Thursday, June 10, 2010

ဓနသီဟ

ချမ်းသာခြင်းဟာ ခြင်္သေ့လို ဟိန်းဟောက်တယ် ။ ငွေရှာခြင်း အတတ်ပညာဟာ ကျန်းမာ သန်စွမ်းတဲ့ လိုင်းယွန်း တစ်ကောင်နဲ့ နပန်းလုံးနေရသလိုပဲ ။ ပိုက်ဆံ ကလွဲပြီး ဘာမှ မရှိတာနဲ့ အဘိဓမ္မာရှိပြီး ခြူးတစ်ပြားမှ မရှိတာ ဟာ ထူးမခြားနား ပတ်ပျိုးနဲ့ မိုးမျှော်နေရသလို  + = -  နဲ့ အပေါင်း ညီမျှခြင်း အနှုတ် ၊အနှုတ် ညီမျှခြင်း အရှုပ် အထုပ်ရဲ့ Plus Equal Minus ပဲ။ ငါ့ဘဝရဲ့ အဓိပတိဟာ ၂၀၀ ကျပ်တန် လိုင်းကား ။ ငါ့အနုပညာရဲ့ ပါရမီဟာ ၂၀၀ ကျပ်တန် လိုင်းကား ။ ငါတို့မျှော်နေရတဲ့ ရွှေဧည့်သည် ငွေဧည့်သည် ဆိုတာကလဲ ၂၀၀ ကျပ်တန် လိုင်းကားပဲ ။ ယိုယွင်းလာနေတဲ့ စိတ်ကျန်းမာရေး အရ အီးစီဂျီမလို ၊ စီတီ စကင်ဖတ်စရာမလို ဂိတ်ဆုံးမယ့် မှတ်တိုင်ဟာ ယခင် တံတားလေး ယခု ရွာသာကြီး ။ ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ပြောရအောင်ကလဲ ဖားနဲ့တူတာဆိုလို့ မျက်လုံးပြူးပြူး ပုရစ်တောင် မတွေ့ဖူးဘူး ။
 အောင်မြင်မှု ၊ချမ်းသာသုခနဲ့ ဓနဥစ္စာဟာ ငါတို့နဲ့ အလှမ်းကွာတဲ့ တက်ကျမ်းကြော်ငြာ ဖြစ်ပြီး ။ အေဗရာမိုဗစ် ဟာ ဘောလုံးအသင်း ထောင်ချင်တဲ့ ရောဂါရနေသလို ငါတို့ဟာလည်း အချိန်တန်ရင် ဂျက်ဒန်နီယယ် လို ဂျေအန်ဘီ လို စကော့ ဝီစကီနဲ့မှ သွေးနွေးချင်ခဲ့ပြီး ပဲရစီဟီလ်တန်နဲ့ အိပ်မက်ထဲမှာ ပွားမယ် လေဒီဂါးဂါး နား ထောင်ပြီး ငြိမ့်ချင်နေတဲ့ ရောဂါသည်တွေ ဖြစ်တယ် ။ အခုလောလောဆယ် မှာ အရင်းကျမ်းဖတ်တယ် ။ ကိုယ်ထက်သာရင် ဓနရှင် ဘူဇွာ ဖောက်ပြန်ရေးသမားလို့ စွတ်စွဲမယ် ။ ပစ္စည်းမဲ့ချင်သလိုလို တော်လှန်ချင် သလိုလို နဲ့ အာခေါင်ခြောက်လာရင် ဓနသီဟ တံဆိပ် ရေသန့်ဗူးဖောက်သောက်မယ် ။ ဓနသီဟ တံဆိပ် မြေပဲလှော်ဝါးမယ် ။ ဓနသီဟ တံဆိပ် အဝေးပြေးကား ကိုစီးမယ် ။

အခါကြီး ရက်ကြီး သင်္ကန်းစည်းဖြစ်ရင်တောင်မှ ဓနသီဟ သင်္ကန်းတိုက်က သင်္ကန်းနဲ့မှ ဖြစ်မယ် ။

အိုဘယ့် . . .  ဘယ့် . .. . အိုဘယ့်   ဓနသီဟ . . . . . .. ။

MPM

5.June.2010
နံနက် 3:30

3 comments:

ရွှေရတုမှတ်တမ်း said...

ခုချိန်မှာတော့ ဆင်ပြောင် ငါးစီး အားမာန်ကြီးမှနော်..
ဆင် ကြယ်ဖိနပ်စီးပြီးလမ်းလျှောက်ပါ..

KZကေ said...

ကြိုက်တယ်

mgphonemyint said...

@ ဘိုးတော် ရွှေရတု...ဆင်ကြယ်နဲ့ဆို စင်ကြယ်ပီလို့သာမှတ်လိုက်တော့...း)

@KZကေ ကြိုက်တယ်ဆိုတော့လဲ ကျေးဇူးတင်ပါတယ်ဗျာ
နေ့များ ဆက်လက် ရှင်သန်ပါစေ