Saturday, November 11, 2023

◾ သပြေညို မင်္ဂလံ။
----------------------------
သပြေနု နဲ့ချွေဆု ပဌါနံလိုက်ပါရဲ့
အောင်မြင်ခြင်း မှန်သမျှ အလုံးစုံသော သဗ္ဗမင်္ဂလံ။
အနဂ္ဂံ၊ ဘဝဂ်လျှံ၊ ထို မြတ်သောမဟာဇေယျံ၊
သဘောစိတ်ရှိ သမျှ မနောမဟိဒ္ဓိနဲ့ ပြည့်စုံပါစေကြံ။
ဇမ္ဗူအတွင်း ယခုမယွင်း
တန်ခိုး ဂုဏ်စော်ထိန်လျှံ
ကျက်သရေတိုးကာ တက်နေဖြိုးပါစေ အမှန်။
ပုဗ္ဗနိမိတ်ထွန်းတော့ နှုတ်က ဘိသိက်သွန်းလိုက်ပါရဲ့
သမ္မာနတ်အပေါင်း က ကောင်းချီး ပတ္တလောင်းလို့
အောင်အတိတ်နဲ့ အောင်နိမိတ် က သိဒ္ဓိလျှံ။
ထိုဘဝ၊ လိုသမျှ၊ ဂြိုဟ်မ၊ ဆိုသမျှ ရပေါ့ ဣစိတ္တံ
သပြေညို မင်္ဂလံ အပေါင်းမှာလ
အောင်မြင်ခြင်းတွေ ထပ်ဆင့်လောင်းပြန်တော့
အောင်ခြင်းဇေယျာဌံ တွေက
သွေမကွာဝေဖြာပါစေ အမြန်။
MPM
11. 11. 2023.
ကိုးကား။ ဦးပြုံးချို - အောင်ဇေယျတု သဗ္ဗမင်္ဂလံ

No comments: