Monday, June 1, 2009

ခါချခံလိုက်ရတဲ့ မိုးစက်ပွင့်တွေ

မင်းနှုတ်ခမ်း....နယ်စပ်မျဉ်းပေါ်က
ကျွံကျလာတဲ့ စကားလုံးတွေနဲ့
ငါ့ .. မြို့ရိုး သိမ်းပိုက်ခံလိုက်ရတယ် ..



ခရမ်းနုရောင်လေး ရေ ...

ငါ့ကို ဘောလုံးတလုံးလို
သိမ်းကျုံး ကန်ထုတ် လိုက်ပါ
ကြိုးပြတ်သွားတဲ့ စွန်တကောင်လို
လေနှင့် အတူ လွှင့်ထားလိုက်ပါ
ပြီးတော့ ...
အသုံးမလိုတော့တဲ့
လက်သည်းဆိုးဆေးခွံ တခုလို
သင့်တော်ရာမှ စွန့်ပစ်လိုက်ပါ.....



တကယ်တော့ ... ငါဟာ

အေးချမ်းစေချင်တဲ့ ..စေတနာနဲ့
မင်းပခုံးပေါ် ကျလာမိတဲ့ မိုးစက်ပွင့်လေးပါ ကွယ်
အနှောက်အယှက် ဖြစ်တယ်ဆိုရင်
အသာအယာ ခါချလိုက်ပါ
မင်းလက်ဖဝါးလေးနဲ့
ထိတွေ့ခွင့် ရဖို့
ငါကတော့ ခဏ ခဏ
ရွာချနေရ ဦးမှာပါ ..... ။





မောင်ဖုန်းမြင့်



2 comments:

Anonymous said...

ဒီကဗျာလေးထဲက စကားလုံးလေးတွေ လှလို့ ကြိုက်တယ်...ကဲ ...အားဆေးပေးခဲ့ပြီနော်....
( ma mie nge )

အိန္ဒြာ said...

ကိုဖုန်းမြင့်..

ဒီလိုလေးရေးတော့လဲ..လွှတ်..လှ..လို့...