Friday, July 15, 2011

လွမ်းတော်မူလို့ စာကိုစီတယ်



 
နာကျင်ခြင်းဟာ မပျံသန်းနိုင်တော့တဲ့ အတောင်ပံပဲ ။

အဝေးက တငွေ့ငွေ့အော်နေတဲ့ အော်သံ ။

ပေါ့ပါးသူ လေထုရဲ့ စွတ်စို ထိုင်းမှိုင်းခြင်း ။

အရောင်ထဲမှာ အရိပ်တွေရှိတယ် ။

"ဟေး" . . . မိုက်ရိုင်းလိုက်တဲ့ တိမ်စိုင်တွေ ။

မင်းတို့ရဲ့ လွတ်လပ်ခြင်းကို အလိုမရှိခဲ့ ။

မွန်းကျပ်ခြင်းနံရံ လေးဘက် လေးတန် ကာရံထားလိုက်တယ် ။

တိတ်တဆိတ် စိမ့်ဝင်လာနေတဲ့ အထီးကျန်မှု သေခြင်းတရား ။

ညစ်ညမ်းမှုဟာ သွေးကြောထဲ လည့်ပတ်စီးခဲ့ပေါ့ ။

Shut up ! ပါ မယုံနိုင်စရာ အဘိဓမ္မာ ဝဝ ဖီးဖီးကြီးတို့ ။

အလိုမပြည့်မှု ဇောချွေးဟာ နဖူးမှ ခြေမသို့ လျှောကနဲ ။

ကစုန်ဆိုင်းနေတဲ့ စိတ်မီးတောက်လေးရဲ့ အဖျား ။

သူတော်မှ ကိုယ်ကောင်းမယ့် ပါရာဒိုင်း အပြောင်းအလဲ ။

တစ်နာရီ ပဲ ချစ်ပါရစေ  ။

တစ်ဘ၀လုံး လွမ်းရလဲ အရေးမကြီး ။

ချဉ်ဆီအထိ စိမ့်ဝင်နေတဲ့ ချင်ခြင်းထဲမှာ ။

ပဲရစ်မြို့ဟာ အချစ်နဲ့ လဲလို့ရော ရလို့လား ။ ။


မောင်ဖုန်းမြင့်



No comments: