Tuesday, March 2, 2010

အလေအလွင့်များတဲ့လူ

အလေအလွင့်တစရှိတယ်
နည်းနည်းကြာလာတော့ အလေအလွင့်တစု ဖြစ်လာတယ်
အလေအလွင့်များ က "လေလွင့်ခြင်း လမ်းမများ"  သီချင်းကိုဆိုတယ်
အလေအလွင့် တွေက လူလူ သူသူ လန်းလန်း ဆန်းဆန်း ဖြစ်အောင်လို့
လူမှုရေးလုပ်ငန်းတွေ ဗန်းပြ လုပ်ကြတယ်
အလေ အလွင့်များ ဆိုတော့ ကာ
လေလို တလူလူ လွင့်နေကြတာပေါ့
လူးလူး လွန့်လွန့် လွမ်းလွမ်းဆွေးဆွေးလဲ
ဖြစ်ကြသေးတယ် ဆိုပဲ
လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို
စိတ် အမှောင်ကျနေတဲ့ အလေအလွင့်များ  မသိကြရှာဘူး...
လေစီးကြောင်းထဲမှာ လေဆာရောင်ခြည်တွေ
ပြိုးပြိုးပြက်ပြက် ဖြစ်သလို
အလေအလွင့်တွေ လက်လက်ထ နေကြပြီးတော့
လေဒန်းဖန်းစီးတယ် ဆိုတဲ့ စကားဟာလဲ
အလေအလွင့်များက စခဲ့တာပါပဲ
လေယဉ်တင် သင်္ဘောလို အလေအလွင့်တွေ ရှိတယ်
လေပြွန်ရောင်နေတဲ့ အလေအလွင့်တွေ
လေချဉ် တက်နေတဲ့ လေယဉ်မောင်/မယ် လို အလေအလွင့်တွေ
လေကြီး မိုးကြီးကျနေတဲ့ လေစကြာ သမား အလေအလွင့်တွေ
လေညာက နေသာပါတယ်ဆိုတဲ့ အေးဆေးသမား အလေအလွင့်တွေ
လေညွှန်တံလို လက်ညိုး ညွှန်ရာ လေဖြစ်နေတဲ့  အလေအလွင့်တွေ
ရှိခဲ့တယ် . . . .
လေဟာနယ်ထဲမှာ ၊ လေထုထဲမှာ ၊ လေခြားမျဉ်းပေါ်မှာ  အလေအလွင့်တွေ
ထူထပ် ပိတ်ဆို့နေကြပေမယ့်
လေကြောင်းလမ်းပြ မရှိခဲ့ဘူး
စိုးရိမ် လေမှတ် ကိန်းညွှန်ပြ မျဉ်းက သက္ကရာဇ် ၂၀၀၀ ကျော်ထဲက
အခု . . .
ငါရဲ့ လေလွင့်ခြင်း မင်္ဂလာ ခံယူလိုက်တဲ့ နှစ်ဟာ
ခရစ်နှစ် ၂၀၁၀ ဖြစ်တယ်  . . .
 ဒီပုံပြင်ထဲက
အလေလွင့်များ တဲ့ လူဟာ
ခင်ဗျား ၊ ကျနော် ၊ ငါ ၊ သူတပါး ၊ ယောင်္ကျား ၊ မိန်းမ
အားလုံး ဖြစ်နိုင်ကြတာပဲ . . . ။

MPM

(သာလွန် မြန်မာ-အင်္ဂလိပ် အဘိဓန် ထဲမှ  စကားလုံးများ  ယူငင် သုံးစွဲ တည်ဆောက်ပါသည် )

4 comments:

ရွှေရတုမှတ်တမ်း said...

လေလွင့်ပစ္စည်းကို recycle လုပ်ပါ

စိုင်းလောဝ်ပိန်း said...

လေနေတဲ့ အလေအလွင့်တွေ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
ကျွန်တော်တို့ သွေးထဲမှာ

YoungGun said...

လေလွင့်သူတွေများလာရင်.. ကိုလင်းဆက်ကဗျာထဲကလို..လေလေနေတဲ့ စိတ်က လေးလံလာလိမ့်မယ်ဗျာ..။ ကဖုန်းမြင့်ကြီး ဘယ့်နှယ်ကြောင့် လေလွင့်ရမှာတုန်း ဂလောက်.. ဗလတောင့်တာကို။

Anonymous said...

လေတွေများလှခြေလားဗျာ-
ခင်ဗျားလေနေသလား-
အလုပ်လုပ်ပေါ့-
လူရောစိတ်ရောမလေဘူး-
အဲဒါဆိုလေမများတော့ဘူးပေါ့-