ကောင်မကြီးရေ . . .
(အသဲကွဲနေတဲ့ ကဗျာဆရာ တွေသုံးနေကြ ကောင်မလေးလို့ မသုံးချင်လို့ )
ငါ့ ဘဝမှာ ဘယ်လောက် လှိုင်းထန် နေရဦးမှာလဲ ဟင် . . .
မင်းနှုတ်ခမ်းကို .. ငါ . စနမ်းတုန်းက တခါ ၊ ရှင့်ကို တနေ့နေ့ ကျမ ထားခဲ့ရဦးမှာပဲလို့ မင်းပြောလိုက်တုန်းက တခါ ၊ ရှင့်လောက် အသုံးမကျတဲ့ လူ ဒီကမ္ဘာမှာ မရှိဘူးလို့ မင်းနောက်ဆုံးပြောတုန်းက တခါ . . . ငါ့ ပင်လယ်မှာ . . . မင်းစကားလုံးတွေ နဲ့ဘောင်ဘင်ခတ် ဆူနာမီ ဖြစ်ခဲ့တဲ့ အရပ်ဟာ ငါ့ရင်ခွင်ပါလို့ ပြောရင် မင်းရယ်သွမ်း သွေး ပြန်ဦးမယ် မဟုတ်လား . . . ။
နှုတ်ခမ်းနဲ့ ပက်သက်လာရင်တော့ ငါ့မှာ ပြောစရာအများကြီးရှိတယ် ကောင်မကြီးရေ . . .
ကမ္ဘာကျော် ဂျိုလီနှုတ်ခမ်းတွေနဲ့ မင်းနှုတ်ခမ်းတွေကို စီးချင်းထိုးခိုင်းရရင် ငါသနားတယ် (ဂျို့လီကို) သူ့နှုတ် ခမ်းတွေ အတုန်းအရုန်းဖြစ်ကုန်မှာ မြင်ယောင်လို့ . . . မင်းက ငါ့ရဲ့ အသဲကွဲ နှုတ်ခမ်း အုံနာကြီးပေါ့ကွာ . . . ငါက မင်းနှုတ်ခမ်းပေါ်မှာ နေ့စားမောင်းနေရသူ . ..( အုံနာကြေး မပြည့်ရင် မင်းက တခြားတယောက် အစား ထိုးဦးမှာ လေ ) . . . ။
ငါက ဘာလဲဆိုတော့ကာ နယ်ကျွံစွဲလန်းမိသူ . . . င့ါ . .အစာအိမ်အတွက် အန္တရယ်ပေးမယ့် ဆေးလိပ် မီးခိုး တွေကို တရိုက်မက်မက် ရှိုက်သွင်း နေသလို . . . မင်းကို ငါ့ဘဝ ထဲ ရှိုက်သွင်းခဲ့... ကဲ . . အခုတော့ . . ငါ့ကင်ဆာ ဟာ မင်းမုန်းတယ်လို့ပြောတဲ့ ငါ့အတ္တပဲ . . ဒီကြားထဲ ဘီယာဆိုင်မှာ ( မင်းမရှိ တာ နဲ့ ကော်ဖီဆိုင် မထိုင်တာတောင်ကြာပြီ )နားထောင်နေရတဲ့ သောက်ရူး အဆိုတော် ဆိုနေတဲ့ သီချင်းက တနေကုန် ထိုင်ပြီး တစိမ့်စိမ့် ကြည့် လာလုပ်နေသေးတယ် . . . ငါက မင်းကို ကမ္ဘာကုန်ထိုင်ပြီး တစိမ့်စိမ့် ကြည့်ချင်နေတာ ကို သူမသိဘူး . . .။
မင်းဖဲထုတ်ကို မင်းချိုးချလိုက်တော့ ငါက အောက်ကိုးနဲ့ လှမ်းရှိုးလိုက်မိသူ (ဟောက်စားပေါ့ကွာ ) မင်းကလဲ စပိတ်တစ်နဲ့ သိပ်ချစ်တယ်လို့ ဟန်ဆောင်ပြခဲ့သေးတာပဲမဟုတ်လား . ... ဝိုင်းထဲမှာတော့ မင်းသာရှုံးသွား ရင် ဘာပေါင်မလဲလို့ စောင့်နေတဲ့ ကောင်တွေကလဲ အများသား ( အဲ့ကောင်တွေက အသေသား ၊ အရှင်သား အကုန်စားတဲ့ အမျိုးကောင်းသား ဝံပုလွေကြီးတွေလေ )
