ရာသီဥတု သာယာတဲ့ တညသားက
အဝေးကနေ ဖုံးခေါ်လိုက်တဲ့အခါ
လေလှိုင်းထဲက ဖုံးမြည်သံလေးဟာ တုန်ယင်
တယ်လီဖုံးလေးဟာ တဆတ်ဆတ်တုန်ယင်
ကျနော့်အသံဟာလဲ တုန်ယင် လို့
အမေ့စကားသံ တုန်တုန်ယင်ယင်ကို ကြားလိုက်ရတယ်
"ငါ့သား အမေစိတ်ပူတယ်" တဲ့ . . .
အဲ့ဒီညက
အသက်အရွယ် မငယ်တော့တဲ့ ကျနော်ဟာ
တကိုယ်လုံး တုန်ယင်စွာ
အိပ်မရလိုက်ဘူး
ကျနော် မျက်နှာအပ်ထားမိတဲ့
ခေါင်းအုံးလေးဟာလဲ
ရွှဲရွှဲစို တုန်ယင်နေပါလေရော . . . ။ ။
MPM
အချစ်ဦးနဲ့ ဒိုင်ယာရီ
-
အချစ်ဦးမို့ ရူးမတတ်ချစ်ခဲ့ဖူးတယ်ဆို
အချစ်ဦးမို့ ရူးမတတ်ချစ်နေတုန်းဆိုတာ
အချစ်ဦးမို့ ရူးမတတ်ချစ်နေအုံးမယ်ဆိုတာ
အချစ်ဦးနဲ့ ဒိုင်ယာရီ
41 minutes ago




5 comments:
ကဖုန်းမြင့်ကတော့ လုပ်ချလိုက်ပြန်ပြီ။ ဒီကလဲ အိမ်ဝေးသူတွေချည်းပဲ။ အဲလို ရင်ဘတ်နဲ့မကျီစားနဲ့ဗျာ။ အခံရခက်တယ်။
အင်း .............
လာဖတ်တယ်ဗျာ
တော်ပါသေးရဲ့..ကဗျာလေးပြန်ဖတ်ရလို့
အကိုဖြင့်.စိတ်ပူလိုက်တာငါ့ညီရာ
အိမ်လွမ်းသူတွေချည်းပါပဲ ကိုယ့်လူရာ။
Post a Comment