ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Thursday, September 10, 2009
ငါ့လိပ်ပြာကငါ့ကိုလှောင်နေတယ်
မီးခြစ်ဗူးခွံတစ်လုံးကမှ
ယင်ကောင် တွေထည့်လှောင်လို့ရသေးတယ်
ခရုဆံကျွတ် အခွံလွတ်တွေများလှချည်ရဲ့
ခင်ဗျား အိပ်ကပ်ကို ကျနော်မဖြားယောင်းခဲ့ပါဘူး
မိတ်ဆွေ စီးနေတဲ့ မြင်းရိုင်းကို
သင့်တော်ရာသမိုင်းမှာ ချည်ထားခဲ့လိုက်ပါ
မီးကျိုး ၊ မောင်းပျက်
မီးပြတ် ၊ မောင်းကျိုး
ဘယ်ဂီယာထိုးပြီး ခရီးဆက်မလဲ
ငါ့ဘဝကို မောင်းနှင် နေတာ
အနုပညာ စွမ်းအင်တွေနဲ့ပဲ
ဲ
ဒီလိုပြောတော့
ခင်ဗျားက ရယ်ချင် ရယ်မယ်
လွင်ပြင် ကျယ်ကျယ်မှာ အသံကုန် ဟစ်လိုက်
နောက်ဘဝမှာလည်း ဒီထက်မိုက်ခွင့်ပေးပါ
သိုးထိန်းခေါ်ရာ သိုးမည်းတွေ မလိုက်လိုကြဘူး
ညီမလေးရယ်
တကြောင်းချစ်ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့
ငါ့လိပ်ပြာက
ပြုံးရုံလေးပဲ ပြုံးနေခဲ့တာပါ . . . . . ။
မောင်ဖုန်းမြင့်
Subscribe to:
Post Comments (Atom)
8 comments:
သစ်သစ် ဟောင်းဟောင်း
လိုချင်သူအတွက် အကောင်း ...
ကဗျာ လှ တယ် အစ်ကို ... ။။
ကဗျာက.. မဲ့ပြုံး- ပြုံးပြနေသလိုပဲ။ ဘာလဲ တော့မသိ။ ဘာပဲဖြစ်ဖြစ်..အနားယူပြီးရင်တော့..အားအပြည့်နဲ့ ပြန်လာပါ ဗျိုး
မိုက်တယ်ဗျာ
ပြုံးရုံးလေးပဲ ပြုံးတယ်လား။
ကဗျာကောင်းတယ်
တကြောင်းချစ် မဟုတ်.. တစ်ကြောင်းခြစ်ပါ..
ပြန်လာတော့မှာပဲ စကားပြောကြတာပေါ့ကွာ...
အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေတယ်... ညီလေး...
အတန်မကြာနဲ့အစ်ကို
မြန်မြန်လာ ကျွန်တော်တို့
ဆက်လက်အားထုတ်စရာတွေရှိသေးတယ်...။
မကေရဲ့ ကွန်မန့်ကို အပြည့်အ၀ထောက်ခံပါတယ်လို့
ကွန်မန့်မန့်ချင်ပါတယ်။
ဖြစ်တယ်မလား။
ခင်ဗျားဗျာ...ကဗျာဆရာ၊ကဗျာဆန်လိုက်ထှာများ
Post a Comment