Thursday, June 24, 2010

ရေအစုံ ၊ မီးအစုံ

ခင်ဗျားတို့ အတွက် ဒီနေရာမှာ ခင်းကျင်းထားခဲ့ပါတယ် . . .

ပျှော်ရွင်မှုဟာ ဘယ်လိုပုံစံနဲ့လာမလဲ
ဘီဒိုအင် အာရပ် ၀တ်စုံနဲ့လား
ဥရောပ တိုက်သားလို အကောင်းဆုံးဝတ်စုံနဲ့လား
အရှေ့တိုင်း ဆန်ဆန် ပိုးသား အဆင်ဆန်းတွေနဲ့လား
အရှေ့အလယ်ပိုင်း က အမျိုးသမီးတွေလို ခေါင်းမြီးခြုံ လုံနေမှာလား


ကန်သွင်းသမျှ ဂိုးတွေကို
တဒိုင်းဒိုင်း ကာကွယ်နေရ လောကဓံတရား

သိနားလည်မှု အစိုင်အခဲဟာ အရည်ပျော်

အမောပြေ ၊ အပန်းပြေ လမ်းကြုံရင်
ခြေ၀င်ဆေးနိုင်ပါတယ် ( နှလုံးသွေးများဖြင့်)

အထပ်မြင့်တိုက်ခန်းမှာ နေတိုင်း
အဆင့်မြင့် တွေးခေါ်သူတွေ မဟုတ်ခဲ့တော့
ရှေ့တစ်လှမ်းတိုးဖို့
နောက်ဖက် အကြည့်ပေါင်း သန်းပေါင်းများစွာ ကြည့်

လုံခြုံခဲ့ပြီလား ၊ ခြုံငုံမိပြီလား
လုံခြုံအောင် မျက်လုံးတွေကို စောင့်ကြည့်ထား


ယာယီ . . .
အပစ်အခတ် ရပ်စဲရေး
အလံဖြူတလက်ထောင်ထားလိုက်တယ်
ယာယီ  . . .

အိုဇုန်းလွှာ အပေါက်အပြဲ
ငါ . . . ဖောက်ခွဲခဲ့တာ . . . မဟုတ်ဘူး
အာဖဂန်နစ္စတန် စစ်ပွဲ
ငါ့ကြောင့် . . . နွှဲနေရတာ . .  မဟုတ်ဘူး
ဆင်းရဲမွဲတေမှုနဲ့ အငတ်ပြသနာ
ငါ . . . တီထွင် ဆန်းသစ်ထားတာ မဟုတ်ဘူး...
အစဉ်အလာ ၊ ဘောင်ဝင် ၊ အလေးအမြတ်ပြု
နိုင်ငံတော် သီချင်း သံပြိုင်သီဆို

သစ်ပင် စိုက်ကြ . . . သစ်ပင်စိုက်ကြ
ဒီအပြင် . .
အတွေးအခေါ်တွေကိုပါ သစ်ပင် .စိုက်သလို စိုက်ကြ

ဟုတ်ကဲ့ . . .
လူကြီးမင်းများအတွက်
ရေအစုံ၊ မီးအစုံ ၊ ကြေကွဲဖွယ်ရာ ပျော်ရွှင်မှု့ရောင်စုံ
တံခါးဝမှာ တပ်ဆင်ချိတ်ဆွဲထားပါတယ်
အခန်းထဲမ၀င်ခင် အန္တရာယ် အချက်ပေးခလုပ်ကို
တစ်ချက်နှိပ်လိုက်ပါ
ဒါပါပဲ . . . . ။     ။


MPM

3 comments:

ရွှေရတုမှတ်တမ်း said...

လုံခြုံထားတာတွေနဲ့ ခြုံထဲမှာ ငုံဖို့အရေး...
ခလုပ်နှိပ်ရဦးမယ်ဆိုပါလား...

YoungGun said...

ရေ မီးမစုံသေးချိန်မှာ ရေမီးတွေစုံနေတဲ့ ကဗျာဆီ အလည်ရောက်လာတယ်။

ဆွေလေးမွန် said...

ကာရံတွေမပါပေမယ့် တစ်ကယ်အမှန်တွေကြီးပါပဲ..