Monday, January 18, 2010

သင်းကွဲ

အပျော် မရှာချင်တော့ဘူး
တကိုယ်တော် ငြိမ်ဆိတ်တဲ့ စိတ်နဲ့
တောရကျောင်းလေး  အရိပ်နား
တိတ်တိတ်လေး တိုးဝင်
ဝိဉာဉ် ကို ခြေဖျားထောက် ၊ လမ်းလျှောက်လာတဲ့
မြေကြီးလို ကျင့်ချင်သူ
အလေအလွင့် ကောင်းကင်ဟာ
တံတွေးခွက်များ အလည်ခေါင်မှ
ရှင်ပြန် ထမြောက်လာခဲ့တယ်  . . .။


MPM

4 comments:

ရွှေရတုမှတ်တမ်း said...

အပျော်မရှာချင်တဲ့ဆရာ..
ရွာမှာဘာတွေလုပ်နေလဲ

mgphonemyint said...

ရွာမှာ ကောက်စိုက်နေတယ်...း))

ဂျူနို said...

ဒီကဗျာကလည်း ရှော့ရှိတယ် ကိုဖုန်းမြင့် ။

မအယ်

YoungGun said...

စိပ်ပုတီးနဲ့ ရိပ်ကြီး ခိုတော့မယ်ပေါ့လေ ..ပေါ့လေ..ဝိဥာဉ်ကို ခြေဖျားထောက်တယ်.. ဆိုတာကတော့ လန်းတယ်ဗျ။ ဒါပေမယ့် ဝိဥာဉ်က ဖနောင့်သံစူးတာတော့ မဟုတ်လောက်ဘူး ထင်တယ်။