ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Sunday, November 22, 2009
November 24
ငါ ကျဆုံးရမယ့် နေ့ရက်ကလေးဟာ
နှင်းတွေမသည်းထန်ခင်တုန်းမှာ
အနက်ရောင် ဖဲကြိုးတစ ဖြာကျသလို
ရုတ်တရက် ဝင်းပလာခဲ့
နှစ်ပေါင်းအတော်ကြာအောင်
စွတ်စိုမှုတွေဖုံးလွှမ်းမယ့်
ကျောက်ထက်အက္ခရာလေးတခုရဲ့ စတင်ခြင်းက
ငါ့ပြက္ခဒိန်တွေရဲ့ လွဲမှားမှုအစပဲ
မိုးမရွာ ၊ လေမတိုက်
ငြိမ်သက်တိတ်ဆိတ်စွာ
ငါ့တကိုယ်စာ ဒေါင့်ကျဉ်းလေးထဲမှာ
ရေလွှမ်းမိုး ခံလိုက်ရတယ်
တဒင်္ဂလေးအတွင်းမှာပဲ
ကောင်းကင်ကြီး ဟင်းလင်းပွင့်ကြွေကျ
ဆောက်တည်ရာ ကမ်းပါးဦးမှ အဝေး
ဟသာင်္ငှက်များ တဝုန်းဝုန်း ထပျံစဉ်
ရာသီစက်ဝန်းများ ရပ်တန့်သေဆုံးသွားခဲ့
လ.. ရောင် ခရီးဆက်နေတုန်း...
ငါမသိမ်းပိုက်လိုက်နိုင်တဲ့ တောင်ကုန်းအမည်ဟာ
24.November ဖြစ်တယ် ။ ။
MPM
Dedicated to someone
(Happy birthday November)
့
Subscribe to:
Post Comments (Atom)
4 comments:
တစုံတယောက်ရဲ့
ချန်ထားတာခံခဲ့ရပေမဲ့
မမေ့နိုင်သေးတဲ့ကဗျာဆရာရဲ့ ကဗျာလေး က
ကြေကွဲမှု တွေနဲ့ စိုစွတ်
လွမ်းဆွတ်မှုတွေနဲ့တောက်ပ
တမ်းတခြင်းတွေက အရောက်လက်လက် ထ..
ရည်ရွယ်တဲ့ တစုံ တယောက် ခံစားခွင့်ရပါစေကြောင်း ဆန္ဒပြု တယ် ဝေး.. နော်
မိုးမရွာ ၊ လေမတိုက်
ငြိမ်သက်တိတ်ဆိတ်စွာ
ငါ့တကိုယ်စာ ဒေါင့်ကျဉ်းလေးထဲမှာ
ရေလွှမ်းမိုး ခံလိုက်ရတယ်
ထိရှတဲ့ ကဗျာလေးပဲ အကို . . .
နောင်ကို သိမ်းပိုက်နိုင်ပါစေဗျာ.. ဒီကဗျာက တစ်စုံတယောက်ကို ရည်ရွယ်တယ်ဆိုရင် အဲဒီတစ်စုံတစ်ယောက်ဟာ ခံတပ်ကောင်းလွန်းလို့ ဖြစ်ပါလိမ့်မယ်။ ဒီတော့ တိုက်စစ်ကို မီးကုန်ယမ်းကုန်၊ သူသေကိုယ်သေ ဖွင့်တိုက်ပေါ့ အစ်ကိုရေ။ တောင်ကုန်းကို မောင်ဖုန်း အောင်မြင်ပါစေကွယ် လို့ ...
ကဗျာတွေကောင်းလိုက်တာ
လင့်ထားခွင့်ပြုပါရှင်
Post a Comment