Thursday, June 5, 2008

အခုတစ်လော ဖြစ်နေသမျှ

အခုတလော ဘလော.ရေးဘို.ကို စိတ်ထဲက ဘယ်လိုမှကို ဈာန်သွင်းလို. မရဘူးဖြစ်နေတယ် ။ နာဂစ်ကြောင်. ဖြစ်တဲ.စိတ်ဒါဏ်ရာတွေလဲ ပါတာပေါ. ၊ တနေ.တနေ. ကွန်ပျုတာရှေ.ထိုင် မြန်မာပြည် သတင်းတွေစောင်.ဖတ် နိုင်ငံတကာ က ခောတ်မှီ ကယ်ဆယ်ရေးတွေ အလုံးအရင်းနဲ့ဝင် လာလိမ်.မလားလို. မျှော်လင်.ချက် ကြီးကြီးနဲ.ပေါ့ ၊သေလိုက် ကြတဲ့ လူတွေဆိုတာလဲ သောက်သောက်လဲ ၊သတင်းစာ မျက်နှာတွေနဲ့ ကိုယ်တိုင်သွားရောက် ကူညီ လှုဒါန်းကြတဲ့ ဘလောဂါ များရဲ့ ဘလော.တွေပေါ်က မြင်နေ၊ တွေ.နေရတဲ. သတင်းဓါတ်ပုံ တွေကို ကြည်.ပြီး စိတ် အနာတွေက တဖြည်းဖြည်း များလာတယ် ။

ဘယ်လိုမှ စိတ်ချမ်းသာစရာမရှိဘူး။ စိတ်မထိန်းနိုင် တော. ကလော်တုပ် ချင်လာရော ။ ဒီကြားထဲ အမေရိကန်နဲ. ပြင်သစ်က ကယ်ဆယ်ရေး ပစ္စည်းတွေ တင်လာတဲ. သဘောင်္တွေ ပြန်တော.မယ် လည်းဆိုရော စိတ်ဓါတ်က ပြုတ်ကျ သွားသလိုပဲ ။ (ဟိုဆရာ တွေပြောသလို ပြည်ပအားကိုး တာ မဟုတ်ရပေါင်ဗျာ ၊ သူတို.ဆီမှာ ပါလာတဲ ခောတ်မှီ နည်းပညာတွေနဲ. ကယ်ဆယ်ရေး ပစ္စည်းတွေက ကျွန်တော်တို. ပြည်သူတွေ ထောင်ပေါင်းများ စွာရဲ. အသက်ကို ကယ်တင်နိုင်တယ်လေ) ။

အလုပ်ထဲမှာလဲ အပြောင်းအရွှေ.တွေ လုပ်ရ ၊ ကိုယ်ပိုင် ပြသနာလေးတွေက လဲ နည်းနည်းရှိ နေတော. ဘလော့ရေးဘို.ဘက်ကို ခြေဦး မလှည့်ဖြစ်ဘူး ။ မုန်တိုင်းတိုက် ပြီးသွားထဲ က အိမ်ကို အဆက်အသွယ် လုပ်နေတာ မနေ.က မှ ဖုံး ပြောလို့ရတယ် ။ ဘယ်လောက်တောင် စိတ်ပူနေရသလဲ ဆိုတာသာ စဉ်းစားကြည်.ပေတော. အမေနဲ့ စကားပြော လိုက်ရတော. စိတ်ဖိစီး မှုတွေ နည်းနည်းလျော. သွားသလိုပဲ ။ မဟုတ်ရင် လူက မှုန်ကုပ်ကုပ်နဲ. ကြည်ကြည် သာသာ ကိုမရှိဘူး ၊ အလုပ်ထဲမှာ စိတ်နှစ်ထားလို.မရဘူး ။

အခုကျွန်တော် ကြုံတွေ.ခံစားနေရတာ က လမ်းဆုံ ၊လမ်းခွ တစ်ခုမှာ ရောက်နေသလိုပဲ ။ ကိုယ်ကိုယ် တိုင်လဲ ဘယ်လမ်းကို ရွေးချယ် ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်လို.မရသေးဘူး ။ သိပ် မကြာခင် အချိန်အတွင်းမှာ တော. ကျွန်တော်ရဲ. ကိုယ်ပိုင် ပြသနာ လေးတွေ ပြေလည် သွားလိမ်.မယ် ထင်ပါရဲ. ။

ဒီနှစ် ၂၀၀၈ ခုနှစ်ဟာ ကျွန်တော် အတွက် အပြောင်းအလဲ နှင်. အနိမ်.အမြင်. အတက် အကျ တွေ တော်တော် များတဲ.နှစ်လို. မှတ်မှတ် ထင်ထင်ရှိမိတယ် ။ မကြာခင် အချိန် အတွင်းမှာ မလေးရှားရောက် ကျွန်တော် တို. မြန်မာတွေရဲ့ ဘဝ အတွေ.အကြုံဇတ် လမ်းအစုံစုံကို အခန်းဆက် သဘောမျိုး တင်ဆက် သွားပါမယ် ။ စောင်.မျှော် ဖတ်ရှုသွားကြ ပါလို့ အသိပေးရင်း နုတ်ဆက် လိုက်ပါတယ် ခင်ဗျာ ။

မောင်ဖုန်းမြင်.





2 comments:

လင်းထက် said...

ဟုတ်တယ်ဗျို့ ကျွန်တော်လဲ ဒီအတိုင်းပဲဗျ..
ခံစားနေရတယ် ဖုန်းကလဲ သမီးမွေးနေ့ရှိလို့
ဆက်ချင်တာတောင် ဆက်လို့မရဘူး..
ပြဿနာတွေ အမြန်ဆုံးပြေလည်ပါစေဗျာ..။

mama said...

စာဖတ်သူထံက
သနားခြင်း ရသ ကို
ယူတတ်ပါပေတယ်..။
တစ်မင်တစ်ကာ ပေါ့ပါးသယောင် အရေးသွက်သွက်
ရေးထားပေမဲ့.. စာရေးသူရင်ထဲက
လေးလံခြင်းထုထည်ပမာဏ
ဘယ်လောက်ကြီးမားလေမလဲ..ခံစားမိပါရဲ့..။