် ရိုးသားခဲ့ပါတယ်....အမေ.....ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။ ) ( မောင်ချောနွယ် )


ခေါင်းပေါ်က ခဏ ဖြတ်တဲ့ တိမ်တိုက် အတု ကို
ကောင်းကင် တစ်ခုလို့ ထင်နေမိတာ

ရေနစ်သူ ကောက်ရိုးပင်တွယ်သလို
အလွမ်းတွေကြား စုံးစုံးနစ်နေတဲ့ ငါ
အချစ် စစ်ကို တွယ်ချင်မိခဲ့......။

ဒါဟာလဲ ဒုလ္ဘဘ တစ်ရားတစ်ခုပဲ မဟုတ်လား...။


ရင်ခုန်သံ..အစုန် ၊ အဆန် နဲ့
လောကထဲ....
ကြောက်စရာကောင်းသလို ၊
တပ်မက်စရာကောင်းလိုက်ပုံများ....။

တခါ ၊တခါ မမြင်ရတဲ့ အနာက
ဒါဏ်ရာပိုပြင်းတယ် ........။


လူရိုး နဲ့ သူခိုးမလိုဘူး
လူဆိုး စစ်စစ်တွေပဲ လိုချင်တယ် ။........


ဘယ်သူသေသေကွာ .....
ကဗျာရေးတဲ့ ငတေ မာစေချင်သေးတယ် ......။

အို....အချင်း... ဘရူတပ်တို့
သင်တို့ ထိုးတဲ့ ဓါးသွားကို
တရှိုက်မက်မက်
ငါ....နမ်းရှိုက်ပါ၏........။

နောက်တစ်ကြိမ် အခွင့်ရခဲ့မည် ဆိုလျှင်
မျက်နှာချင်းဆိုင်မှ ဓါးချက်များကို
စောင့်ကြိုနေပါဦးမည် ..........။


မောင်ဖုန်းမြင့်



3 comments:

Anonymous said...

ဘယ်သူသေသေကွာ .....
ကဗျာရေးတဲ့ ငတေ မာစေချင်သေးတယ်
...........
အဲဒီစိတ်ဓါတ်လေး သဘောကျမိတယ်
ကဗျာတွေ ကောင်းပါတယ်
အားပေးနေပါ့မယ်

mama

Mhu Darye said...

ဘယ်သူသေသေကွာ .....
ကဗျာရေးတဲ့ ငတေ မာစေချင်သေးတယ် ......။
:)

ATN said...

လောကဓံဆိုတာကလည်း ဘရူးတပ်စ် ကိုယ်တိုင်ပါပဲလေ...
ကိုယ်ခံအား ကောင်းနေဖို့ပဲ လိုပါတယ် ညီရေ့...