အနန္တ စကြ၀ဠာ နဲ့ချီပြီး မေတ္တာပို့ . .
ဂလက်ဇီ နဲ့ ခိုင်းနှိုင်း . . ဆဲ ရေး တိုင်း ထွာ (ဆယ်ရေးတရာ)
ဂလို ဘယ် လိုက်ဇေးရှင်း ယဉ်ကြီးမှ ပဲ့ ပဲ့ ကျ လာသော
ဖရီး ဒမ်း . . . ဖရီးဒမ်း. . . လို့ အမြီးယမ်းပြီးပဲ အော်ရတော့မလိုလို..
အချစ်ရေ . . .
သံသယ ဆိုတာ စတစ်ကာ ကပ်ထားတဲ့ မှန်မည်းကြီး လို
မင်း နဲ့ ငါကြားမှာ ခြားထားတဲ့ အရာပါ . . . . .
အဲ့ဒီလို မဆို လိုပါဘူးကွာ . . .
အခန်းလွတ် တခုရှိတယ် မြန်မြန် ခုန်ဝင်လိုက်
ခင်းထားတဲ့ စားပွဲမှာ ထိုင် .. မီနူးကတ်ကို ဖတ် ..
၃၁ ဘုံလုံးက အကောင်းဆုံး ဒုက္ခ ဟင်းလျှာနဲ့ မင်းကို တည်ခင်း ဧည့်ခံမယ် . . .
အချိုပွဲက မသေခင် စပ်ကြား ရလာတဲ့ သု . . . ခ . . . ချမ်း . . . သာ . . .။
MPM
19.Feb .2010
3 comments:
မှန်မည်းကြီးဆိုပေမယ့် အလင်းမရှိမှ မှောင်တာပါ...
းဝ)
ဖရီးဒမ်း...ဆိုပြီး..အမြီးမယမ်းပဲ... _ီးသရမ်းသွားမှဖြင့်...
ဟုတ်ပ၊ အမြီးယမ်းပြီး အော်နေရတာကိုက .. ဖရီးဒမ်း..မို့လားမ သိဘူး။ သုခနဲ့ ချမ်းသာက ကက်းကင်းမိနေလို့ကို အခုထိ ကိုယ့်ဆီမှာ လာမစိမ်းလန်းတာ။
Post a Comment