ခဏ ထားခဲ့လိုက်ပါ . . .
ခင်ဗျား ဦးခေါင်းထဲက
စုတ်တီး ၊ စုတ်ပဲ့ အတွေးတွေ . . .
"ကျမ သမီးလေး ဆယ်တန်းမှာ အော်လ်ဒီထွက်မှ ဖြစ်မယ် " ဆိုတာတွေ
ဒီပွဲကို ပြတ်အောင် ရိုက်လိုက်ရင်
အပေါ်ကားကို ၂၀၀ အလိုက်ပေးလဲမယ် ဆိုတာတွေ . . .
ချိတ်ထားလိုက်တဲ့ ဇယားလေး က
အကိတ်ကြီးပဲ ၊ လန်းတယ် ဆိုတာတွေ . . .
WTC အပိုင်းအစတွေ တောင်
အမှတ်တရ ပစ္စည်းဖြစ်တဲ့ခေတ်ထဲမှာ
ဘာမက်စရာရှိလဲ . . . .
ဘင်လာဒင်လဲ ဒုလ္လဘ တခုပဲ
ဂန္ဒီကြီးလဲ ဒုလ္လဘ တခုပဲ
ခင်ဗျားနဲ့ ကျနော် ရေခဲစိမ် ဘီယာ ကြိုက်ပြီး
အာသာပြေ ကဗျာရေးတယ် ဆိုတာလဲ ဒုလ္လဘ တခုပဲဟာ
ဘာမက်စရာရှိလဲ . . .
ခုဆို . . . ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ပါတယ်
ပရိုပိုဇယ် ကျလာတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတယောက်လို
ပလတ်စတစ် ဆန့်ကျင်ရေး သမားတဦးလို
NGO တခုက မန်နေဂျာ တယောက်လို
ရေလာတော့လဲ ပျော်ပါတယ်
မီးလာတော့လဲ ပျော်ပါတယ်
ကွန်နက်ရှင် ကောင်းတော့လဲ ပျော်ပါတယ်
ဘတ်စ်ကားတိုးစီးရင်းလဲ ပျော်ပါတယ်
ရတနာပုံ ချန်ပီယံ ဖြစ်တာလဲ ပျော်ပါတယ်
ဘာမက်စရာရှိလဲ . . .
အနိစ္စ ( အမြဲမရှိ ) ဆိုတဲ့တရားဟာ
ကျနော်တို့နဲ့ ယဉ်ပါးနေတဲ့ ငယ်မွေးခြံပေါက်ပဲဟာ . . .
ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ကြရပါတယ် . . . ။ ။
MPM
9 comments:
အခုလို မောင်ဖုန်းမြင့် တယောက် တရား ပေါက် နေ
တာ သိ ရ လို့လည်း ပျော်ပါတယ် .......
mie nge
ပျော်ရွှင်စွာ ဖတ်သွားပါကြောင်း ကိုဖုန်းမြင့်ခဗျာ။ :P
ပျော်တယ်ဟေ့ ပျော်တယ်ဟေ့...
ပျော်ပါတယ်ဟေ့ ပျော်တယ်ဟေ့...
ဂွက်ထော်တို့ ချက်ပေါ်တို့ နဲ့ ရွာမှာပျော်နေပြီပေါ့လေ
ညီလေးရေ ဒုလ္လဘ လို့ပေါင်းတယ်ထင်တယ်
အဟဲ
အကယ်ဒမီ ဆုကြီးလည်း မရလည်း ပျော်ပါတယ်
ဖတ်လိုက်ရတဲ့ အတွက်ကျေးဇူးနော်
ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ကြရပါတယ် :)
ပြင်လိုက်ပြီ ဘိုးဘိုး အကို...တိုင်းကျုး...း)
ကျန်တဲ့ ညီအကို မောင်နှမ များ အားလုံးကိုလဲ တိုင်းကျုး...း)
ယဉ်ပါးနေတဲ့ပျော်ရွှင်မှုတွေဗျနော် အကိုဖုန်းမြင့်။
တရားတွေ ပေါက်နေတာ ကောင်းသဗျာ...
းဝ)
Post a Comment