ငါ့ရဲ့ ဟောင်းနွမ်းနေတဲ့ လမ်းမတွေအပေါ် မင်းဖြတ်မမောင်းတော့တဲ့ အချိန်ထဲက မင်းဆီက တရားမဝင် အခွန်အခ အနမ်းတွေ ငါမရတော့ဘူးပေါ့ .. ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်သလို ငါ့ဆီမှာလဲ နှလုံးသား ပျက်တာပဲ ။
အမဲရိကရဲ့ ပထမဆုံး လူမည်းသမ္မတ က "Change" လို့ ကြွေးကြော်တော့ ငါက အပြောင်းအလဲကို မလိုချင် တဲ့ကောင် . . . ဒါပေမဲ့ . . ဘာမှ မရှိတာထက်စာရင် မင်းရဲ့ချည်သား ဗြောင်ထမိန်လေးပေါ်မှာ ကြယ်ပွင်လေး တွေ ကိုတော့ ရှိနေစေချင်လိုက်တာ . . . မင်းသာ ငါ့ဆီက ထွက်မပြေးခဲ့ရင် မင်းနှလုံးသား အရှေ့ဖျားမှာ ငါ ဟာ ကူဗလိုင်ခန့် ဖြစ်နေလောက်ပြီ .. မင်း အတွေးထဲက နောက်တယောက် ဆိုတဲ့ ကောင်ကို လျှပ်စစ် ကုလားထိုင်ပေါ်ကို ငါ ပို့လိုက်တယ် ( တာဝန်သိ အချစ်သား ပြည်သူတယောက် အနေနဲ့ပါ ) . . ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့အချစ်များစွာအတွက် ကာကွယ် စောင့်ရှောက်လိုက်ရတာပါကွာ . . .။
အလင်းဝတ်ရုံပေါ်မှာ . . . နှင်းဝတ်စုံချွတ်ချလိုက်ရတဲ့ . . ."ည" . .ငါ့မျက်လွှာကိုတောင် ငါမပင့်တင်နိုင်တော့တဲ့ . . . "ည " ... အမျိုးကောင်းသား ဝံပုလွေတွေ အုပ်စုလိုက်ကခုန်နေတဲ့  . . . "ည ". . မင်း . . နှုတ်ခမ်းဖျားတွေ .. ဆတ်ဆတ်တုန်နေတဲ့ . . ."ည ". . . ငါ့ မျက်နှာကို ပက်ပက် စက်စက် တံတွေးနဲ့ ထွေးခံလိုက် ရတဲ့ "ည" . . . လမင်းတောင် အပေါင်ဆိုင် ပြုတင်းမှာ မေးတင် ငေးနေရတဲ့ . . . "ည" . . အနောက်တိုင်းသား သိပ္ပံပညာရှင် တွေ က စက်ရုပ်ချစ်သူလေး ရိုစီကို တီထွင်လိုက်ပါပြီ လို့ ကြော်ငြာ ဝင်နေတဲ့ . . ."ည " . . မန်ချက်စတာ ဘော လုံးအသင်း ပင်နယ်တီ အသွင်းခံလိုက်ရတဲ့ "ည" . . .
ကောင်မကြီးရေ . . .
အဲ့ဒီလို ညပေါင်းများစွာကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာလိုက်ပြီးနောက်
မင်း ကို သတိရနေလိုက်ပုံများ . . ။
MPM
5 comments:
ကောင်မကြီးလဲ..ပင်နယ်တီအသွင်းခံရသေးလားလို့...
ဆက်ဖတ်တာ..ပါလဲမပါဘူး
“ခပ်ကြမ်းကြမ်းကြီး လွမ်းထားတဲ့ ဖီလင်”
အသားပါလိုက်တာဗျာ
ကြိုက်တယ်
ရွှေရတုမှတ်တမ်းရေးသွားတာလဲကြိုက်တာပဲ
ရေးလိုက်ရ မကောင်းရှိရော့မယ်။ စတည်းက ကောင်မကြီးတဲ့။ ဒီအက်ဆေးဖတ်ပြီး ... ကောင်မလေးတွေကို ဗုံပေါ်တင်.. တီးခတ်ရမလို ဖြစ်သွားတယ်။
hta mee ko hlan pee...ta seint seint kyi...loh pyaung so lite par byar...
ae dar po kaung mhar par
Post a Comment