ဝိညဉ် အသေတွေထခုန်ကြ
စကားလုံးတွေ ပေါက်ကွဲထွက် ကုန်တဲ.ည
ရက်စက်တဲ. ဂီတမှာ
အေးခဲမှုတွေဟာ
ပဉ္စလက် ဆန်ဆန် ကကြိုးနဲ.
မှော်ရုံ တောထဲ
ပျော်ဝင် သွားခဲ.တယ် .....။
ဝိုင်ချိုပြင်း တစ်ခွက်နဲ.
အလင်းမြစ် ထဲ စီးဆင်း
ကိုယ့် လမင်းနဲ့ ကိုယ်
အချစ်သီချင်းတွေ ဆိုလို့ ......
နေမြင့် လို့ ရင့်တဲ့ အရူး
ကိုယ်နဖူး ကိုယ် စမ်းပြီး
ဒေါသထွက် ရတဲ့ ပုဏ္ဏားမိုက် လက်သစ်ပေါ့.....
ဟင်းလင်းပွင်. ရင်ဘတ်နဲ.
နာကျင်စွာ ဟစ်အော်
ခေါ်သံတွေ မကြားချင်တော.ဘူး ......
မြောက်လေ နိုးပါ ၊ တောင်လေ လာပါ
ဂျိုးဖြူငှက်ရဲ. ခြေကျဉ်း ကို ချွတ်တော်မူပါ.....
စုံလုံးကန်းခဲ့သော ၊ နတ်ဘုရားများကြောင့်
နှလုံးသားတော်တော် များများ
ဆွံအ သွားခဲ့တယ် ......
ဟောဒီမှာ ငါရဲ့ ရုပ်ခန္ဓာ
နာမ်တရား ကိုတော.
ရွက်လွင့် ထွက်ခွာ နိုင်ဘို့
ကြိုးစားကြည်.အုံးမယ်.....။
မောင်ဖုန်းမြင့်
်
2 comments:
ကဗျာခံစားသွားတယ်ဗျာ
ဒီလောက်ခံစားနေရတဲ့ကြားထဲတောင်
ကဗျာဝိဥာဉ်က မင်းကို ပူးကပ်နိုင်ခဲ့သကိုး..
အသက်ကြီးလာလို့ မော်ဒန်ကဗျာတွေ
မခံစားနိုင်တော့ဘူး ထင်နေခဲ့တာ ..မှားသွားပြီ..
..ကောင်းတယ်လို့ ထပ်မချီးမွမ်းတော့ဘူနော်..
Post a Comment