Friday, September 17, 2010

ဘာ ! ! ! .. ဘယ်လို ! ! !.. ဘာ ! ! !




  ဘာ ! ! ! ..  ဘယ်လို ! ! !..  ဘာ ! ! !



ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းကို ငါ့ကို ခဏခဏ မမေးနဲ့ ။

ကိုယ်ကကျုး ကိုယ့်ဒူးတောင် မယုံရဘူးဆိုတော့လည်း ဂွဒ်မယ် ထင်ရင် ဒူးသာဒူးပေါ့

ငါက . ..  ဗာရာဏသီပြည်က ဘာသီးကြီးခွဲထွက်လာတဲ့  ဘာဆရာကြီးမှ မဟုတ်ဘူးလေ ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဆိုတဲ့ မန္တာန်ကို နေ့စဉ်အကြိမ်သန်းပေါင်းများစွာ ရေရွတ်နေသူပါ ။ ဘာမထီတစ်ကောင်ဘွား "ကျား" ဆိုမှ "ကျား"  ဆိုတဲ့ အထဲကပဲ ။ ကျေးဇူးပြုပြီး ဘာ "ကျား"  လဲလို့ တော့ မမေးပါနဲ့ ။ ဘယ်သူ ။ ဘယ်ဝါ တွေက ဘယ်လိုစလိုက်လို့ရမယ်မသိ ။ ဘာမှ မသိရင်ပဲ ဘာမသိ ညာမသိ ဆရာကြီးဖြစ်သတဲ့ ။ ဘာကောင်ကြီးပဲ ညာကောင် ကြီးပဲလို့ ကြိမ်းဝါးနေရတာလဲ မောလှပါပြီ။

ငါလား . . . စီအန်န်အန်န်က ဘာလာလာ နေ့တိုင်းကြည့်တယ် ။ ဒဗလျု ဒဗလျု ဒဗလျု ဒေါ့ ဘာဘာ ညာညာ ဒေါ့ကွန်းမှာလဲ ဘာမှ မဟုတ်တာတွေရေးတယ် ။ ဘယ်အရပ်ဒေသကမှန်း မသိတဲ့လူတွေနဲ့ လဲ ဆိုရှယ်နက်ဝေါ့ကင်းမှာ ဝင်ဆံ့အောင်ပေါင်းသင်းနိုင်တယ် ။ ဘာဒေးကား ညာဒေးကား ဘာထရန်ရပ်ဆယ်လ် စသဟာတွေကိုလဲ  ထုံးလေခြေ ရေလိုနှောက် ဘလော့စပေါ့မှာ မှီငြမ်းဖော်ပြ နိုင်သူပါ ။ဂလိုဘယ်နဲ့ တိုတယ်လ် ဖွတ်ဘော ကိုလဲ နောဧကနောနေတာပဲ ။ ဘာဝန်းကျင် ထိမ်းသိမ်းရေး သမား ။ ဘယ်လို နိုင်ငံရေး အကဲဖြတ် ။ ဘယ်လို အနုပညာအားကောင်းသူ  ။ ဘာမှန်းညာမှန်းမသိတဲ့ အင်တာနက်ဆိုတာကို တကယ့်ဘဝထက် ယုံကြည်စွဲလန်းနေတဲ့သူ ဆိုတော့ကာ . . . . .။

 

ဘယ်သူတွေ  ဘာလာမေးမေး  "ဘာဘာ" ဘာမှ မသိဘူးလို့ပြော

ဘာရယ် ညာရယ် မဟုတ်ဘူး ဗယ်ရယ်ညာရယ်ပေါ့ . . . .

ဘာလုပ်ရမလဲ ဆိုတာ ငါ့ကို ထပ်ထပ် မေးမနေနဲ့ . . . .

 

ဘာ ! ! ! ..  ဘယ်လို ! ! !..  ဘာ ! ! ? ? ?


MPM

2 comments:

ရွှေရတုမှတ်တမ်း said...

ဘွတ်!!!....ဘူဘူ!!!....ဘွတ်!!!

(မှတ်ချက်။ ။ ကဗျာဖတ်ပြီး အလန့်တကြားဖြစ်သွားသော အသံ )

Younggun said...

ဘာမှန်း မသိအောင်ကို ကြိုက်သွားတယ် ..တကယ်. ဘာမှ သိစရာလိုအောင် ဘာမှန်းမသိခဲ့တဲ့ စကားလုံးတွေ မြူးတူးခုန်ပေါက်သွားတယ်