Sunday, November 13, 2016

နေရီရီ လမ်းကလေးသို့ ၁




အမှောင်ထဲပြယ်သွားတဲ့ရနံ့ဟာ
နံနက်ခင်းနှင်းစက်များ ဖြစ်လာမယ်
ရေဒီယိုအိုကြီးရဲ့ ငြီးသံလို
အထီးကျန်ဆန်မှု အရိပ်များ
လမ်းထောင့်တိုင်းမှာ စစ်ပွဲတွေတွေ့ရ
မင်းကျောခင်းဆန့်လိုက်သလောက်
မင်းအရိပ်တို့ ရှည်လျားပါစေ လမ်းကလေးရေ ..


မောင်ဖုန်းမြင့်

13 Sunday Nov 2016

No comments: