Monday, April 19, 2010

နွေထဲမှာ နီရိုးတွေ ပျော်လို့ ပါးလို့ ။

အနက်ရောင် အဓိက ခြယ်မှုန်းထားသော
အပိုင်းအပိုင်း အစအစ များ ဖွာလန်ကျဲ
အရည်ပျော် ကတ္တရာ လမ်းမကြီးထက်
မီးတောက် မီးလျှံများ လွင့်စဉ်ပျံကြဲ
ထိုအခါ
နီရိုးတို့ ပျော်ကြလေပြီ  . . .


ဝမ်းနည်းခြင်း မာတိကာ ပါမလာတဲ့
ဗလာ စာအုပ်လို
သင်ရိုးညွှန်းတန်းထဲ မပါတဲ့
စာရွက်လွတ်များစွာလို
နီရိုးတို့  ပျော်ကြလေပြီ  . .


အမုန်း  အာဃာတ အစွန်းဖျား၌ ရပ်လျှက်
လူသားခြင်း မေတ္တာတရားကို မေ့ထားလျှက်
ကိုယ်တိုင် မကျင့်သုံးနိုင်တဲ့
လူ့အခွင့်အရေး စာမျက်နှာများ အား
ကိုးကားလျှက်
နီရိုးတို့ ပျော်ကြလေသည် . . .


တစ်လုပ် ၊ တစ်ဆုပ် ၊ တစ်ရှိုက် ၊ တစ်ဖွာ
တစ်ဇွန်း ၊ တစ်ယောက်မ စာ
ပေးကမ်း ဝေမျှခြင်းကို မေ့၍
ဗြဟ္မစိုရ် တရားအား
အရောင် အမျိုးမျိုးဆိုး
ဖက်ရှင်ကျကျ ၀တ်ဆင်ပြီး
မာသာထရီဇာ အောက်မေ့ဖွယ် ပွဲတော်
ဆင်ယင်နွဲပျော် ပြီးပြီ ဖြစ်၍
နီရိုးတို့ ပျော်ကြလေပြီ . . .



မှောက်ထားသောလက်သည်
ဖြန့်ထားသော လက်ထက် ပိုမိုကောင်းသည်ကို
မေ့ဖျောက်ထားပြီးပြီ ဖြစ်၍ ၎င်း
အများဆိုင် နာမ်များအား
သင့်တော်ရာချောင်ထိုးပြီးပြီ ဖြစ်၍၎င်း
ပုဂ္ဂလိက ခံစားမှုများအား
အရောင်တင် ဆေးခြယ်ခြင်းဖြင့်
တင့်တယ်ခြင်း အား ဖြစ်စေသည်ဟု ခံယူပြီး၍ ၎င်း
၎င်း . . . သည်  . . . ၎င်း  ။  မှ တပါး အခြားမရှိပြီ ဖြစ်၍ ၎င်း ။
ထိုမှ . . ဤမှ . . .၎င်း ။   ၎င်း  . . .၎င်း . . ..၎င်း . . .
ထို့နောက်  . ..၎င်း  ။
၎င်းပေါင်းများစွာတို့ဖြင့်
နီရိုးတို့ ပျော်ကြလေသည် ။



MPM
17.04.2010

7 comments:

Anonymous said...

ko nero,
blank dvd/cd ma shi loh image recorder lote thwar tae byoe!!!

-th

mgphonemyint said...

hemm...!! .. ;) what for ..?

Anonymous said...

just kidding labyar :p
what for lar ma lote nae.
for kaung ma hote woo...
phone kaung :p

mgphonemyint said...

shint thabaw ..... shint thabaw ;)

YoungGun said...

နီရိုးတို့ ပျော်သလို.. ကိုယ်တွေလည်း ပျော်နိုင်တော့မှာပါ..

mgphonemyint said...

ကိုယ်တွေမှာ ပျော်စရာတခုပဲ ရှိတယ်လေ ယောင်ဂန်းရယ်...း)

Nge Naing said...

(((အမုန်း အာဃာတ အစွန်းဖျား၌ ရပ်လျှက်
လူသားခြင်း မေတ္တာတရားကို မေ့ထားလျှက်
ကိုယ်တိုင် မကျင့်သုံးနိုင်တဲ့
လူ့အခွင့်အရေး စာမျက်နှာများ အား
ကိုးကားလျှက်
နီရိုးတို့ ပျော်ကြလေသည် . . .))))

ဘာကို ဆိုလိုတယ်ဆိုတာ အတိအကျ မသိပေမဲ့ ကျွန်မတော့ မပျော်ဘူး။